သူငယ်ချင်းတွေနဲ့ တစ်အိမ်တည်း အတူနေတဲ့အခါရလာမယ့် ကောင်းကျိုးလေးများ

shutterstock/popcorner
Sponsored

ငယ်ဘဝမှာ မိဘတွေ ဆွေမျိုးတွေနဲ့ နေရတာ ပျော်စရာကောင်းလှပေမယ့်လည်း လူငယ်ဘဝရောက်လာတဲ့အခါ လူကြီး လူငယ် အမြင်မတူမှုတွေ ခေတ်ကြောင့် တန်ဖိုးထားမှု ကွဲပြားမှုတွေ ရှိလာတဲ့အခါမျိုးမှာ အဆင်မပြေမှုတွေ အများကြီး ဖြစ်လာကြရပါတယ်။ ဆယ်ကျော်သက်အရွယ်မှာတော့ သူငယ်ချင်းတွေ စုနေတာကတော့ မသင့်လျော်သေးပါဘူး။ ဒါပေမယ့် လူငယ်ဘဝရောက်တဲ့အခါမှာတော့ သူငယ်ချင်းတွေ အတူစုနေတာကတော့ ဒီလို ကောင်းကျိုးလေးတွေ ရနိုင်ပါတယ်။

မိဘတွေနဲ့ စကားအခြေအတင် ဖြစ်ရတာ နည်းတယ်

Sponsored

မိဘနဲ့ အခြေအတင် ဖြစ်တယ်ဆိုတာ အတူ ရှိလို့သာ ဖြစ်နေတာပါ။ မိဘဆိုတာ သားသမီးကို အမြဲတမ်း စိတ်ပူပြီး ရှေ့ရေးအတွက် တွေးပူတဲ့ သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ရဲ့ စိတ်ပူစိတ်က သူတို့ကို ပြန်လွှမ်းမိုးသွားပြီး သားသမီးတွေလည်း အသွေးနဲ့ကိုယ် အသားနဲ့ကိုယ် ခံစားတတ်ပါတယ်။ သူတို့ရဲ့ ပင်ကိုယ်နေထိုင်မှုပုံစံတွေ အကျင့်တွေ ရှိတာကို သတိမထားမိတော့ပဲ မိဘတွေက သူတို့ဆန္ဒတွေကို ဦးစားပေးပြီး ပြောဆိုလာတာတွေကြောင့် အဆင်မပြေ ဖြစ်လာရတာပါ။ ဒါကြောင့် မိဘနဲ့ အတူ မရှိနေတဲ့အခါ မတွေ့ရတာကြောင့် စကားအခြေအတင် ဖြစ်တာလည်း နည်းသွားပါတယ်။

READ
သိပ္ပံနည်းအရ လေ့လာတွေရှိထားတဲ့ တရားထိုင်ခြင်းရဲ့ ကောင်းကျိုး (၉) ချက်
shutterstock/SpeedKingz

အများနဲ့ နေတတ်လာတယ်

မိဘနဲ့ နေတဲ့အခါ တစ်ယောက်တည်း နေရတာထက် သက်သာတာတော့ အမှန်ပါပဲ။ အဝတ်လျှော် မီးပူတိုက်တာတွေ အစားအသောက် သန့်ရှင်းရေး စတာတွေကို မိဘက စီစဉ်ပေးနေတာများတဲ့အတွက် ကိုယ့်ဘာသာ စီစဉ်မှု အရမ်းကို နည်းပါတယ်။ သူငယ်ချင်းတွေနဲ့အတူနေရတဲ့အခါမှာတော့ ကိုယ့်ရဲ့ ဝေယျာဝစ္စတွေကို ကိုယ်တိုင် ပြုလုပ်ရပါတော့တယ်။ ဒါ့အပြင် တစ်ယောက်နဲ့ တစ်ယောက် အဆင်ပြေအောင် နေထိုင်ရပါသေးတယ်။ ဒါကြောင့် အိမ်မှာလို ရေသာခိုနေတဲ့ အကျင့်တော့ ပျောက်စေမှာပါ။

