ဘာမှမလုပ်လည်း တစ်ချိန်လုံး ပင်ပန်းနွမ်းနယ်နေသလို ခံစားရတဲ့ အကြောင်းရင်း (၅) ချက်

Sponsored

အမြဲတမ်းလိုလို ပင်ပန်းနွမ်းနယ်ပြီး ဘာမှမလုပ်ပဲလည်း နုံးချိနေသလို ခံစားနေရရင်တော့ ဂရုစိုက်သင့်ပါတယ်။ ဘာမှမလုပ်ပဲ အလိုလို ပင်ပန်းနွမ်းနယ်နေရတဲ့ အကြောင်းရင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီအရာလေးတွေကို ဂရုစိုက်လိုက်ရင် အဆင်ပြေသွားမှာပါ။

(၁) လေ့ကျင့်ခန်းမလုပ်ခြင်း

Shutterstock

အရမ်းပင်ပန်းတဲ့နေ့တွေမှာ လေ့ကျင့်ခန်းမလုပ်ဖြစ်တာ၊ နားလိုက်တာမျိုးတွေ လုပ်ဖူးပါသလား။ လေ့ကျင့်ခန်းမလုပ်ပဲ နားလိုက်တဲ့အခါမှာ ခန္ဓာကိုယ်က အနားမရတဲ့အပြင် ပိုလို့တောင် ပင်ပန်းသွားပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းကို ဘယ်လိုအကြောင်းနဲ့မှ မနားပဲ ပုံမှန်အတိုင်းလေး ဆက်လုပ်ပေးပါ။

(၂) ရေမသောက်ခြင်း

Sponsored

ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ခမ်းခြောက်သွားတဲ့အခါ နှလုံးရဲ့လုပ်ဆောင်ချက်ကကျဆင်းသွားတဲ့အတွက် ကြွက်သားနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အောက်စီဂျင်ရောက်နှုန်း ကျဆင်းသွားပါတယ်။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး ရေ ၈ဖန်ခွက်တော့ သောက်သုံးပေးရပါမယ်။

(၃) သံဓာတ်အားနည်းခြင်း

သင့်ခန္ဓာကိုယ်ထဲမှာ သံဓာတ်အားနည်းနေရင်လည်း ပင်ပန်းနွမ်းနယ်ပြီး နုံးချိနေတတ်ပါတယ်။ အကြောင်းကတော့ ကြွက်သားနဲ့ ဆဲလတွေကို အောက်စီဂျင် ကောင်းကောင်းမရောက်နိုင်လို့ပါ။ ဒါကြောင့် ပင်ပန်းနေရတာဖြစ်ပါတယ်။ ဒါကြောင့် ကြက်ဥ၊ အမဲသား၊ ပဲကတ္တီပါနဲ့ အစိမ်းရောင်အသီးအရွက်တွေကို စားသုံးပေးပါ။ ဗီတာမင်စီပါဝင်တဲ့ အစားအစာတွေကိုလည်း ပုံမှန်စားသုံးပေးသင့်ပါတယ်။

READ
အကြောသေတဲ့အထိ ဖြစ်သွားစေနိုင်တာကြောင့် မပေါ့ဆသင့်တဲ့ သွေးခဲခြင်းလက္ခဏာ(၆)မျိုး

(၄) သွားရည်စာတွေစားလွန်းခြင်း

Pixabay

သွားရည်စာတွေမှာ သကြားနဲ့အဆီပါဝင်မှု အရမ်းမြင့်ပါတယ်။ ဒါကြောင့် သွားရည်စာကို အစားများတဲ့သူတွေမှာ သွေးထဲက သကြားဓာတ် အတက်အကျအရမ်းများပါတယ်။ ဒီလို တက်လိုက်ကျလိုက်ဖြစ်ခြင်းကြောင့် မောပန်းနွမ်းနယ်သလို ခံစားနေရတာပါ။ ဒါကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို ရွေးချယ်စားသုံးပေးခြင်းဖြင့် သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်ပါတယ်။

(၅) အိပ်ရေးမဝခြင်း

အိပ်ရေးမဝတဲ့အခါ ခန္ဓာကိုယ်ထဲက ဟော်မုန်းတွေကစဥ့်ကလျားဖြစ်သွားပြီး ခေါင်းမကြည်တာ၊ မူးနောက်တာ၊ စိတ်မကြည်မလင်ဖြစ်ကာ ခန္ဓာကိုယ်တစ်ခုလုံးပင်ပန်းနွမ်းနယ်နေမှာပါ။ ဒါကြောင့် တစ်ရက်ကို အနည်းဆုံး ၈ နာရီပုံမှန်အိပ်စက်ပေးရမှာဖြစ်ပါတယ်။

Em Em

sponsored