ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်မှုရစေဖို့ သတိထားလုပ်ဆောင်သင့်တဲ့အရာများ

Shutterstock/Olena Yakobchuk
Sponsored

ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှု တစ်ခု ရဖို့ ဆိုတာ မလွယ်ပါဘူး။ ဒါပေမဲ့ အသက်ငယ်ငယ်မှာပဲ အောင်မြင်မှု ရနေတဲ့သူတွေ ရှိပါတယ်။ အောင်မြင်မှုဆိုတာ အရမ်းကြီးကျယ်စွာလုပ်နိုင်တာကို ပြောတာမဟုတ်ပါဘူး။ နယ်ပယ်တစ်ခုမှာ သူ့အခြေအနေအလျောက် အောင်မြင်နေတာမျိုးကို ဆိုလိုတာပါ။ ဒါကြောင့် သင်လည်း ကြိုးစားတဲ့အခါ အသက်ငယ်နေတုန်းမှာပဲ အောင်မြင်မှု ရနိုင်ပါတယ်။ ဒါပေမဲ့ ဒီအချက်တွေကိုတော့ သတိပြုဖို့ လိုအပ်ပါတယ်။

(၁) စိတ်ခံစားချက် ထိန်းညှိနိုင်မှု

Sponsored

လူတွေမှာ ဝမ်းနည်းမှု၊ ပျော်ရွှင်မှု၊ မျှော်လင့်မှု စသဖြင့် ခံစားချက်မျိုးစုံ ရှိပါတယ်။ ဒီခံစားချက်တွေက ပုံမှန်ထက်ပိုလာတဲ့အခါ လူတော်တော်များများက စိတ်အလိုလိုက်ပြီး ပြုမူတတ်ကြပါတယ်။ ကိုယ်က အောင်မြင်ချင်တဲ့သူဆိုရင်တော့ ဒီအချက်ကို သတိထားရမှာပါ။ စိတ်အလိုလိုက်ပြီး လက်လွတ်စပယ် ပြုမူတာမျိုးကို ထိန်းညှိတတ်ဖို့ လိုအပ်ပါတယ်။ စိတ်အလိုအတိုင်း ပြုမူတာက သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကျဆင်းတဲ့အပြုအမူ တစ်ခု ဖြစ်တာကြောင့် သတိထားရပါမယ်။

Shutterstock/fizkes

(၂) ရင့်ကျက်မှု

ရင့်ကျက်တယ်ဆိုတာ ဟန်ဆောင်ထားတာမျိုးကို ပြောတာ မဟုတ်ပါဘူး။ သိနားလည်ပြီး တည်ငြိမ်စွာ ရင်ဆိုင်ဖြေရှင်းတတ်တာမျိုးကို ဆိုလိုတာပါ။ အရာရာတိုင်းမှာ သူ့အကြောင်းနဲ့သူ ရှိတာကို သဘောပေါက်ပြီး နားလည်ပေးတတ်ဖို့ လိုပါတယ်။ လူတိုင်းကို မသေချာပဲ ပြစ်တင်တာတွေ ပြောဆိုတာတွေ မလုပ်ပဲ နေဖို့လည်း လိုပါတယ်။ ရင့်ကျက်တဲ့သူမှသာ မလိုလားအပ်တဲ့ စိတ်ခံစားချက်တွေကို ထိန်းနိုင်တာပါ။

READ
နှစ်သစ်မှာ သင့်ဘဝကို လုံးဝပြောင်းလဲပစ်နိုင်မယ့် နေ့စဉ်အလေ့အကျင့် (၃) ခု

(၃) လေ့လာမှု

ကိုယ်က ငယ်ငယ်နဲ့ အောင်မြင်ချင်ရင်တော့ လေ့လာရေးလုပ်တာကို မပြတ်မှ ဖြစ်မှာပါ။ ကိုယ်လုပ်ချင်တဲ့အရာအတွက် လေ့လာဖို့ နေ့တိုင်း အချိန်သေချာပေးပြီး တိုးတက်မှုရှိအောင် လေ့လာရပါမယ်။ ဒါမှသာ သင် လုပ်ချင်တဲ့ အရာမှာ ကျွမ်းကျင်မှု သိနားလည်မှု ရှိမှာပါ။ သူများထက် တော်ချင်ရင် သူများထက် အဆပေါင်းများစွာ ပိုကြိုးစားလေ့လာရမှာပါ။ မဟုတ်ရင် သင်လိုချင်တဲ့ ပန်းတိုင်ကို မြန်မြန် ရောက်ဖို့ဆိုတာ မသေချာပါဘူး။

Image by Wokandapix from Pixabay

(၄) ရင်းနှီးမြုပ်နှံမှု

တစ်ခုကို လိုချင်ရင် တစ်ခု ပေးဆပ်ဖို့ လိုတယ်ဆိုတာ ရှိပါတယ်။ ကိုယ်က သူများနဲ့ မတူပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ချင်ရင် သူများနဲ့ မတူတဲ့ ဘဝကို ရမှာပါ။ သူငယ်ချင်းတွေနဲ့ ကုန်ဆုံးတဲ့အချိန် အပျော်အပါး အချိန်တွေကို သူများလောက် ရမှာ မဟုတ်ပါဘူး။ သင့်ရဲ့ အချိန်တွေ ငွေတွေကို သင့်ရဲ့ လေ့လာကြိုးစားမှုမှာပဲ မြုပ်နှံထားမှသာ အောင်မြင်မှု ရဖို့ ပိုနီးမှာ ဖြစ်ပါတယ်။ မဟုတ်ပဲ စိတ်အလိုလိုက်ပြီး အပျော်အပါးမှာပဲ အချိန်ကုန်နေရင် သင့်ပန်းတိုင်က ဝေးနေအုံးမှာပါ။

READ
တစ်ကိုယ်လုံးရဲ့ အသားအရေကို ဒီလိုနည်းတွေနဲ့ အကောင်းဆုံး ထိန်းသိမ်းကြမယ်….

(၅) အချစ်

အချစ်ဆိုတဲ့အရာက ကံကောင်းမှုကိုလည်း ရတတ်သလို ကံဆိုးမှုလည်း ရတတ်ပါတယ်။ အချစ်ဆိုတာ ထီထိုးရတာနဲ့ ဆင်တူပါတယ်။ သင့်ကို အပြည့်အဝနားလည်ပေးနိုင်တဲ့သူကို ချစ်မိရင်တော့ သင့်အောင်မြင်မှုက သူရဲ့ပံ့ပိုးမှုကြောင့် ပိုလို့တောင် နီးသွားနိုင်ပါသေးတယ်။ ဒါပေမဲ့ ပူလောင်မှုနဲ့ နာကျင်မှုပဲ ခံစားရမယ်ဆိုရင်တော့ သင့်ရဲ့ ကြိုးစားနေမှုကို အဲ့ခံစားချက်က လာအနှောင့်အယှက် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အချစ်ပေါ် အလုံးစုံမျက်စိမှတ်ပြီး စိတ်ခံစားချက်တွေကို ပုံမအောလိုက်ပါနဲ့။ သင့်ဘဝခရီးကို အနှောင့်အယှက်ဖြစ်နိုင်မယ်ဆိုရင် ခေါက်ထားတာ အကောင်းဆုံးပါပဲ။

Kham

sponsored