ပျော်ရတယ်

သူငယ်ချင်းတွေဆိုတာ အသက်တွေလည်း မတိမ်းမယိမ်းမို့ တစ်ယောက်ခံစားချက် တစ်ယောက် နားလည်ကြပါတယ်။ လူငယ်တွေ ဖြစ်တာကြောင့်လည်း ဖြစ်ချင်တာတွေ လုပ်ချင်တာတွေ နီးစပ်ကြပါတယ်။ ဒါကြောင့် ပျော်စရာတွေမှာ တူတူ ပျော်လို့ ရပါတယ်။ သူငယ်ချင်းတွေ အတူတူနေတော့ ရင်းနှီးမှုတွေလည်း ပိုရလာပါတယ်။ ရင်းနှီးလေ ပျော်ရွှင်ရလေ ဖြစ်တာမို့ သင်တို့မှာ ပျော်စရာ အချိန်တွေက ပိုများနေမှာပါ။

shutterstock/Olena Yakobchuk

အိမ်မှုကိစ္စတွေ လုပ်ဖြစ်လာမယ်

အိမ်မှာဆို မိဘတွေက အိမ်ကိစ္စ စီစဉ်သလို အိမ်မှုကိစ္စတွေလည်း သူတို့ပဲ လုပ်ကြတာကြောင့် ကိုယ့်အတွက် တာဝန်က နည်းနေတတ်ပါတယ်။ သူငယ်ချင်းတွေနဲ့ အတူ စုနေရတဲ့ အမှိုက်ပစ်တာ သန့်ရှင်းရေး လုပ်တာ ရေမှာရတာ ရေချိုးခန်းသုံး ပစ္စည်းတွေ ဝယ်ရတာမျိုးတွေကို ကိုယ်တိုင် ပြုလုပ်လာရပါတယ်။ ဒါကြောင့် အိမ်မှု ကိစ္စတွေမှာ အကျွမ်းတဝင် ဖြစ်လာသလို အိမ်ကိစ္စတွေ လုပ်တာကြောင့် အိမ်အကြောင်းကိုလည်း နားလည်သွားနိုင်ပါတယ်။

READ
သူဟာ ကိုယ့်အတွက် လက်တွဲဖော်ကောင်းဆိုတာ သေချာနေတဲ့ အချက် ၄ ချက်

ကိုယ့်ကိုယ်ကို ထိန်းသိမ်းဖြစ်လာမယ်

မိဘက တစ်လျှောက်လုံး တစ်ခုမကျန် ပြောဆိုပြီး ထိန်းကျောင်းခံနေရတဲ့သူတွေအတွက်တော့ အခုလို သူငယ်ချင်းတွေနဲ့ နေရတာ ကောင်းပါတယ်။ မိဘဆီက နားထောင်ရတာ နားညီးတယ်လို့ ထင်ခဲ့ပေမယ့် လက်တွေ့ မိသားစုနဲ့ မနေဖြစ်တော့တဲ့အခါ ကိုယ့်ဘာသာ ကိုယ် ထိန်းသိမ်းရပါတော့တယ်။ လူဆိုတာ မထိန်းသိမ်းပဲ စိတ်အလိုအတိုင်းနေရင် ပိုပြီး ပျက်စီးသွားနိုင်ပါတယ်။ သူငယ်ချင်းတွေနဲ့ နေတဲ့အခါမှာ အပြန်အလှန် ထိန်းကျောင်းရင်း နေကြတာမို့ ကိုယ့်ကိုယ်ကိုလည်း ပိုပြီး ထိန်းကျောင်း ဖြစ်တဲ့အတွက် ခိုင်းတာကို လိုက်နာရတာထက် ပိုပြီး ကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။

Kham

sponsored