မိဘတွေအနေနဲ့ သားသား၊ မီးမီးတွေကို အချိန်ပေးပြီး စကားပြောဖို့ လိုအပ်တာ ဒါတွေကြောင့်ပါ

shutterstock/Monkey Business Images
Sponsored

တစ်ချို့ မိသားစုတွေရဲ့ ဆက်ဆံရေးဟာ ထင်သလောက် အဆင်မပြေလှသလို သူစိမ်းဆန်တယ်လို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒါဟာ မိဖတွေအနေနဲ့ ငယ်ငယ်ကတည်းက ကလေးတွေကို ပြုစုစောင့်ရှောက်တဲ့ ပုံစံမှားနေတဲ့အတွက်ကြောင့်ပါ။ ငါက မိဖပဲ သားသမီးတွေက ကြောက်ရမယ်ဆိုတာမျိုးပေါ့ နောက်ပြီး မိဖနဲ့ သားသမီး စည်းတစ်ခုခြားပြီး ဆက်ဆံတတ်တာမျိုးက နွေးထွေးတဲ့ မိသားစုဆက်ဆံရေးကို ဝေးသွားစေပါတယ်။ ဒီအချက်တွေကြောင့် မိဖတွေက သားသမီးတွေနဲ့အတူ စကားတွေ အပြန်အလှန်ပြောပေးဖို့ လိုအပ်ပါတယ်နော်။

စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု

shutterstock/Evgeny Atamanenko

မိဖတွေက သားသမီးတွေက အပြန်အလှန် ဆွေးနွေးမှုတွေ၊ သင်ပြမှုတွေ ရှိတဲ့အခါ သားသမီးတွေက မသိနားမလည်တာတွေ ပိုသိလာမယ်၊ အမှားတွေ အမှန်ပြင်တတ်လာမယ်၊ နောက်ပြီး သူတို့ရဲ့ စိတ်ထဲမှာ မိဖတွေဆီကရတဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ရှိလာမယ်။ ဒီလိုဖြစ်လာတဲ့အခါ ကိုယ့်ကလေးက ကိုယ့်ကိုယ်ကို ပိုယုံကြည်မှုရှိပြီး တော်တဲ့သူတစ်ယောက် ဖြစ်လာစေမှာပါ။

READ
ကလေးတွေနဲ့ပတ်သက်လို့ မေမေတို့ စွန့်လွှတ်သင့်နေပြီဖြစ်တဲ့ အယူအဆဟောင်း (၇)ခု

ကလေးတွေရဲ့ စိတ်ခံစားမှု

Sponsored

ကိုယ်ဖြစ်ချင်တာတွေပဲ သိတဲ့ မိဖတွေအတွက်ကြောင့် ကလေးတွေရဲ့ ခံစားချက်တွေဟာ သေဆုံးသွားရတတ်ပါတယ်။ ကလေးတွေနဲ့ အပြန်အလှန် ဆက်ဆံရေးရှိတဲ့ မိဖတွေက သားသမီးတွေရဲ့ ခံစားချက်တွေကို ပိုလေ့လာနိုင်ပါတယ်။ သူတို့ဘယ်လို ခံစားနေရတယ်၊ သူတို့ရဲ့ စိတ်ဓာတ်လေးတွေ ဘယ်လိုရှိတယ်၊ သူတို့ ဘာဖြစ်ချင်တယ် စသဖြင့်ပေါ့ ကလေးတွေရဲ့ ခံစားချက်တွေကလည်း အရေးကြီးပါတယ်နော်။

နွေးထွေးမှုပိုရှိလာတယ်

shutterstock/Evgeny Atamanenko

ကလေးတွေက မိဖတွေကို ကြောက်ရတာမျိုး၊ ကလေးတွေနဲ့ အပြန်အလှန် စကားတွေ မပြောဖြစ်တဲ့ အခြေအနေတွေက မိဖနဲ့ သားသမီးကြားမှာ အေးစက်မှုကြီး ခံနေတတ်ပါတယ်။ ကိုယ့်ရဲ့ ကလေးလေးတွေကို အချိန်ပေးမယ်၊ ကလေးလေးတွေရဲ့ စကားတွေ၊ ခံစားချက်တွေကို နားထောင်ပေးမယ် ဆိုရင် သူတို့လေးတွေကလည်း ပိုပျော်ရွှင်ရပြီး အပြန်အလှန် နွေးထွေးတဲ့ မိသားစုလေးကို တည်ဆောက်နိုင်မှာပါ။

READ
သင့်အမေကို ချစ်ရင် ဒါမျိုးတွေကို မလုပ်မိပါစေနဲ့….

သူတို့ရဲ့ ပြဿနာလေးတွေ

မိဖဆိုပေမယ့် ကိုယ့်ကလေးမှာ ဖြစ်နေတဲ့ စိတ်ခံစားမှုတွေကို နားမလည်ဘူး၊ ပြသနာတွေကို မသိဘူးဆိုရင်တော့ ဒါဟာ မိဖတစ်ယောက်အနေနဲ့ တာဝန်မကျေရာ ရောက်ပါလိမ့်မယ်။ ဒီတော့ ကိုယ့်ကလေးတွေနဲ့ အပြန်အလှန် စကားတွေပြောကြမယ်၊ သူတို့ရဲ့ ထင်မြင်ယူဆချက်လေးတွေကို ကလေးပေမယ့် အရေးပေးမယ်ဆိုရင် သူတို့ရဲ့ ပြသနာတွေ၊ သူတို့စိတ်မှာဖြစ်နေတာတွေကို သိလာမှာပါ။ ဒါကြောင့် ကိုယ့်ရဲ့ ကလေးနဲ့အတူ စကားတွေအပြန်အလှန်ပြောပေးတာက တကယ့်ကို အရေးကြီးပါတယ်နော်။

Khin

sponsored