သားအိမ်ခေါင်းကင်ဆာရဲ့ ရှေ့ပြေးရောဂါလက္ခဏာများအကြောင်း

Freepik-brgfx
Sponsored

အမျိုးသမီးတိုင်း အသက်အရွယ်မရွေး၊ အိမ်ထောင်ရှင်ပဲဖြစ်ဖြစ် အိမ်ထောင်မရှိသူမှာပဲဖြစ်ဖြစ် သားအိမ်ခေါင်းကင်ဆာဟာ ဖြစ်နိုင်ခြေရှိနေပါတယ်။ ဒါဆိုရင် သားအိမ်ခေါင်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာတွေကို ကြည့်လိုက်ရအောင်။

Freepik-brgfx

ပထမဆုံး အဖြစ်များကြတဲ့ လက္ခဏာတွေကို အရင်ဆုံးဖော်ပြပေးပါမယ်။

  • ခန္ဓာကိုယ်ဖောယောင်ခြင်း
  • ဆီးစပ်ကိုက်ခဲခြင်း
  • အစားနည်းနည်းလေးစားတာတောင် ဗိုက်ပြည့်နေမယ်၊ အစားမစားနိုင်ဖြစ်မယ်
  • ဆီးမထိန်းနိုင်ဖြစ်မယ် ဒါမှမဟုတ် ဆီးခဏခဏသွားချင်နေမယ်
Sponsored

ဒါတွေကတော့ သားအိမ်ခေါင်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာတွေပဲဖြစ်ပါတယ်။

Freepik-spukkato

ဒါပေမဲ့ ဒီလိုတွေခံစားရတိုင်းလည်း သားအိမ်ခေါင်းကင်ဆာကို ခံစားနေရတာမဟုတ်ပြန်ပါဘူး။ ဒါပေမဲ့လို့ သင်ဟာ အပေါ်က လက္ခဏာတွေကို တစ်လမှာ ၁၂ ကြိမ်လောက် ဖြစ်နေခဲ့မယ်ဆိုရင်တော့ ဆရာဝန်နဲ့ သွားပြသင့်နေပါပြီ။

Freepikuser6833411

ဒုတိယအနေနဲ့ကတော့ သားအိမ်ခေါင်းကင်ဆာဖြစ်ရင် ခံစားရမယ့် ဝေဒနာတွေပါပဲ။ အဲဒါကတော့..

  • အမြဲတမ်းပင်ပမ်းနွမ်းနယ်နေမယ်
  • ဗိုက်မကောင်းဘူး
  • ကျောဖက်နဲ့ ခါးနာနေမယ်
  • လိင်ဆက်ဆံစဉ် နာကျင်မယ်
  • ဝမ်းချုပ်မယ်
  • ဓမ္မတာမမှန်ဘူး (သွေးဆင်းတာ များတာ၊ သွေးလုံးဝနီးပါးမဆင်းတာမျိုးတွေ)
  • ဝိတ်ကျသွားပေမယ့် ဗိုက်ပူနေမယ်
READ
ပေါင် ၉၀ ကျော် ဝိတ်ချခဲ့တဲ့ အမျိုးသမီးဆီက အတုယူဖွယ် နေထိုင်မှုပုံစံ (၃) ခု

ဒီအကြောင်းအရာတွေကိုတော့ ကမ္ဘာ့ကင်ဆာအဖွဲ့အစည်းရဲ့ ဆောင်းပါးမှ မှီငြမ်းဖော်ပြပေးလိုက်တာပဲဖြစ်ပါတယ်။

penny

sponsored