Selfies ရိုက်ခြင်းကြောင့် ရရှိနိုင်မယ့် စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးကောင်းများ

shutterstock/ baranq
Sponsored

ဘယ်နေရာရောက်ရောက်၊ ဘယ်အချိန်ဖြစ်ဖြစ် selfies ဓာတ်ပုံရိုက်တတ်တဲ့ သူတွေရှိလား။ ကိုယ်ပိုင်ဖုန်းကိုယ်စီ ကိုင်နေကြတဲ့ ခုလိုခေတ်မှာ selfies လေးတွေကတော့ ရိုက်တတ်လေ့ ရှိကြတာပါပဲ။ ဒီလိုမျိုး selfies ရိုက်ခြင်းက တကယ်တမ်းမှာတော့ အကျိုးကျေးဇူးလေးတွေ ရှိလို့နေပါတယ်။ ကဲ selfies ဓာတ်ပုံရိုက်ခြင်း နောက်ကွယ်မှာ ဘယ်လို အကျိုးကျေးဇူးလေးတွေ ရှိနေလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

ယုံကြည်မှုကို တိုးစေတယ်

shutterstock/ Dean Drobot

Selfies ရိုက်ခြင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိလာစေပါတယ်တဲ့နော်။ ကိုယ်တိုင်ရိုက်ထားတဲ့ ကိုယ့်ရဲ့ ပုံလေးက ကိုယ့်ကိုယ်ကို လက်ခံတတ်လာစေပြီး ယုံကြည်မှုလည်း ပိုတိုးလာစေတာပါပဲ။ မယုံရင် ကိုယ်တိုင် စမ်းရိုက်ကြည့်လိုက်တော့နော်။

စိတ်ခံစားမှုကို ကောင်းမွန်စေတယ်

shutterstock/ tsyhun
Sponsored

Selfies ဓာတ်ပုံရိုက်ကူးနေတဲ့ အချိန်မှာ လူတွေရဲ့ စိတ်ခံစားမှုကို ကောင်းမွန်နေစေပါတယ်။ လူတွေက တစ်ယောက်တည်း ပျင်းနေတဲ့ အချိန်မှာ selfies ဓာတ်ပုံရိုက်ရင်း ကိုယ့်ရဲ့ စိတ်ခံစားမှုကို ပျော်ရွှင်အောင် ဖန်တီးကြပါတယ်။ နောက်ပြီး ဓာတ်ပုံရိုက်နေတဲ့ အချိန်မှာ ပြုံးရယ်မိကြတဲ့အတွက် စိတ်ခံစားမှုကို ကောင်းမွန်လာစေတာ ဖြစ်ပါတယ်။

READ
မိန်းကလေးတွေက အသက်အရွယ်တူပါလျက်နဲ့ ဘာကြောင့် ရင်သား Size မတူကြတာလဲ?

အာရုံစိုက်မှုကို ရရှိစေတယ်

shutterstock/ oneinchpunch

တစ်ချို့လူတွေက လူတွေရဲ့ အာရုံစိုက်မှုကို လိုချင်တတ်ကြပါတယ်။ ဒီလိုအချိန်မှာ selfies ရိုက်ပြီး အွန်လိုင်းပေါ် တင်တတ်ကြပါတယ်နော်။ ဒီတော့ သူများတွေရဲ့ အာရုံစိုက်မှုတွေကို ရလာတဲ့အခါမှာ ပျော်ရွှင်တတ်ကြပါတယ်။ ဒီအချက်ကလည်း စိတ်ကျန်းမာရေးအတွက် ကောင်းစေတဲ့ အချက်တစ်ချက်ပါပဲ။

အထီးကျန်တယ်လို့ မခံစားရတတ်ဘူး

shutterstock/Krakenimages.com

လူတွေဟာ တစ်ယောက်တည်း ပျင်းနေတဲ့ အချိန်တွေမှာ အလွယ်တကူပဲ အထီးကျန်ခြင်းကို ခံစားရတတ်ပါတယ်။ ဒါပေမယ့် selfies ဓာတ်ပုံရိုက်နေတဲ့ အချိန်မှာတော့ တစ်ယောက်တည်း အထီးကျန်နေတဲ့ ခံစားချက်ကို မေ့လျော့နေတတ်ပြီး ဓာတ်ပုံလှလှလေး ရဖို့ကို အာရုံစိုက်မိနေတတ်ကြပါတယ်။ ဒါက အလွယ်တကူ အထီးကျန်ခြင်းကို မခံစားရတဲ့အတွက် စိတ်ကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။

Khin

sponsored