အိမ်မှာပဲ သင့်သွားလေးတွေကို ဖြူဖွေးဝင်းပတောက်ပြောင်စေမယ့် နည်းလမ်း (၅) ခု

Freepik-racool studio
Sponsored

လူတိုင်းအတွက် အလှအပအတွက်သာမကဘဲ တစ်ကိုယ်ရည်သန့်ရှင်းမှုအတွက်ပါ အမြဲတမ်း ဂရုတစိုက်နဲ့ထိန်းသိမ်းဖို့ လိုအပ်နေတာကတော့ ပျိုမေတို့ရဲ့ သွားလေးတွေပါပဲ။ သွားလေးတွေဟာ ပြန်လညအစားထိုးလိုမရနိုင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲက တစ်ခုဆိုရင်လည်းမမှားပါဘူး။ ဒီတစ်ခေါက်မှာတော့ အိမ်မှာပဲ ပျိုမေတို့ရဲ့ သွားလေးတွေ ဖြူဝင်နေစေဖို့အတွက် လုပ်နိုင်မယ့် နည်းလမ်းလေးတွေကို မျှဝေပေးသွားချင်တာပါ။ အဲဒါကတော့..

(၁) အိန္ဒိယရဲ့ ရိုးရာဆီနည်းလမ်း

Sponsored

နှမ်းဆီ သို့မဟုတ် နေကြာဆီ၊ အုန်းဆီတို့လို စိတ်ချရတဲ့ ဆီမျိုးနဲ့ နေ့တိုင်း သွားတွေကို ပွတ်တိုက်ပြီး ပလုတ်ကျင်းပေးခြင်းဟာ အိန္ဒိလူမျိုးတွေ အသုံးပြုနေကျဖြစ်တဲ့ သွားဝါခြင်းတွေကို သက်သာစေတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ ဒါဟာ သွားပိုးစားခြင်းအတွက်လည်း ပိုးသေစေတဲ့အတွက်အသုံးဝင်ပါတယ်တဲ့။

Freepik-jcomp

(၂) မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါရဲ့ သဘာဝကောင်းကျိုးမှာကတည်းကိုက ဖြူဝင်းစေခြင်းဆိုတဲ့ အစွမ်းသတ္တိ ပါဝင်လို့နေပါတယ်။ သွားတွေကို ညတွင်းချင်း ဖြူစေတဲ့ နည်းလမ်းမဟုတ်ပေမယ့်လို့ တစ်လလောက် ဆက်တိုက်ပုံမှန် လုပ်ပေးသွားတဲ့အခါမှာ သိသာထင်ရှားတဲ့ ရလဒ်ကို ခံစားရမှာပါ။ နည်းလမ်းကတော့ သွားတိုက်ဆေးနဲ့ မုန့်ဖုတ်ဆိုတာတို့ ရောပြီး သွားတိုက်ပေးခြင်းပါ။

READ
တယူသန်စိတ်ရှိတဲ့ သားဆိုးတစ်ယောက်ပါလို့ ၀န်ခံလိုက်တဲ့ Gong Yoo

(၃) မီးသွေး

မီးသွေးဟာ ဟိုးရှေးအရင်ကတည်းကိုက အသုံးပြုလာကြတဲ့ သွားတိုက်ဆေးအစားထိုးသဘာဝပစ္စည်းတစ်ခုပါ။ မီးသွေးနဲ့ သွားတိုက်ရင် သွားချိုးတွေကို ဖယ်ရှားပေးနိုင်သလို ဘတ်တီးရီးယားတွေကိုလည်း သေစေနိုင်ပါတယ်တဲ့။

Freepik-lovelyday12

(၄) အသီးခွံများ

လိမ္မော်ခွံ၊ ငှက်ပျောသီးခွံ၊ သံပုရာခွံစတဲ့ အခွံတွေရဲ့ အဖြူဖက်၊ အတွင်းပိုင်းနဲ့သွားတွေကို ပွတ်ပေးရင်လည်း သွားတွေကို ဖြူဝင်းလာစေမှာပါ။

(၅) ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်နဲ့ ပလုတ်ကျင်းပေးခြင်းဟာ ခံတွင်းအနံ့တွေကို သက်သာစေတဲ့အပြင်ကိုမှ ပါးစပ်အတွင်းမှာရှိနေတဲ့ အကြွင်းအကျန်ချေးတွေကိုလည်း ဖယ်ရှားပေးတဲ့အတွက်ကြောင့် သွားတွေကို ညစ်ညစ်ကြီးဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

Freepik- rawpixels.com

penny

sponsored