အိမ်ထောင်တစ်ခုလုံးကို တစ်စစီပြိုကွဲသွားစေနိုင်တဲ့ အချက် (၅) ချက်

Sponsored
ကမ္ဘာမှာ ၅၀% သော အိမ်ထောင်ရေးတွေဟာ ကွာရှင်းခြင်းနဲ့ အဆုံးသတ်လေ့ရှိပါတယ်။ အိမ်ထောင်တစ်ခုတည်ဆောက်ပြီးရင် ဘယ်သူကမှတော့ မလှမပနဲ့ ဇာတ်မသိမ်းချင်ကြပေမယ့် ဘာကြောင့်ဒီလို ဇာတ်သိမ်းရလဲဆိုတာကတော့ ဒီအချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။

(၁) မျှော်လင့်လွန်းခြင်း

Shutterstock
ဒါကတော့ ငယ်ရွယ်တဲ့မိန်းကလေးတွေမှာ အဖြစ်များတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ချစ်သူကို ချစ်လွန်းလို့ ဆိုတဲ့ အကြောင်းပြချက်ကြောင့် လက်ထပ်လိုက်တယ်၊ လက်တွဲဖော်ဆီကနေ မျှော်လင့်တာတွေများလာတယ်၊ မရနိုင်တဲ့အခါ စိတ်ဓာတ်တွေကျလာတဲ့အခါ အနုတ်ဖက်ကို ရောက်လာပါပြီ။ ဒါကြောင့်အမျိုးသမီးတွေ သိထားရမှာက လက်ထပ်တယ်ဆိုတာ စိတ်ရှည်သည်းခံခြင်း၊ လိမ္မာပါးနပ်ခြင်းတွေ လိုအပ်တယ်ဆိုတာပါပဲ။

(၂) အိမ်ထောင်မှုမနိုင်နင်းခြင်း

သုတေသနပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ ဇနီးသည်ဟာ အိမ်ထောင်မှုမနိုင်နင်းတဲ့ ဇနီးသည်ဖြစ်နေရင် အဲ့ဒီ့ အိမ်ထောင်ဟာ ပြိုကွဲနိုင်ခြေအရမ်းများတယ် ဆိုတာပါပဲ။ အိမ်ထောင်မှုမနိုင်နင်းတဲ့အခါ ခင်ပွန်းဖြစ်သူက အိမ်မှာနေရတာ စိတ်ညစ်လာတတ်တာကြောင့် အိမ်ကို သပ်သပ်ရပ်ရပ်နဲ့ နေချင်စဖွယ်ဖြစ်အောင် ထားဖို့၊ ချက်ပြုတ်တတ်ဖို့ကလည်း အရမ်းကိုအရေးကြီးပါတယ်။

(၃) သင့်သူငယ်ချင်းတွေဟာ အိမ်ထောင်ကွဲတွေဖြစ်နေတယ်

သင့်သူငယ်ချင်းအများစုဟာ အိမ်ထောင်ကွဲနေတဲ့သူတွေဆိုရင်တော့ သင့်အိမ်ထောင်ကိုလည်း သက်ရောက်လာနိုင်ပါတယ်။ သင့်သူငယ်ချင်းတွေရဲ့ အရင်အိမ်ထောင်နဲ့ သင့်ရဲ့အိမ်ထောင်ကို နှိုင်းယှဉ်စပြုတော့မှာ ဖြစ်ပြီး ဒါဟာ သင့်အိမ်ထောင်ကိုလည်း ပြိုကွဲသွားစေနိုင်တဲ့ အကြီးဆုံး အမှားတစ်ခုဖြစ်လာမှာပါ။ လူတိုင်းမှာအားနည်းချက်ကိုယ်စီရှိသလို၊ စိတ်ရှည်သည်းခံရမယ်ဆိုတာ မတွေးပေးနိုင်ရင်တော့ သင်တို့အိမ်ထောင်လည်း တစ်စစီပြိုကွဲသွားနိုင်ပါတယ်။

(၄) အလုပ်လုပ်လွန်းခြင်း

Shutterstock
အလုပ်လုပ်လွန်းတာလည်း လုံးဝမကောင်းပါဘူး။ သင့်ရဲ့အလုပ်က သင့်မိသားစုကိုထိခိုက်တာမျိုး မဖြစ်စေသင့်ပါဘူး။ သင့်ရဲ့ အိမ်ထောင်ဖက်နဲ့ အချိန်ယူဖို့၊ ပျော်စရာအချိန်လေးတွေဖန်တီးဖို့ လိုတယ်ဆိုတာ မမေ့ပါနဲ့။ အလုပ်နဲ့ မိသားစုကို ခွဲထားပါ။ အလုပ်ချည်းပဲဖိလုပ်ပြီး မိသားစုကိုပစ်ထားတာကြာတဲ့အခါ အိမ်ထောင်တစ်ခုဟာ ပြိုကွဲသွားနိုင်ပါတယ်။ သင်အလုပ်လုပ်နေတာဘယ်လောက်မှန်မှန် တစ်ဖက်မှာသင်ဟာ မိသားစုတာဝန်ကို မကျေတဲ့သူတစ်ယောက် ဖြစ်နေတာ သတိထားပါ။

(၅) အမှားကိုဖုံးကွယ်တာ

Shutterstock
အမှားကို ဖုံးကွယ်တာလုံးဝမကောင်းတဲ့အရာဖြစ်ပါတယ်။ လူတိုင်းအပြစ်မကင်းနိုင်ပါဘူး။ အမှားတွေကိုဝန်ခံပြီး တာဝန်ယူတတ်ဖို့ အရမ်းအရေးကြီးပါတယ်။ ဒီလိုမှမဟုတ်ပဲ အမှားတစ်ခုခုလုပ်မိတိုင်း ဖုံးကွယ်ဖို့ ကြိုးစားနေမယ်၊ ဝန်မခံချင်ဘူးဆိုရင်တော့ ကြာလာတဲ့အခါ အိမ်ထောင်တစ်ခုလုံး ပြိုကွဲသွားနိုင်ပါတယ်။
Em Em
sponsored