tvN ကားသစ်မှာ ပါဝင်သွားနိုင်ချေရှိတဲ့ ဆောင်ဂျွန်ကီ နဲ့ Taecyeon

Image:IG/historydnc/Taecyeon
Sponsored

2PM ရဲ့ အဆိုတော် Taecyeon က တော့ tvN  ရဲ့ ဒရမ်မာ စီးရီးသစ် ‘Vincenzo’! မှာ ပါဝင် သွားဖို့ ဆွေးနွေးနေ ကြောင်း ဇူလိုင် (၃၀) ရက်နေ့က မီဒီယာ တစ်ခုမှာ ဖော်ပြခဲ့ပါတယ်။ Taecyeon ကို ဒီကားမှာ ဒုတိယ မင်းသားနေရာက နေ ပါဝင် ဖို့ ဆွေးနွေးနေတာပါ။ သူ့ရဲ့ ဇာတ် ကောင် က တော့ ထင်ရှားကျော်ကြားတဲ့ စီးပွားရေး သမား ကြီး ဆေးဝါး ကော်ပိုရေးရှင်း တစ်ခုရဲ့ ဥက္ကဌ Jang Jun Woo ဆိုတဲ့ ဇာတ်ကောင် နေရာ က နေ ပါဝင် မှာပါ။ Jang Jun Woo က တော့ တောင်ကိုရီးယားကို မူးယစ်အင်ပါယာကြီး အဖြစ် ဖန်တီးချင် နေတဲ့ လူဆိုး တစ်ယောက် ပါ။ ဒီအ  ကြောင်းကို kstarlive မှာ ဖော်ပြထားတာပါ။

Sponsored

tvN ရဲ့  ‘Vincenzo’  ဆိုတဲ့ ဇာတ်ကား အကျဉ်းက တော့  ကိုရီးယား-အီတလီ ရှေ့ နေ တစ်ယောက်က ကိုရီးယားကို ပြောင်းရွှေ့ လာခဲ့ပါတယ်။ မာဖီးယား တွေနဲ့ သဘော တူညီမှု က အဆိုးနဲ့ အ ဆုံးသတ် သွားခဲ့တာ ကြောင့် ကိုရီးယားကို ထွက်ပြေး လွတ် မြောက်လာရင်းနဲ့ အပြစ်ကင်းစင်တဲ့ အမျိုးသမီး ရှေ့ နေ တစ်ယောက်ကို ချစ်မိသွားပြီး လူကောင်းတစ်ယောက် ဖြစ် အောင် ကြိုးစားတဲ့ အ ကြောင်းလေးပါ။

မင်းသားဆောင်ဂျွန်ကီ က တော့ အဓိက မင်းသားနေရာ ကနေ ပါဝင် ဖို့ ဆွေးနွေးေ နပြီး Jeon Yeo Bin ကိုလည်း အမျိုးသမီး ဇာတ် လိုက် နေရာက  ပါဝင် ပေးဖို့ ပြော နေတုန်းပါ။ Vincenzo’ ကို တော့ (၂၀၂၁) အစောပိုင်းလောက်မှာ ပြသ ဖို့ ရည်ရွယ်ထားပါတယ်။

 

View this post on Instagram

 

어버이날 선물은 접니다 #늦은어버이날선물 #카네이션 #왜난안상큼하지 made by @dobby_er

A post shared by Taec (@taecyeonokay) on

#AUNTYMAY

sponsored