ဘာသာစကား တစ်ခုထက်ပိုပြီး တတ်မြောက်သူတွေပဲ ပိုင်ဆိုင်ခွင့်ရမယ့် အကျိုးကျေးဇူးများ

shutterstock/Oleksii Didok
Sponsored

ခေတ်က တိုးတက်လာသလို လူတွေတိုင်းကလည်း အတတ်ပညာတွေ တိုးတိုးပြီး တတ်မြောက်နေဖို့ လိုအပ်ပါတယ်။ အတတ်ပညာတတ်မြောက် လုပ်ငန်းခွင်ရွေးချယ်စရာ များလေလေ ဖြစ်မှာပါ။ အရည်အချင်းတစ်ခုတည်းနဲ့ မလုံလောက်တဲ့ ခေတ်မှာ ဘာသာစကား တစ်ခုထက် ပိုပြီး တတ်မြောက်တဲ့အခါမှာတော့ ရလာမယ့် အကျိုးကျေးဇူးတွေ ရှိနေပါတယ်။

(၁) ဆက်သွယ်ရလွယ်ကူတယ်

Sponsored

ဘာသာစကား တစ်ခုတည်း တတ်တဲ့သူက ကိုယ့်နိုင်ငံထဲမှာပဲ ဆက်သွယ်လို့ ရသလို ဘာသာစကား မတူတဲ့ ဘယ်သူ့ကိုမှ ဆက်သွယ်လို့ မရပါဘူး။ ဘာသာစကား တစ်ခုထက် ပိုတတ်မြောက်တဲ့အခါမှာ ဘာသာစကားကို အသုံးပြုပြီး မိတ်ဆွေအသစ်တွေ ဗဟုသုတအသစ်တွေကို ရနိုင်ပါတယ်။

shutterstock/ fizkes

(၂) နောက်ထပ် ဘာသာစကားကို တတ်မြောက်ရလွယ်ကူတယ်

ဘာသာစကားတွေမှာ အများစုကတော့ မိခင်ဘာသာစကားနဲ့ အဓိက ဘာသာစကားဆိုပြီး တတ်မြောက်ကြပါတယ်။ ပထမ ဘာသာစကားအပြင် ဒုတိယမြောက်အနေနဲ့ ဘာသာစကား တတ်မြောက်သူတွေက ဘာသာစကား တစ်ခုတည်း တတ်မြောက်တဲ့သူတွေထက် ပိုပြီး ဘာသာစကားတွေကို လျှင်လျှင်မြန်မြန် လေ့လာနိုင်ပါတယ်။

READ
အံ့သြစရာကောင်းလောက်အောင် တော်လွန်းတဲ့ ရုပ်ပြောင်းဘုရင်မရဲ့ ရုပ်ပြောင်းလက်ရာ (၁၇) ခု

(၃) စကားပြန်/ ဘာသာပြန် ပြုလုပ်လို့ ရတယ်

ဘာသာစကားတစ်ခုထက် ပိုပြီး တတ်မြောက်တဲ့အခါမှာ ဒါကို အသုံးပြုပြီး ဝင်ငွေလည်း ရှာနိုင်ပါတယ်။ ဘာသာပြန်ရတဲ့ အလုပ်တွေကိုလည်း လုပ်နိုင်သလို နိုင်ငံခြားနဲ့ ဆက်သွယ်ရတဲ့ နေရာတွေမှာလည်း စကားပြန်အဖြစ် ပြုလုပ်ရင်း ဝင်ငွေ ရရှိနိုင်ပါတယ်။

shutterstock/ fizkes

(၄) နိုင်ငံခြားကျောင်းမှာ စာလေ့လာလို့ ရတယ်

တစ်ခြားသောနိုင်ငံတွေမှာ ပညာလေ့လာရတာကို ပညာလိုလားသူတိုင်းက စိတ်ကူးယဉ်တတ်ကြပါတယ်။ ဒါကြောင့် ဘာသာစကား တစ်ခုထက် ပိုပြီး တတ်တဲ့အခါ အဲ့ဒီနိုင်ငံမှာ သွားရောက် ပညာသင်ကြားနိုင်တဲ့ အခွင့်အရေး ရပါတယ်။ ဘာသာစကား ကျွမ်းကျင်မှုကြောင့် ပညာလေ့လာရာမှာလည်း လွယ်ကူနေစေပါတယ်။

(၅) ပညာတွေ ပိုပြီး လေ့လာနိုင်တယ်

ဘာသာစကားတွေက အသုံးပြုခြင်း သက်သက်ပါပဲ။ ဒါပေမယ့် ဘာသာစကား တတ်မြောက်ခြင်းက အဲ့ဘာသာစကားနဲ့ ပြုစုထားတဲ့ စာတွေနဲ့ ဘာသာရပ်တွေ ပညာရပ်တွေကို ပိုပြီး လေ့လာနိုင်စေပါတယ်။

READ
Facebookပေါ်မှာ Follow လုပ်ထားသင့်တဲ့ စာမျက်နှာများ

(၆) လုပ်ငန်းခွင်တွေ စိတ်ကြိုက် ပိုရွေးလို့ ရလာတယ်

အရည်အချင်းလည်း ရှိတဲ့အပြင် ဘာသာစကားတစ်ခုထက် ပိုတတ်မြောက်တဲ့အခါ နိုင်ငံခြားကုမ္ပဏီတွေမှာ အလုပ်ဝင်နိုင်သလို အလုပ်ဝင်မယ့် နိုင်ငံတောင် ရွေးချယ်နိုင်ပါတယ်။ လုပ်ငန်းခွင်တွေမှာလည်း ဘာသာစကား တတ်မြောက်မှုက အသုံးဝင်နေတာမို့ ဘာသာစကား တစ်ခုထက် ပိုတတ်မြောက်နေတာက ကောင်းပါတယ်။

Kham

sponsored