ပျောက်ဆုံးနေတဲ့ ကိုယ့်ကိုယ်ကို ရှာဖွေဖို့ အကောင်းဆုံးနည်းလမ်းများ

shutterstock/ViChizh
Sponsored

တစ်ခါတစ်လေမှာ ကိုယ်ရဲ့ဖြစ်တည်မှုကို မေ့လျော့ပြီး ကိုယ့်ကိုယ်ကို ပျောက်ဆုံးဖူးလား။ ဒါဟာ လူတိုင်းမှာဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုပါ။ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့မေ့လျော့နေတတ်ပြီး အလုပ်တွေနဲ့ပဲ အချိန်ကုန်နေမိတာ၊ တစ်ခြားလူတွေအတွက်ပဲ အချိန်ပေးနေမိတာမျိုး ဖြစ်ပြီး ကိုယ့်ဆိုတာ နိတဓူဝတွေကိစ္စတွေကို သံပတ်ပေးထားတဲ့ စက်ရုပ်တစ်ရုပ်လို လုပ်ကိုင်နေတတ်တာက ကိုယ့်ကိုယ်ကို ပျောက်ဆုံးခြင်း တစ်မျိုးပါ။

တစ်ချို့ပျောက်ဆုံးခြင်းတွေကျတော့ ကိုယ့်ရဲ့ဖြစ်တည်မှုဟာ အဓိပ္ပါယ်မရှိဘူးလို့ တွေးထင်နေပြီး ကိုယ့်ဘဝကိုကိုယ် စိတ်ပျက်နေတတ်တာမျိုး၊ လက်ရှိလောကကြီးမှာ နေမပျော်တော့တာမျိုးဟာလည်း ကိုယ့်ကိုယ်ကို ပျောက်ဆုံးခြင်းပါပဲ။ ဆိုတော့ ကိုယ့်ကိုယ်ကို ပျောက်ဆုံးနေပြီလို့ ခံစားရတဲ့အခါ ဒီနည်းလမ်းလေးတွေနဲ့ ကိုယ့်ကိုယ်ကို ပြန်ရှာဖွေကြည့်ပါ။

ကိုယ့်ရဲ့ ပျော်ရွှင်မှု အစစ်အမှန်ကို ရှာဖွေကြည့်ပါ

shutterstock/ zeljkodan
Sponsored

ကိုယ့်ရဲ့ဖြစ်တည်မှုဟာ အဓိပ္ပါယ်မရှိဘူးလို့ ထင်လာရတဲ့ အခါမှာ ကိုယ့်ရဲ့ပျော်ရွှင်မှုကို ပြန်လည်ရှာဖွေကြည့်ဖို့ လိုအပ်နေပါပြီ။ ကိုယ့်ကိုယ်ကို အချိန်ပေးပြီး ကိုယ်ဝါသနာပါတဲ့ တစ်ခုခုလုပ်ကိုင်ကြည့်တာ၊ ကိုယ့်အတွက် ဈေးဝယ်ထွက်တာ၊ ကိုယ့်စားချင်တာတွေလျှောက်စားတာ ဒါမှမဟုတ် ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ ညနက်တဲ့အထိ လျှောက်လည်တာ စသဖြင့် ကိုယ်စိတ်ပျော်ရွှင်မယ့် အရာတွေကို လုပ်ရင်း ကိုယ့်ကိုယ်ကိုရှာဖွေကြည့်ပါ။ သင်တစ်ဖန်ပျော်ရွှင်လာတဲ့အခါ ဘဝကြီးက အဓိပ္ပါယ်ရှိလာပြီး သင့်ကိုသင် ပြန်ရှာဖွေတွေ့ရှိလာစေမှာ ဖြစ်ပါတယ်။

READ
တနင်္လာနေ့မှာ မွေးတဲ့သူတွေရဲ့ ထူးခြားမွေးရာပါအရည်အချင်းနဲ့ အမူအကျင့် (၁၀) ခု

