Broken Family နဲ့ကြုံတွေ့ဖူးတဲ့သူတွေသာ သိနိုင်မယ့် ခံစားမှုများ

Image by StockSnap from Pixabay
Sponsored

ဘဝမှာ ပျော်ရွှင်ရပြီး ကောင်းကောင်းမွန်မွန် အသက်ရှင်ဖို့က စိတ်ချမ်းသာတဲ့မိသားစုရယ်၊ ကောင်းမွန်တဲ့ ပတ်ဝန်းကျင် အသိမိတ်ဆွေ စသည်ဖြင့် လိုအပ်ပါတယ်။ တစ်ချို့တွေကတော့ ကံမကောင်း အကြောင်းမလှလို့ မိတကွဲ ဖတကွဲ ဖြစ်ရတာမျိုးကြုံတွေ့ကြရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်ဖြစ် အခုလို မလိုချင်တဲ့ အခြေနေမျိုးကို လက်ခံထားရတဲ့သူတွေအနေနဲ့က တခြားပုံမှန်အနေအထားမှာရှိတဲ့သူတွေနဲ့တော့ မတူတဲ့အချက်တွေရှိနေတတ်ပါတယ်။

သိမ်ငယ်တတ်တဲ့စိတ်
မပြေလည်တဲ့ အကြောင်းတရားတွေကြောင့် မိဘတွေ လမ်းခွဲပြတ်စဲတဲ့အခါ ကျန်ခဲ့တဲ့သားသမီးတွေအနေနဲ့က အများစုမှာ အားငယ်တတ်တဲ့စိတ်၊ သိမ်ငယ်တဲ့စိတ်လေးတွေ ရှိတတ်ပါတယ်။ အမေ့အရိပ်ကို ခိုတာဖြစ်စေ၊ အဖေနဲ့အတူတူရှင်သန်ရတာဖြစ်စေ ပူပင်မှုမရှိခဲ့ရင်တောင် တစ်ဖက်ဖက်ကလစ်ဟာနေသလို ခံစားရပြီး သိမ်ငယ်တဲ့စိတ် ဝင်တတ်ပါတယ်။ ဘယ်လိုပဲစိတ်မာတယ်ပြောပြော တစ်ခါတစ်လေတော့ မိစုံဖစုံနဲ့မနေရတဲ့ ခံစားချက်က ကိုယ့်ကိုသိမ်ငယ်စေတတ်တာ အမှန်ပါပဲ။

Image by Manfred Antranias Zimmer from Pixabay
Sponsored

ပိုပြီးတော့သန်မာတယ်
ပုံမှန်ထက် လိုအပ်ချက်တစ်ခုခုရှိနေတဲ့သူတွေက လောကကြီးနဲ့ ထိတွေ့ရင်ဆိုင်ရတဲ့အခါ ပိုပြီး အားစိုက်ရတတ်လို့ ပိုပြီးသန်မာကြပါတယ်။ တစ်ဦးတည်းရပ်တည်ရတဲ့သူတွေဆို အရာရာကို ကိုယ်တိုင်ကဆုံးဖြတ်လုပ်ဆောင်ရတာမို့ ပိုပြီးတော့ကိုသန်မာကြတာပါ။ အဆိုးထဲကအကောင်းလို့ပဲ ဆိုရမှာပေါ့။ မပြည့်စုံတဲ့ အခြေအနေက ကိုယ့်ကို တွန်းအားတွေပေးလို့ ပိုပြီးသန်မာတဲ့သူ ဖြစ်လာစေတာလည်း ဖြစ်ပါတယ်။

READ
ချောကလက်ကိတ်ကို အိမ်မှာ အလွယ်တကူ ပြုလုပ်လို့ရမယ့် နည်းလမ်းကောင်း

အထိန်းအကွပ်မဲ့တဲ့ခံစားချက်
ဒါကလည်း လူတိုင်းတော့ မဟုတ်ပေမယ့် ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ အခြေအနေတစ်မျိုးပါ။ ဆုံးမပြဲ့ပင်မယ့်သူမရှိလို့ လေလွင့်နေတာမျိုးမဟုတ်ပဲ ကိုယ့်အခြေအနေကိုယ် မကျေနပ်တဲ့ အနေအထားကနေ ဖြစ်လာတဲ့ခံစားချက်မျိုးပါ။ ဒီလိုလူမျိုးတွေက တစ်စုံတစ်ယောက်ကနေ ဂရုစိုက်နားလည်ပေးတဲ့အခြေအနေမျိုးမှုကို ပိုပြီးတော့လိုချင်တတ်ကြပါတယ်။

Image by StockSnap from Pixabay

စိတ်ဒဏ်ရာ
အတိတ်မှာ ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို မနှစ်မြို့ရင်း ဆင်တူတဲ့အဖြစ်တွေကို မြင်တိုင်း သတိရမိရင်း စိတ်ဒဏ်ရာတွေ ဖြစ်မှန်းမသိဖြစ်လာတတ်ပါတယ်။ ကိုယ့်ရဲ့အကြောက်တရားက ကိုယ့်ကို အနိုင်ယူသွားတဲ့အခါ မထိန်းချုပ်နိုင်တဲ့ စိတ်ဒဏ်ရာမျိုးတွေ ရတတ်ပါတယ်။ ဥပမာ ငယ်ငယ်က ကိုယ့်ရှေ့မှာ အဖေနဲ့အမေ ရန်ဖြစ်တဲ့အခါ ကြောက်လန့်ခဲ့ရတဲ့ အခြေအနေမျိုးပေါ့။

အားကိုးခင်တွယ်တတ်တဲ့စိတ်
အဆင်မပြေမှုတွေက အိမ်မှာဖြစ်တတ်တာမို့ အိမ်ဆိုတာကက နေပျော်ဖို့မကောင်းတဲ့နေရာတစ်ခုဖြစ်လာရပြီး အပေါင်းအသင်း သူငယ်ချင်း ချစ်ရသူအပေါ် ပိုပြီးခင်တွယ်တတ်လာကြပါတယ်။ အိမ်နဲ့အဆင်မပြေလို့ သူငယ်ချင်းဆီမှာသွားပြီးရင်ဖွင့်ရတဲ့အခြေအနေတွေက ရှိတတ်လို့ ပိုပြီးယုံကြည်အားကိုးတတ်ကြတာပါ။ ဒီလူတွေအနားမှာမရှိတော့ရင် မရပ်တည်နိုင်တဲ့အထိ အတွေးတွေလည်း ဝင်တတ်ကြပါသေးတယ်။

READ
မောင်နှမတွေကြား အမှတ်မထင်ဘဲ လက်ဆောင်လေးတွေဘာလို့ပေးသင့်တာလဲ?

Kham

 

sponsored