စိတ်ခံစားချက်မဲ့နေတဲ့ သူတွေရဲ့ ရင်ထဲမှာ ရှိနေတတ်တဲ့ အကြောင်းအရင်းများ

Instagram-ChristianStewart
Sponsored

ခွဲခန်းတွေ ဝင်တဲ့အချိန်မှာ အသားမနာအောင် ထုံဆေးထိုးရသလိုပါပဲ လူတွေမှာလဲ စိတ်ကို ထုံသွားပြီး ခံစားချက်မဲ့သွားစေတဲ့ အကြောင်းအရာ ကိုယ်စီ ရှိတက်ကြပါတယ်။ တော်ရုံ မငိုတတ်တော့တာတွေ၊ ဘယ်ကိစ္စမှာမဆို တော်ရုံ မခံစားတက်တော့တာတွေက စိတ်ခံစားချက်မဲ့နေလို့ပဲ ဖြစ်ပါတယ်။ တမင်တကာ ဖန်တီးယူထားတာ မဟုတ်ပဲ ဘယ်လိုအကြောင်းတွေကြောင့် ဖြစ်တက်လဲ ဆိုရင်တော့…

freepik_wallpaperaccess

စိတ်ပိုင်းဆိုရင် အနိုင်ကျင့်ခံထားရလို့

Sponsored

ငယ်စဉ်ကလေးဘဝထဲက အနိုင်ကျင့်ခံရသူတွေ၊ အထီးကျန်သူတွေ၊ စိတ်ပိုင်းဆိုင်ရာ ဒုက္ခပေးခံမှုတွေက ကြာလာရင် လူတစ်ယောက်ရဲ့ စိတ်ကိုသတ်ပစ်နိုင်လောက်တဲ့ အထိ စွမ်းလွန်းပါတယ်။ စရင်းနောက်ရင်း ပြောတဲ့ စကားတွေကနေတောင် စိတ်ဒဏ်ရာ ဖြစ်လာတက်ပြီး ကိုယ့်ဟာကိုယ် အကုန်ခံစားချက်ပိတ်ချလိုက်တာမျိုးပါ။

ဆုံးရူံးမှုတွေ အရမ်းများခဲ့လို့

ပစ္စည်းဆုံးရူံးမှုထက် သံယောဇဉ်တွေ မဖြတ်ချင်ပဲ ဖြတ်လိုက်ရတဲ့ ဆုံးရူံးမှုတွေက လူတွေရဲ့ စိတ်ကို မခံစားချင်တော့လောက်အောင် ဖိအားပေးတက်ကြပါတယ်။ ချစ်တဲ့သူတွေ အရမ်းဆုံးရူံးခဲ့ရတဲ့ သူတစ်ယောက်က ဘာမှမခံစားချင်တော့လို့ ကိုယ်စိတ်ခံစားချက်တွေကို ထိန်းရင်း ခံစားချက် မဲ့သွားတက်ပါတယ်။

READ
အသက်(၃၉)နှစ်လို့ မထင်မှတ်ရလောက်အောင် နုပျိုလှပနေတဲ့ မင်းသမီးချော Jang Na-ra
Freepik_wallpapertip

ယုံကြည်မှုတွေ ဖျက်ဆီးခံရလို့

ချစ်ရတဲ့ ယုံကြည်ရတဲ့ သူတွေဆီက အလိမ်ခံလိုက်ရတာ၊ သစ္စာဖောက်ခံလိုက်ရတာတွေက နောက်ထပ်ဘယ်သူ့ကိုမှ မယုံရဲတော့ပဲ ကိုယ့်ဟာကိုယ် အပြစ်တင်လာတက်ပါတယ်။ ငါအသုံးမကျလို့၊ ငါယုံမိလို့ စသဖြင့် အပြစ်တွေတင်လာရင်း နောက်ဆုံးဘယ်သူ့ကိုမှ ဘဝထဲအဝင်မခံတော့ပဲ ခံစားချက်တွေပါ ပိတ်ချလိုက်တက်ပါတယ်။

TPS

sponsored