စာအုပ်တွေထဲက သင်ယူပါ

ကိုယ့်ကိုယ်ကို ပြန်ရှာဖွေကို အကောင်းဆုံး နောက်နည်းလမ်းတစ်ခုက စာအုပ်တွေဖတ်ဖို့ပါပဲ။ ကိုယ်လိုအပ်နေတဲ့ အဖြေတွေကို စာအုပ်တွေက ပြောပြပေးနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို စိတ်အားငယ်နေတဲ့အချိန်မှာ ခွန်အားပေးစာအုပ်လေး တစ်အုပ်ဖတ်လိုက်ခြင်းက သင်စိတ်ကို ပြန်တက်ကြွလာစေသလို ကိုယ်လိုအပ်နေတဲ့ အရာတော်တော်များများ ကိုယ်မသိတာတွေကို စာအုပ်တွေထဲမှာ တွေ့ရှိနိုင်ပါတယ်။ ဒါကြောင့် စာဖတ်ပါ စာဖတ်ခြင်းက သင့်ကိုအခက်အခဲတွေထဲက ရုန်းထွက်ဖို့ အမြဲနည်းလမ်းတွေ့ရှိစေပါတယ်။

တိတ်ဆိတ်တဲ့နေရာမှာ ကိုယ့်ကိုယ်ကို အချိန်ပေးပါ

shutterstock/ maradon 333

ကိုယ်ရဲ့ပျောက်ဆုံးနေတဲ့ စိတ်ဝိဥာဉ်ကို ပြန်ရှာဖွေဖို့အတွက် ကိုယ့်ကိုယ်ကို အချိန်ပေးဖို့ လိုအပ်ပါတယ်။ စိတ်ပျက်မှုတွေပဲဖြစ်ဖြစ်၊ ဝမ်းနည်းအထီးကျန်မှုတွေပဲဖြစ်ဖြစ် ဘယ်လိုကိစ္စကိုမဆို ဖြေရှင်းဖို့ ကိုယ့်ကသာ အဓိကကျတာပါ။ ဒါကြောင့် ပြသနာတွေကြုံလာရတဲ့အခါ တိတ်ဆိတ်တဲ့နေရာတစ်ခုမှာ ကိုယ့်ကိုယ်ကို အချိန်ပေးရင်း ကိုယ့်ရဲ့အတွင်းထဲက လာတဲ့အသံကို အာရုံစိုက်ဖို့ လိုအပ်ပါတယ်။ ကိုယ်ဘာဖြစ်ချင်တယ်၊ ဘာလုပ်ချင်တယ် ဆိုတာကို သေချာသိမှ ဖြေရှင်းနိုင်မှာဖြစ်လို့ ကိုယ့်ရဲ့ရင်ထဲကလာတဲ့ စကားသံကို နားထောင်ပေးပါ။

READ
သူသင့်အပေါ် ဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်ဘူးဆိုတာ သိနိုင်တဲ့ သက်သေ (၁၀)ချက်

တစ်ယောက်တည်း ခရီးထွက်ကြည့်ပါ

တစ်ယောက်တည်း ခရီးထွက်ဖို့ဆိုတာ တကယ်တမ်းမှာတော့ မလွယ်ကူပါဘူး။ ခရီးလမ်းတစ်လျှောက်လုံးမှာ တိုင်ပင်ဖော်မပါပဲ ကိုယ်တစ်ယောက်တည်း တွေ့ကြုံလာသမျှ ကိစ္စတွေကို တစ်ယောက်တည်း ဖြေရှင်းရမှာ ဖြစ်ပြီး ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကသာ အဓိကဖြစ်ပါတယ်။ ဒီတော့ တစ်ယောက်တည်း ခရီးထွက်ခြင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိလာစေသလို ဆုံးဖြတ်နိုင်မှု တွေးခေါ်မှုတွေလည်း မြင့်လာစေနိုင်ပါတယ်။ ဒီလိုမျိုး တစ်ယောက်တည်း ခရီးထွက်လိုက်တဲ့အခါ ကိုယ့်ရဲ့အရေးပါမှု၊ ကိုယ့်ရဲ့စွမ်းရည်ယုံကြည်မှုတွေနဲ့ ကိုယ့်ကိုယ်ကို မြင်တဲ့အမြင်တွေက ပြောင်းလဲလာပြီး သင့်ကိုသင် ပြန်ရှာဖွေတွေ့ရှိစေမှာ ဖြစ်ပါတယ်။

Khin

 

 

 

sponsored