မိန်းကလေးတွေ မသိအောင် ယောကျာ်းလေးတွေ တိတ်တခိုး အကဲခတ်လေ့ရှိတဲ့ အချက်များ

shutterstock/ Lucky Business
Sponsored

ယောကျာ်းလေးတွေဟာ မိန်းကလေးတစ်ယောက်ကို သတိထားကြည့်တတ်တဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေနဲ့ တစ်ခြားသော လုံးဝထင်မထားတဲ့ အချက်တွေ ရှိလို့နေပါတယ်။ သူတို့တွေဟာ ဒီလိုအချက်တွေကိုလိုက်ပြီး မိန်းကလေးတစ်ယောက် ဆွဲဆောင်မှုရှိတယ်၊ မရှိဘူးလို့ သတ်မှတ်တတ်ကြပါတယ်တဲ့နော်။ ကဲ မိန်းကလေးတစ်ယောက်ရဲ့ ဘယ်လိုအချက်တွေက ယောကျာ်းလေးတစ်ယောက်ရဲ့ အမြင်မှာ ပိုဆွဲဆောင်မှုပိုစေတာလဲဆိုတာ ဖတ်ကြည့်လိုက်နော်။

နှုတ်ခမ်း

shutterstock/L Julia

ယောကျာ်းလေးတွေဟာ မိန်းကလေးတစ်ယောက်ကို ပထမဆုံး သတိထားကြည့်တတ်တာက နှုတ်ခမ်းတွေပါတဲ့နော်။ နှုတ်ခမ်းဟာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေအားလုံးထဲမှာ sexy အကျဆုံးလို့ သတ်မှတ်ထားကြပြီးတော့ ဒါဟာ ယောကျာ်းလေးတစ်ယောက်ရဲ့ စိတ်ကိုဆွဲဆောင်နိုင်စေပါတယ်တဲ့။ ဒါကြောင့် ယောကျာ်းလေးတွေဟာ မိန်းကလေးတစ်ယောက်ရဲ့ နှုတ်ခမ်းကို ကြည့်ပြီး ဆွဲဆောင်မှုရှိမရှိကို သတ်မှတ်တတ်ကြပါတယ်။

ခန္ဓာကိုယ်အချိုးအစား

Sponsored

ယောကျာ်းလေးတွေ သတိထားကြည့်တတ်တဲ့ နောက်တစ်ချက်က ခန္ဓာကိုယ်အစိတ်အပိုင်းပဲ ဖြစ်ပါတယ်။ ယောကျာ်းလေးအများစုဟာ ခါးသေးပြီး တင်ကြီးတဲ့ အမျိုးသမီးတွေကို ပိုဆွဲဆောင်မှုရှိတယ်လို့ မြင်တတ်ကြပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်အချိုးအစားက 7:10 လို့သတ်မှတ်တတ်ကြပါတယ်။

READ
လမ်းခွဲခံရတဲ့အခါ ပျော်ရွှင်လိုက်သင့်တဲ့ အကြောင်းအချက် (၅) ချက်

အသံ

shutterstock/stockfour

ယောကျာ်းလေးတွေဟာ ထူးခြားစွာနဲ့ပဲ အသံမြင့်တဲ့ မိန်းကလေးတွေကို သဘောကျတတ်ကြပါတယ်တဲ့။ စကားသံခပ်မြင့်မြင့် ပြောတတ်တဲ့ မိန်းကလေးတွေဟာ မိန်းမဆန်ခြင်းကို ပိုထင်ပေါ်စေပြီး ယောကျာ်းလေးတစ်ယောက်ကို ဆွဲဆောင်နိုင်စွမ်း ပိုရှိပါတယ်။

မျက်လုံး

စိတ်တံခါးပေါက်ဖြစ်တဲ့ မျက်လုံးတွေကိုလည်း ချန်ထားရစ်ခဲ့လို့ မရပါဘူး။ ယောကျာ်းလေးတွေဟာ မိန်းကလေးတစ်ယောက်ရဲ့ ရိုးသားပြီး ဆွဲဆောင်လွန်းတဲ့ မျက်လုံးတွေအောက်မှာ အကြိမ်ကြိမ်ပြိုလဲကြရတာပါ။

အပြုံး

shutterstock/Maria Svetlychnaja

ယောကျာ်းလေးတိုင်းက မိန်းကလေးတစ်ယောက်ရဲ့ အပြုံးကို နှစ်သက်တတ်ကြပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့ အပြုံးဟာ ချည်းကပ်လွယ်ပြီး ခင်မင်ချင်စရာကောင်းတယ်ဆိုတာကို ဖော်ပြနေပါတယ်။ ဒါက ယောကျာ်းလေးတစ်ယောက်ရဲ့ အမြင်ကို ဆွဲဆောင်ဖို့ အကောင်းဆုံးလက်နက်လည်း ဖြစ်ပါတယ်နော်။

ရှည်လျားတောက်ပတဲ့ ဆံပင်တွေ

လေ့လာချက်တွေအရ ယောကျာ်းလေးတွေဟာ မိန်းကလေးတစ်ယောက်ရဲ့ ရှည်လျားသန်စွမ်းတဲ့ ဆံပင်တွေကို သဘောကျတတ်ကြပါတယ်။ ဒါဟာ သူတို့ရဲ့ မျက်လုံးထဲမှာ အရမ်းကို ဆွဲဆောင်မှုရှိပြီးတော့ ဆံပင်တိုတို မိန်းကလေးတွေကိုတော့ သိပ်သဘောမတွေ့တတ်ကြပါဘူး။

READ
ချစ်သူအမြင်မှာ ပိုပြီးဆွဲဆောင်မှုရှိလာတဲ့ မိန်းကလေးဖြစ်နေစေဖို့ သိထားရမယ့် အချက် ၃ ချက်

မိတ်ကပ်မပါတဲ့ မျက်နှာ

မှန်ကန်တဲ့ အမှန်တရားတစ်ခုက ယောကျာ်းလေးတွေဟာ မိန်းကလေးတစ်ယောက်ရဲ့ သဘာဝအလှကိုသာ ပိုသဘောကျတတ်ကြပြီး မိတ်ကပ်မလိမ်းထားတဲ့ မိန်းကလေးတစ်ယောက်ဟာ ပိုဆွဲဆောင်မှုပိုတယ်လို့ မြင်တတ်ကြပါတယ်။

Khin

 

sponsored