A Tempo ပွဲအပြီးမှာ လုပ်ဖော်ကိုင်ဖက်အားလုံးကို တန်ဖိုးကြီး လက်ဆောင်တွေပေးခဲ့တဲ့ Suzy

IG/skuukzky
Sponsored

Suzy ကတော့ အနုပညာလောကထဲကို ပွဲဦးထွက်ခဲ့တာ ၁၀ နှစ်တောင် ကြာခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ၁၀ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ Suzy: A Tempo ဆိုတဲ့ ဖျော်ဖြေပွဲကို ပြုလုပ်ခဲ့ပါတယ်။ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ဒီပွဲကို အွန်လိုင်းကနေ ကျင်းပ ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

 

Sponsored

ဒီနေ့မှာတော့ Suzy က သူနဲ့အတူ ဖျော်ဖြေပွဲ ပြုလုပ်ခဲ့တဲ့ ဝန်ထမ်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ အားလုံးအတွက် ကျေးဇူးတင်တဲ့အနေနဲ့ လက်ဆောင်လေးတွေ ပြင်ဆင်ထားခဲ့ပါတယ်။ သူမရဲ့ တန်ဖိုးထားမှုကိုလည်း ပြသတဲ့ သဘောလည်း ဖြစ်ပါတယ်။

READ
တစ်နှစ်ကို တစ်ကြိမ်လောက် ခရီးသွားပေးရင် ဒီလို အကျိုးကျေးဇူးတွေ ခံစားရမှာပါ ...

 

လက်ဆောင်တွေကတော့ တကယ့်ကို နာမည်ကြီး Brand တွေ ဖြစ်ပြီး တန်ဖိုးကြီးတွေချည်းပါပဲ။ သူမ ကိုယ်တိုင် Model လုပ်ပေးခဲ့ဖူးတဲ့ Brand တစ်ခုတောင် ဒီထဲ ပါဝင်နေပါသေးတယ်။

Suzy ဆီကနေ လက်ဆောင် ရခဲ့ကြတဲ့ သူတွေကတော့ သူတို့ရဲ့ ပျော်ရွှင်မှုတွေကို သူတို့ရဲ့ IG မှာ ဓာတ်ပုံတွေကို ပြန်မျှဝေရင်း ဖော်ပြထားခဲ့ပါတယ်။

 

တကယ်တော့ Suzy လက်ဆောင်တွေ ပေးရုံနဲ့ အားလုံးကို ပျော်စေခဲ့တာတော့ မဟုတ်ပါဘူး။ ပရိသတ်တွေအပြင် အားလုံး အံ့သြခဲ့ရတဲ့ အရာက လက်ဆောင်တွေက တစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့ လက်ဆောင်တွေ ဖြစ်နေတာပါပဲ။ တစ်ယောက်ချင်းစီရဲ့ စတိုင်တွေကို လိုက်ပြီး လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

READ
အုန်းသီးကိုအသုံးပြုပြီး အမြန်ဆုံးဝိတ်ကျအောင်ကြိုးစားကြမယ်...

ဒီလိုမျိုး Suzy ရဲ့ အသေးစိတ်ကျကျ ဂရုစိုက်တတ်တဲ့ ပုံစံက တကယ်ပဲ ချစ်ဖို့ ကောင်းလွန်းပါတယ်နော်။

Kham

sponsored