အသက် ၂၂ နှစ်အရွယ်ကို နောင်တတွေမရှိဘဲ ဖြတ်သန်းနိုင်ဖို့ အလုပ်သင့်ဆုံးအရာ (၇) ခု

pixabay/Free-Photos
Sponsored

အသက် ၂၂ နှစ်အရွယ်ကတော့ လူတစ်ယောက်ရဲ့ ဦးနှောက် အသိဥာဏ် အဖွံ့ဖြိုးဆုံးအချိန်ပါပဲ။ အဲဒီအချိန်မှာတော့ တီထွင်ကြံဆနိုင်စွမ်းတွေလည်း မြင့်မားပြီး စိတ်ပါလို့ကတော့  အေအိုင်ဒီအက်ရောဂါ ပျောက်ဆေးတီထွင်မယ်ဆိုရင်တောင် ဖြစ်နိုင်တဲ့ အသက်အရွယ်ပါ။ ဒီလိုမျိုး တီထွင်နိုင်စွမ်းတွေ၊အားအင်တွေ ပြည့်ဝနေတဲ့အရွယ်မှာ အကျိုးမရှိတာတွေနဲ့ အချိန်ကုန်မသွားစေဖို့ ၂၂ အရွယ်မှာ လုပ်သင့်တဲ့ အရာတွေကို ဖေါ်ပြပေးလိုက်ပါတယ်။

အရှိန်နည်းနည်းလျှော့လိုက်ပါ

ပညာရေး၊ ရည်မှန်းချက်၊အသက်မွေးဝမ်းကျောင်း အတွက် ဘဝတစ်လျှောက်လုံး ပြေးလာခဲ့ရင်းနဲ့ အမှားတွေ၊နောင်တတွေကိုလည်း တော်တော်လေးသင်ယူခဲ့တာ ၂၂ တောင်ရှိသွားပါပြီ။ ဒီလို အချိန်မှာ ကိုယ့်ရဲ့ လူရော၊စိတ်ရောကို ခဏလောက် အနားပေးလိုက်ပါ။ ပြီးရင်တော့ ကိုယ့်ရောက်ချင်တဲ့ ပန်းတိုင်ကို ဖြေးဖြေးချင်းပြန်သွားပါ။ အမြန်မလိုလဲ ကိုယ်ရည်မှန်းတဲ့နေရာကို သေချာပေါက်ရောက်မှာပါ။

ကိုယ်လုပ်ချင်တာတွေအတွက် အချိန်သုံးပါ

Sponsored

ငယ်ငယ်လေးကတည်းကနေ အသက် ၂၀ လောက်အထိကတော့ ကိုယ်လုပ်ချင်တာဆိုတာထက် မိဘတွေက ညွှန်ကြားတာတွေကို လုပ်ကို လုပ်မှဖြစ်မယ်ဆိုတဲ့ အသိစိတ်နဲ့ လုပ်ခဲ့ရတာချည်းပါပဲ။ အသက်၂၂ ဆိုတဲ့အရွယ်မှာတော့ ကိုယ်ပိုင်ဝေဖန်ပိုင်းခြားနိုင်စွမ်းလည်း ရှိနေပြီဖြစ်လို့ ကိုယ်တကယ်လုပ်ချင်တဲ့အရာတွေကို စဉ်းစားပြီး ကိုယ်ရဲ့ အချိန်တွေကို ဖဲ့ပေးကြည့်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကုန်သွားမယ့်အချိန်မှာ ကိုယ်လုပ်ချင်တာလေးတွေလုပ်ပြီး အကျိုးရှိရှိဖြတ်သန်းပါ။

READ
ပူနေတဲ့ဗိုက်ကို လုံးဝချပ်သွားစေပြီး ခါးလေးကို သေးသွယ်သွားစေမယ့် နည်းလမ်း (၇)မျိုး
pixabay/keulefm

ဖြစ်ချင်တာတွေထက် ဖြစ်သင့်တာကိုလည်း ဖြစ်ခွင့်ပေးပါ

အသက် ၂၂ အရွယ်ဆိုတာ အရမ်းအသက်ကြီးတဲ့အရွယ် မဟုတ်သလို ငယ်တော့တဲ့ အရွယ်လည်း မဟုတ်ပါဘူး။ တာဝန်ယူရတာတွေလည်း ရှိလာဖြစ်လို့ ကိုယ့်ရဲ့ အသက်အရွယ်မှာ ဖြစ်သင့်ဖြစ်ထိုက်တာတွေ လုပ်သင့်လုပ်ထိုက်တာတွေကိုလည်း လျစ်လျူရှုမထားပါနဲ့။

အဆိုးဆုံးတွေ မျှော်လင့်ထားပါ

ကိုယ့်ဘက်က အကောင်းဆုံးလုပ်ပြီး အဆိုးဆုံးကို မျှော်လင့်ပါ။ ရှုံးနိမ့်တာတွေကနေ သင်ယူပါ။

စုဆောင်းပါ

ကိုယ်ပိုင်ဝင်ငွေပမာဏထက် ပိုမသုံးဖြစ်အောင် အတက်နိုင်ဆုံးကြိုးစားပါ။ လူအထင်ကြီးခံရဖို့သက်သက်နဲ့ ပကာသနဆန်တာတွေ အပေါ် ပိုက်ဆံမဖြုန်းပါနဲ့။

ကျန်းမာရေးလိုက်စားပါ

အသက် ၂၂ နှစ်နောက်ပိုင်းအရွယ်မှာတော့ မှတ်မိနိုင်စွမ်းတွေလည်း လျော့ကျလာပြီး ကျန်မာရေးလည်း ချို့ယွင်းလာပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက် ကောင်းတာတွေလုပ်ပါ။ ခန္ဓာကိုယ်အတွက် ကောင်းတာတွေပဲ စားပါ။

မိသားစုအတွက် အချိန်ပေးပါ

ကိုယ့်အသက်ကြီးလာသလိုပဲ မိဘတွေ၊ အဘိုးအဘွားတွေရဲ့ အသက်တွေကလည်း တဖြည်းဖြည်းကြီးလာတာပါ။ အတူရှိနေတဲ့ အချိန်မှာ ဂရုစိုက်ပြီး ချစ်ပေးပါ။ သူတို့တွေကို အချိန်ပေးပါ။ မရှိတော့မှ နောင်တမရပါနဲ့။

READ
ခြေထောက်ကို ပန်းသီးရှာလကာရည်ထဲစိမ်ပေးခြင်းဖြင့်ရလာမယ့် အံ့မခန်းအကျိုးကျေးဇူး (၆)မျိုး

AP

sponsored