Covid -19 ကာကွယ်ကုသ ရေးအတွက် ငါးသိန်း လှူဒါန်းခဲ့တဲ့ သိဒ္ဓိစစ်

Sponsored

အသက်ငယ်ငယ်လေးနဲ့ ပရိသတ်ချစ်ခင်အားပေးမှုကို ရထားတဲ့ အနုပညာရှင်မျိုးဆက် တွေထဲမှာ သိဒ္ဓိစစ် လေး ကလည်း တစ်ယောက် အပါအ၀င်ပါ ။မေမေ မယ်လို ဒီရဲ့ သား ချော လေးပါ။ ဧပြီ (၃) ရက်နေ့ ကတော့ သားလေးရဲ့ အသက် (၅)နှစ်ပြည့် မွေးနေ့လေးပါ။ ဒီကနေ့ မှာ ကျ ရောက်တဲ့ သိန္ဓိစစ် ရဲ့ မွေးနေ့ မှာတော့ သူ့ရဲ့ လုပ်အားခ တွေ ထဲက ငါးသိန်းကို လှူခဲ့ပါတယ်။


မိခင်ဖြစ်သူ မယ်လိုဒီက သားဖြစ်သူ ကုသိုလ်ရ အောင်လို့ သားရဲ့ လုပ်အားခဲထဲက နေ လှူဒါန်း ပေးခဲ့တာပါ။ သိဒ္ဓိစစ် လေး ကတော့ မေ မေနဲ့ အတူ တွဲပြီး ကြော်ငြာတွေ၊ မဂ္ဂဇင်း ဓါတ်ပုံတွေ အတူ ရိုက်ကူးခဲ့တာ တွေ ရှိပါတယ်။ မယ်လိုဒီက တော့ သားလေးရဲ့ အနုပညာ ကြေး တွေကို သေချာ သိမ်း ထားပြီး မွေးနေ့မှာ သားရဲ့ လုပ်အားက နေ ရတဲ့ ပိုက်ဆံကို လှူခဲ့ပုံရပါတယ်။ အလှူ ငွေ တွေကိုတော့ အထူးကြပ်မတ်ကုသ ဆောင်၊ဆေးကုသ ဆောင်တို့ အတွက် လိုအပ်တဲ့ နေရာ တွေမှာ လှူဒါန်း သွားမှာပါ။

READ
အမြင်ရိုင်းသွားရင် တောင်းပန်ပါတယ် ဆိုတဲ့ ဖြူဖြူထွေး
Sponsored

🎂ယနေ့ကျရောက်သော သားလေး သိဒ္ဓိစစ် @Theo ၏၅နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်ဖြစ်
သားလေး၏လုပ်အားခထဲမှ အလှူငွေ ၅သိန်းကျပ်တိတိကိုယခုဖြစ်ပွားနေသော Covid -19 ကပ်ရောဂါကြီးအတွက် ရှေ့တန်းမှ ကာကွယ် တားဆီး ကုသပေးနေကြသော ဆရာဝန် ဆရာမ အားလုံးအား လေးစား ဂုဏ်ပြုလျှက် အထူးလိုအပ်နေသော  များရှိအထူးကြပ်မတ်ကုသဆောင်၊ ဆေးကုသဆောင်များသို့ ထိရောက်စွာ တိုက်ရိုက် လှူဒါန်းပေးနေသည့် ဆရာကြီး Prof. ဦးညွန့်သိန်း နှင့် မမမေမိုးနွယ် မိသားစုတို့၏ အလှူတွင် ပါဝင်ခဲ့ပါသည်…

Image:Fb/Actress Melody

သားသားရဲ့လုပ်အားခလေးနဲ့၇ရက်သားသမီးတွေကို တနိုင်ကူညီလှူတန်းတာပါရှင်
ရှေ့လျှောက်အနာဂတ်မှာလဲ ၇ရက်သားသမီးကိုကောင်းကျိုးပြုပြီး အမှန်တရားဘက် မှာရပ်တည်တဲ့ ပညာတတ် သူတော်ကောင်းလေးဖြစ်ဖို့ရည်မှန်း ည်စူးပါတယ်ရှင်🙏🏻မြန်မာပြည်ကြီးအေးချမ်းပါစေရှင်🙏🏻ကမ္ဘာပေါ်ရှိ၇ရက်သားသမီးအားလုံး သက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်စုံပါစေရှင်🙏🏻🙏🏻🙏🏻🙏🏻🙏🏻..” ဆုိၿပီး မယ်လိုဒီရဲ့ Fb မှာ တင်ထားပါတယ်။


Source:Fb/Actress Melody

READ
Paris Men’s Fashion Week သို့ တက်ရောက်ခဲ့တဲ့ ကိုလူချော (၃)ယောက်
sponsored