ယနေ့ခေတ် လူငယ်တွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အဓိကအခက်အခဲ (၅) ခုအကြောင်း

shutterstock/Rawpixel.com
Sponsored

ခေတ်ကြီးက တိုးတက် ပြောင်းလဲလာပေမယ့် လူငယ်တွေကတော့ ခေတ်တိုင်းမှာ ရုန်းကန်လှုပ်ရှားနေကြရပါတယ်။ လူငယ်တွေ ဘာတွေ ရင်ဆိုင်ရလဲဆိုရင်တော့ ကဏ္ဍစုံလို့တောင် ပြောလို့ ရပါတယ်။ လူငယ်တွေက တိုင်းပြည်ရဲ့ အနာဂတ်တွေ ဖြစ်တယ်ဆိုပေမယ့် လူငယ်တွေအတွက်ကတော့ ကိုယ့်ဒူးကိုယ်ချွန် ကိုယ့်ဘဝကိုယ်လှမ်းနေရပါတယ်။ ဆင်းရဲတဲ့ စနစ်မကောင်းတဲ့ နိုင်ငံမှာ လူငယ်တွေကတော့ အခုလို အခက်အခဲတွေကို ရင်ဆိုင်ရင်း ရုန်းကန်နေကြပါတယ်။

(၁) ပညာသင်ယူမှု

Sponsored

ပညာက ဘဝအတွက်တော့ ခေတ်ကြီးတိုးတက်လာတဲ့အမျှ အရေးကြီးလျက် ရှိပါတယ်။ လုပ်ငန်းခွင် ဝင်ဖို့ဆိုရင် ကျွမ်းကျင်တဲ့ လိုအပ်တဲ့ ပညာတွေ တတ်မြောက်နေဖို့ လိုပါတယ်။ ဒါပေမဲ့ တက်ရောက်နေရတဲ့ တက္ကသိုလ်တွေက ကျောင်းပြီးပေမယ့် ပညာတတ်မြောက်တယ်လို့ မခံစားရသလို လိုအပ်တယ်လို့ ထင်ရတဲ့ အရာတွေကို တက္ကသိုလ်ကထက် ပြင်ပသင်တန်းတွေကို တတ်ရောက်ပြီး လေ့လာ သင်ယူကြရပါတယ်။ ငွေကြေးတတ်နိုင်တဲ့သူတွေအတွက်တော့ အရည်အချင်းတွေ လိုသမျှ ဖြည့်နိုင်ပေမယ့် ငွေကြေးမတတ်နိုင်တဲ့သူတွေအတွက်ကတော့ ကျောင်းပြီးတဲ့အခါ အခက်အခဲ အရမ်း ဖြစ်ကြရပါတယ်။

Image by Wokandapix from Pixabay

(၂) မိဘနဲ့ ဆက်ဆံရေး

မြန်မာပြည်လို နိုင်ငံမှာတော့ ခေတ်မီတိုးတက်လာတဲ့အခါ လွန်ခဲ့သောနှစ်တွေထက်စာရင် အများကြီး ယဉ်ကျေးမှု အခြေအနေ ပညာအသိတွေ ကွာခြားသွားပါတယ်။ ခေတ်နဲ့လိုက်ညီနေတဲ့ လူငယ်တွေနဲ့ ရှေးရိုးစွဲ မိဘတွေကြားမှာ လူငယ်တွေက အခက်အခဲတွေ အဖြစ် ရင်ဆိုင်နေရပါတယ်။ ပညာသင်ယူဖို့အတွက် မိဘတွေနဲ့ နားလည်အောင် အများကြီး ပြောဆိုနေကြရသလို နေ့စဉ် သွားလာနေထိုင်မှုတွေအတွက်လည်း မိဘတွေကို နားလည်အောင် ရှင်းပြနေရတဲ့သူတွေ ဖြစ်သလို စကားအခြေအတင်တွေလည်း ဖြစ်နေကြရပါတယ်။ မြို့ပြမှာ မဟုတ်တဲ့ လူငယ်တွေဆိုရင် အဝတ်အစား ဝတ်တာက အစ လွတ်လပ်မှု မရှိ ဖြစ်နေကြရပါတယ်။

