ချစ်သူသစ်နဲ့ စုံတွဲ ပုံလေးတွေကို IG မှာ ဆက်တိုက် တင်လိုက်တဲ့ Taew Natapohn

ImageIG/Pranai & Taew
Sponsored

Taew Natapohn က  တော့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး မင်းသမီး ပါ။အသက်ကတော့ (၃၁)နှစ်ပါ။Thai TV3 နဲ့ အတူတူ လက်တွဲ ပြီး ဒရမ်မာဇာတ်ကားတွေ အများကြီး ရိုက်ကူးခဲ့သူပါ။သူမက တော့ လက်ရှိမှာ Hi-So Pranai နဲ့ တွဲေ နပါတယ်။ချစ်သူ အသစ်နဲ့ စုံ တွဲ ပုံ တွေကို တော့ Instagram မှာ ဆက်တိုက် တင်ခဲ့ပါတယ်။ဒီအ ကြောင်း ကိုတော့ Thai Update မှာ တင်ခဲ့တာပါ။

 

View this post on Instagram

 

In case I forget to tell you later, I had a really good time tonight

A post shared by Natapohn T. (@taewaew_natapohn) on

ImageIG/Pranai
Sponsored

Hi-So Pranai က တော့ Hi-So Pok ရဲ့ ညီပါ။အစ်ကို ဖြစ်သူကလည်း မင်းသမီး Aum Patchrapa နဲ့ တွဲ နေတဲ့ သူပါ။ Hi-So Pranai နဲ့ Taew Natapohn တို့ ကတော့ ပြီးခဲ့တဲ့ ရက်တုန်း ကလည်း ဖူးခက် ကို အတူ သွားခဲ့ ပါတယ်။Taew ရဲ့ တခြား ဆယ်လီ သူငယ်ချင်းအချောအလှ တွေ ဖြစ်တဲ့  Matt Peranee, Mew Nittha, Mint Chalida,  Toey Jarinporn တို့လည်း ဒီခရီးကို အတူ လိုက်ပါ ခဲ့ပါတယ်။ ဖူးခက် မှာ နှစ်ယောက် အတူ ပျော်နေတဲ့ ပုံတွေကိုတော့ Taew က သူမရဲ့ IG မှာ တင်ခဲ့ပါတယ်။ဒီ ပုံ က တော့ သူမ ရဲ့ IG မှာ ပထမဆုံး တင်ခဲ့တဲ့ စုံတွဲပုံပါ။Taew ရဲ့ ချစ်သူ ကလည်း IG မှာ နှစ်ယောက်တွဲ ပုံတွေကို တင်ခဲ့ပါတယ်။

 

View this post on Instagram

 

Cliffside stroll ☀️🌊 @elitehavens @villaamanzi @dusit_hotels

A post shared by Pranai Phornprapha (@pranaip) on

 

View this post on Instagram

 

A post shared by Natapohn T. (@taewaew_natapohn) on

ခရီးက ပြန်လာပြီးနောက်မှာတော့ နှစ်ယောက် ကြား နားလည်မှုတွေ အချစ်တွေ ပိုင်ခိုင်မြဲ လာပုံ ရပါတယ်။ စက်တင်ဘာ (၁၂) ရက်နေ့ မှာတော့ Taew က သူမရဲ့ IG မှာ နောက်ထပ် စုံတွဲ ပုံ တွေ တင်ခဲ့ပါတယ်။ချစ်သူနဲ့ အတူတူ ရိုမန် တစ် ဆန် ဆန် ညစာ စားနေတဲ့ ပုံ ပါ။သူတို့ရဲ့ ပုံတွေကိုတော့ IG Story မှာ လည်း တင်ခဲ့ပါတယ်။

 

View this post on Instagram

 

When will I see you again @pranaip

A post shared by Natapohn T. (@taewaew_natapohn) on

 

View this post on Instagram

 

A post shared by Natapohn T. (@taewaew_natapohn) on

Ton Arch နဲ့ (၁၄)နှစ် အချစ်ရေး ပြတ်စဲ ပြီးနောက်မှာလက်ရှိ တွဲ နေတဲ့ Hi-So ကို Taew Natapohn က ရွေး ချယ် လိုက်တာပါ။သူမနဲ့ Ton တို့ က တော့ အထက်တန်းကျောင်းတည်းက သိခဲ့တာပါ။ Ton Arch  က သူမ သူငယ်ချင်း ရဲ့ အစ်ကိုပါ။သူတို့ နှစ်ယောက် က တော့ (၂၀၂၀) ဧပြီ တုန်းက လမ်းခွဲ ခဲ့တာပါ။လမ်းခွဲ ပြီး နောက်ပိုင်းမှာလည်း Ton Arch ဘက်က တော့ စုံတွဲ ပုံတွေကို IG မှာ မဖျက် သေးပဲ အခုထိ ထား ထား နေ တုန်းပါ။

 

View this post on Instagram

 

📷: @pranaip

A post shared by Natapohn T. (@taewaew_natapohn) on

#AUNTYMAY

sponsored