လက်တွေ့ဘဝကို အကျိုးပြုစေတဲ့ စာဖတ်ခြင်း အကျိုးကျေးဇူးများ

shutterstock/4 PM production
Sponsored

ဖုန်းတွေနဲ့ အလုပ်တွေနဲ့ ရှုပ်နေတဲ့ ခေတ်ကြီးထဲ စာဖတ်တဲ့သူတွေ ရှားသထက် ရှားလာပါတယ်။ လူငယ်တွေထဲ စာဖတ်ပရိသတ်ဆိုတာမျိုးက တကယ်နည်းနေပါပြီ။ ဒါကြောင့်လည်း အချို့သော အရည်အချင်း မပြည့်ဝမှုတွေ ဗဟုသုတ မပြည့်စုံတဲ့ သူတွေ မကြာခဏဆိုသလို မြင်တွေ့ရတာ ဖြစ်ပါတယ်။ စာအုပ်က လက်တွေ့ဘဝကို ဘယ်လောက် အကျိုးဖြစ်စေသလဲဆိုရင် ပြောလို့တောင် မကုန်ပါဘူး။ အခု ဒီမှာ အချို့အချက်လေးတွေ ပြောပြလိုက်ပါတယ်နော်

(၁) အတွေ့အကြုံကောင်းတွေ ရတယ်

Sponsored

အပြင်လောကနေ အခွင့်သင့်မှ သင်ယူရတဲ့အရာတွေကို ရသစာပေတွေကနေ အချိန်ခဏအတွင်း လေ့လာလို့ ရပါတယ်။ လောကမှာ ဆုံနိုင်တဲ့လူတွေအကြောင်းရယ်၊ မတူညီတဲ့ ဘဝတွေအကြောင်းရယ်၊ လူတွေရဲ့ စိတ်ထားအမျိုးမျိုးတွေရယ်ကို ရသစာပေတွေကနေ လေ့လာလို့ ရနိုင်ပြီး ခေတ်ကာလတွေအကြောင်းနဲ့ အခက်အခဲတွေကို ရင်ဆိုင်တဲ့ပုံစံတွေကို သင် အကောင်းဆုံး လေ့လာနိုင်မှာပါ။

READ
မနက်ခင်းစောစောထတဲ့အခါ ရလာမယ့် ကောင်းကျိုးလေးများ
shutterstock/Yuganov Konstantin

(၂) စကားပြောကောင်းစေတယ်။

စာဖတ်တဲ့သူတွေက စကားလုံးအသစ်အဆန်းတွေ အမြဲ မြင်တွေ့နေတဲ့သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်စကားလုံးကို ဘယ်အနေအထားမှာ သုံးရမလဲဆိုတာ ကောင်းကောင်းကြီး သိတဲ့သူတွေပါ။ စာဖတ်သက် ရင့်လာလေလေ စကားပြောကောင်းလေလေပါပဲ။ သူများတွေကိုလည်း စာအုပ်တွေအကြောင်းပြန်ပြောရင်း အလေ့အကျင့်ကို ဖြစ်နေတော့တာပါပဲ။

shutterstock/ Ollyy

(၃) သူများထက် သာတယ်

စာအုပ်တွေ ဖတ်ထားတဲ့သူက လောကကြီးအကြောင်း နားလည်နေသလို လူ့သဘောသဘာဝကိုလည်း နောကြေနေတဲ့သူတွေ ဖြစ်ပါတယ်။ စာအုပ်ထဲက အရာတွေကို လက်တွေ့ အသုံးချတတ်သူတွေဆို သူများထက်ကို သာနေတာ ငြင်းလို့ရမယ် မထင်ပါဘူး။

shutterstock/Olena Yakobchuk

(၄) ဗဟုသုတ ကြွယ်တယ်

ဒါပေါ့။ စာတွေ အများကြီး ဖတ်ထားတော့ သူ သိတာအရာတွေက အများကြီးပါပဲ။ အကြောင်းအရာတော်တော်များများကို သိနေသလို အချက်အလက်အတော်များများလည်း သိနေတတ်ပါတယ်။ ဒါကြောင့် လိုအပ်တဲ့နေရာတွေမှာ သူ့ ဗဟုသုတတွေကို အသုံးပြုပြီး ဖြေရှင်းလေ့ရှိတာကြောင့် အချိန်ကုန် သက်သာစေပါတယ်။

READ
ဓမ္မတာမလာဘဲနဲ့ ဓမ္မတာလာစဉ်မှာခံစားရတဲ့ဝေဒနာတွေဖြစ်ပေါ်နေတာဟာ ဒါတွေကြောင့်ပါ

(၅) လူအထင်ကြီးခံရတယ်။

စာဖတ်တဲ့သူတွေကိုဆို လူတွေက အထင်ကြီးလေ့ ရှိပါတယ်။ အထင်ကြီးခံရဖို့ စာဖတ်ကြတာ မဟုတ်ပေမဲ့ အထင်ကြီးခံရဖို့ စာဖတ်တဲ့သူတွေ တကယ် ရှိပါတယ်။ မကောင်းတဲ့အချက်ဆိုပေမဲ့ စာတော့ ဖတ်ဖြစ်သွားတာပေါ့။ Crush က စာဖတ်ဝါသနာပါရင် ဒါမျိုးက အသုံးတည့်ပါတယ်နော်…..။

shutterstock/LStockStudio

Written by Kham

sponsored