READ
အထင်အမြင်သေးသူတွေကို အကောင်းဆုံးတုံ့ပြန်နိုင်မယ့် နည်းလမ်းကောင်းလေးတွေ

(၃) မလုံခြုံမှု

လူငယ်တွေက လူငယ်ဆန်တယ်ဆိုတာ မှန်ပေမယ့် လူငယ်တွေအတွက် အာမခံချက်ကတော့ ရှားလွန်းပါတယ်။ ပညာသင်ယူမှုမှာ အခက်အခဲ ဖြစ်နေသလို မိဘတွေနဲ့လည်း နားလည်မှု ရအောင် ညှိယူနေရပါတယ်။ မိဘတွေက သားသမီးဆိုတာ မိဘစကားကို နားထောင်ရမယ် လိုက်နာရမယ်ဆိုတဲ့ အမြင်မျိုး ရှိသူတွေလည်း များပါတယ်။ ဒါကြောင့် သားသမီးတွေက မိဘကို ချစ်စိတ် ကိုယ် လုပ်ချင်တဲ့ ကိုယ့်ဆန္ဒတွေကြားမှာ စိတ်မလုံခြုံမှု ခံစားရသလို မိန်းကလေးလူငယ်တွေကလည်း လမ်းသွားလာတဲ့အခါ မလုံခြုံမှုကို ခံစားနေရပါတယ်။ တရားဥပဒေ စိုးမိုးမှု နည်းတဲ့အတွက် လူငယ်တွေက အဘက်ဘက်ကနေ လုံခြုံမှုမရှိတာကို ခံစားနေကြရပါတယ်။

shutterstock/pathdoc

(၄) အလုပ်အကိုင်ရှားပါးမှု

လူငယ်တွေက ဘဝအတွက် စဉ်းစားနေတဲ့အခါ အလုပ်ကိုင် အခွင့်အလမ်းက ပြဿနာ ဖြစ်နေပါတယ်။ တက္ကသိုလ်က ပြီးရုံနဲ့ လုပ်ငန်းခွင်တွေက လက်မခံကြတာကြောင့် ကျောင်းက လုံလောက်တဲ့သင်ကြားမှု မရှိတာကြောင့် ပြင်ပသင်တန်းတွေကနေ သင်ယူမှသာ လိုအပ်တဲ့ ပညာအရည်အချင်းတွေ ရမှာပါ။ ပြင်ပသင်တန်းတွေ မတတ်ရောက်နိုင်တဲ့ လူငယ်တွေအတွက် အလုပ်အကိုင် ရွေးချယ်ရမှုမှာ နည်းလွန်းနေပါတယ်။ အလုပ်အကိုင်တွေကို ရှာဖွေရာမှာ လူငယ်တွေအတွက် အရမ်းကို အခက်အခဲ ဖြစ်နေကြရတာကို လူငယ်တွေကတော့ ဖောက်ထွက်နိုင်ဖို့ သူ့နည်းသူ့ဟန် ကြိုးစားနေလျက် ရှိပါတယ်။

READ
အဆီစုပ်ထုတ်ခြင်းနဲ့ပတ်သက်လို့ သိကောင်းစရာ အချက် (၇)ချက်

(၅) ငွေကြေး

လူငယ်တွေရဲ့ အိပ်မက်တွေ ဖြစ်မြောက်နိုင်ဖို့ အစိုးရကျောင်းတွေမှာ ပညာသင်ကြားတာက မဖြည့်ဆည်းပေးနိုင် ဖြစ်နေကြရပါတယ်။ ဒါကြောင့် အိပ်မက်တွေ ဖြစ်မြောက်ဖို့ဆို လူငယ်တွေက ငွေကြေး ပေးသွင်းပြီး ပြင်ပသင်တန်းတွေကနေ သင်ယူကြရပါတယ်။ ငွေကြေးအဆင်မပြေတဲ့လူငယ်တွေက အိပ်မက်အတွက် ဝေးသထက် ဝေးနေသလို ငွေကြေး ရှာဖွေဖို့အတွက် ငွေကြေး မရင်းနှီးနိုင်သလို ဖြစ်ပြီး အခက်အခဲ သံသရာ ရှည်နေတတ်ကြပါတယ်။ နောက်ဆုံး အိပ်မက်တွေကို စွန့်လွှတ်ပြီး ရရာ အလုပ်ကို ဝင်လုပ်နေရတာကလည်း လူငယ်တွေရဲ့ အခက်အခဲပဲ ဖြစ်ပါတယ်။

Kham

sponsored