ပရိတ်သတ်တွေကို surprise တိုက်လိုက်တဲ့ GMMTV ရဲ့ ထိုင်း F4 ရုပ်ရှင်အကြောင်း

Facebook- GMMTV
Sponsored

F4 ကတော့ ကိုယ်တွေငယ်ငယ်လေးထဲကိုက ဘယ်နိုင်ငံကပဲထွက်ထွက်အမြဲတမ်းလိုလို မင်းသားတွေကို စိတ်ကူးယဉ်ပြီး အားပေးခဲ့ရတဲ့ ရုပ်ရှင်တစ်ကားမဟုတ်လား။ စစချင်း တရုတ်နိုင်ငံကနေစလိုက်တဲ့ F4 တုန်းကလည်း အားပေးလိုက်ရတာ၊ နောက် Lee Min-ho တို့ ကိုရီးယားက F4 ထွက်တုန်းကလည်း သည်းသည်းလှုပ်ပဲ။

အခုတော့ ထိုင်းကပါ F4 ကို ပြန်ရိုက်တော့မယ်ဆိုတော့ အတိုင်းထက်အလွန်ပဲပေါ့။ မင်းသားတွေကတော့ အားလုံးရဲ့အသည်းကျော်လေးတွေဖြစ်တဲ့ GMMTV က မင်းသားတွေပါပဲ။ ဒီသတင်းကိုလည်း GMMTV ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေကပဲ မနေ့ညကမှ ကောက်ခါငင်ကာကြီး ကြေငြာလိုက်ခဲ့တာပါ။ ပရိတ်သတ်တွေကတော့ တော်တော်လေးကို surprise ဖြစ်သွားခဲ့ကြပါတယ်။

Facebook-
Sponsored

မင်းသား ၄ လက်ကတော့ Thyme အဖြစ် Bright, Kavin အဖြစ် Win, Dew ကတော့ Ren နဲ့ MJ အဖြစ် Nani တို့ပဲဖြစ်ပါတယ်။ စဉ်းစားကြည့်ပါဦး၊ သူတို့လေးယောက်ကို အခင်ဆုံးသူငယ်ချင်းတွေအဖြစ် တစ်ကားထဲမှာ chemistry မိမိ တွေ့ရတော့မယ်ဆိုတော့..

READ
Flower of Evil ရဲ့ ရိုက်ကူးရေး အတွေ့အကြုံတွေကို ပြောပြခဲ့တဲ့ Moon Chae Won
Facebook-GMMTV
Facebook-GMMTV
Facebook-GMMTV
Facebook-GMMTV

ဒီအပြင် Barbie Xu, Ioue Mao, Ku Hye Sun, Shen Yue တို့ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးနေရာမှာတော့ Tu Tontawan က သရုပ်ဆောင်မှာပါတဲ့။ နာမည်ကတော့ Goyra ဆိုပြီးပေးထားပါတယ်။ သူမဟာလည်း F4 ရဲ့ မင်းသမီးနေရာမှာ သရုပ်ဆောင်ဖို့အတွက် ပုံပန်းသဏ္ဍာန်အရ တော်တော်လေးတော့ ကိုက်ညီမှုရှိလှပါတယ်။

Facebook-

ဇာတ်လမ်းသွားကေတာ့ GMMTV ရဲ့ ထုံးစံအတိုင်း BL vibe တွေပဲ ပါဦးမှာလား၊ ဒါမှဟုတ် သာမန် F4 လိုပဲ သွားမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါပဲ။ ဒါလေးကတော့ မနေ့ကမှ GMMTV က တင်ခဲ့တဲ့ မင်းသား၊ မင်းသမီးတို့ရဲ့ မိတ်ဆက် teaser video လေးပဲဖြစ်ပါတယ်။

The wait is over. #F4Thailand

The wait is over. #F4Thailand#GMMTV

Posted by GMMTV on Wednesday, September 16, 2020

penny

sponsored