ဆောင်းတွင်းမှာဖြစ်တတ်တဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ

shutterstock/Victoria Chudinova
Sponsored

အေးစက်တဲ့ ရာသီဥတုဒဏ်က ခန္ဓာကိုယ်ကို ထိခိုက်မှုတွေ ရှိတတ်ပါတယ်နော်။ ဒါကြောင့် လူတော်တော်များများဟာ ဆောင်းတွင်းမှာ ကျန်းမာရေး ထိခိုက်မှုတွေ၊ ဝိတ်အပြောင်းအလဲတွေနဲ့ တစ်ခြားသော ရာတွေကို တွေ့ကြုံရတတ်ပါတယ်။ ဒီတော့ ဆောင်းတွင်းမှာ ခန္ဓာကိုယ်က ဘာတွေပြောင်းလဲစေလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

(1)လျှာက ပိုအလုပ်လုပ်ရတယ်

shutterstock/Irina Bg

အေးတဲ့ရာသီဥတုကြောင့် နှုတ်ခမ်းတွေခြောက်သွေ့လာတဲ့အခါ အစိုဓာတ်ရဖို့ လျှာနဲ့သပ်လိုက်တာမျိုးကို တော်တော်များများ ပြုလုပ်တတ်ကြပါတယ်။ ဒါပေမယ့် ဒါက ယာယီခဏအတွက်သာ သက်သာစေပြီးတော့ မကြာခဏ ပြုလုပ်မိမယ်ဆိုရင်တော့ ခြောက်သွေ့ပျက်စီးလွယ်တဲ့ နှုတ်ခမ်းသားကို ဖြစ်ပေါ်စေမှာပါ။ တံတွေးဟာ လျင်မြန်စွာ အငွေ့ပျံ့ပြီး နှုတ်ခမ်းကို ခြောက်သွေ့တာထက် ပိုခြောက်သွေ့စေပါတယ်။ နောက်ပြီး တံတွေးမှာ enzymes များစွာပါဝင်တဲ့အတွက် နူးညံတဲ့ နှုတ်ခမ်းသားကို ပျက်စီးစေပြီး နေရတာ အဆင်မပြေ ဖြစ်စေပါတယ်နော် ။

READ
ကြောက်စရာကောင်းတဲ့ ဝိတ်ချနည်းတွေနဲ့ ဝိတ်ချခဲ့ဖူးကြောင်းပြောပြခဲ့တဲ့ ကိုရီးယားအိုင်ဒေါလ်

(2)  သွေးတွင်းသကြားဓာတ်ကို တိုးစေတယ်

shutterstock/Pixel-Shot
Sponsored

အေးတဲ့ရာသီဥတုကြောင့် ခန္ဓာကိုယ်ကနေ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်းတွေကို ပိုထုတ်လွှတ်ပေးတာမို့ ဒီလို ထုတ်လွှတ်ပေးတာနဲ့တစ်ပြိုင်နက် သွေးတွင်းသကြားဓာတ်ဟာ တိုးလာစေပါတယ်။ ဒီတော့ အပူချိန်လျော့နည်းလာလေလေ သွေးတွင်းသကြားဓာတ် တိုးလာလေလေပါပဲ။ ဒီလိုအချိန်မှာ သွေးတွင်းသကြားဓာတ် လျော့ကျဖို့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာ၊ လမ်းလျှောက်တာ၊ ဆရာဝန် ညွှန်ကြားတဲ့အတိုင်း workout လုပ်တာမျိုးတွေ ပြုလုပ်ပေးသင့်ပါတယ်။

(3)ဝိတ်ကျစေနိုင်တယ်

shutterstock/Izabela Magier

ဆောင်းတွင်းမှာ လူတော်တော်များများရဲ့ ဝိတ်က ကျစေတတ်ပါတယ်။ ရာသီဥတုအေးတဲ့အချိန်မှာ ခန္ဓာကိုယ်ကနေ ကယ်လိုရီတွေကို လောင်ကျွမ်းသွားစေလို့ပါပဲ။ အေးစက်တဲ့ ရာသီဥတုကို ကာကွယ်ဖို့ ခန္ဓာကိုယ်က အပူတွေကို ပိုထုတ်လွှတ်ပေးဖို့ ကြိုးစားတဲ့အချိန်မှာ စွမ်းအင်တွေကို ပိုကုန်ဆုံးစေတတ်ပါတယ်။ ဒါက ဝိတ်ကျရခြင်း အကြောင်းအရင်းကို ဖြစ်စေတာပဲ ဖြစ်ပါတယ်။

READ
Ahn Jae Hyun က မင်းသမီးတစ်ယောက်နဲ့ဖောက်ပြန်နေကြောင်း Goo Hye Sun ထုတ်ပြော

(4)  ရေဓာတ်ခမ်းခြောက်မှု အလွယ်တကူ ဖြစ်စေနိုင်တယ်

shutterstock/ Syda Productions

ဆောင်းရာသီမှာ ရေဆာတာမျိုး သိပ်မဖြစ်တတ်တဲ့အတွက် ရေသောက်ဖို့ကို မေ့လျော့တတ်ကြပါတယ်။ ဆောင်းတွင်းမှာ ချွေးထွက်နည်းတဲ့အတွက် ရေဓာတ်ခမ်းခြောက်မှုနည်းမယ်လို့ ထင်တတ်ကြပေမယ့် တကယ်တမ်းမှာတော့ ခန္ဓာကိုယ်မှာ နေ့စဉ်ရေဓာတ်လုံလောက်တဲ့ ပမာဏ ရှိကိုရှိဖို့ လိုအပ်တာပါပဲ။ ဒီတော့ အကျိုးဆက်က ရေဓာတ်ခမ်းခြောက်ပြီး အရေးအကြောင်းတွေ ဖြစ်လွယ်တာ၊ အသားအရေတွေ ခြောက်သွေ့အက်ကွဲတာမျိုးကို ကြုံရတတ်ပါတယ်။

Khin

sponsored