တကယ် ချစ်မိသူတွေတိုင်း ရင်နဲ့အမျှ ခံစားဖူးတဲ့ အရာအမျိုးမျိုး

Image by Phan Minh Cuong An from Pixabay
Sponsored

လူတစ်ယောက်က တစ်သက်မှာ တစ်ခါ လောက်တော့ ချစ်ဖူးကြပါတယ်။ အချစ်ဆိုတာ ချိုမြိန်လားလို့ မေးတဲ့အခါ ချစ်မိဖူးကြသူတိုင်းကတော့ ချိုမြိန်လား မချိုမြိန်လားတော့ မသေချာတဲ့ အဖြေတွေကို ပေးကြမှာပါ။ အချစ်ဆိုတာ ပုံစံအမျိုးမျိုးနဲ့ လူတွေထဲမှာ ကိုယ့်ခံစားမှုကို လိုက်ပြီး ချစ်တတ်ကြတာပါ။ ဒါကြောင့် အချစ်က အမျိုးမျိုး ရှိတယ်လို့ ဆိုကြပေးမယ့် တကယ်က အချစ်ဆိုတာ ချစ်တယ်ဆိုတဲ့ စိတ်တစ်ခုတည်း ဖြစ်ပြီး ကျန်တာကတော့ ချစ်တဲ့ပုံစံ ကွဲပြားကြတာပဲ ဖြစ်ပါတယ်။

(၁) လွမ်းတယ်

Sponsored

လွမ်းတယ်ဆိုတဲ့ ခံစားချက်က ဘယ်လိုလဲလို့ မေးရင် ဟာတာတာကြီးဆိုတာက လွဲရင် သိပ်အဖြေရှိမှာ မဟုတ်ပါဘူး။ ချစ်ဖူးတဲ့သူတွေသာ ဒီခံစားချက်ကို နားလည်ကြတာပါ။ မိဘကို ချစ်တဲ့သူတွေကလည်း မိဘတွေကို လွမ်းတဲ့ခံစားချက်တွေ သိကြပေမယ့် ချစ်ရတဲ့ချစ်သူကို လွမ်းတဲ့ခံစားချက်ကလည်း တစ်မျိုး ထူးခြားနေပါတယ်။ ဒါကြောင့် တစုံတယောက်ကို ချစ်မိဖူးကြတဲ့သူတွေမှသာ ဒီခံစားချက်ကို နားလည်နိုင်ပါတယ်။

READ
အချစ်ရေးမှာ ကံကောင်းတဲ့မိန်းကလေးတွေပဲ ရနိုင်မယ့်အခွင့်အရေးများ
Photo by Felipe Cespedes from Pexels

(၂) သဝန်တိုမယ်

ကိုယ်ချစ်ရတဲ့သူကို ကိုယ့်ကိုပဲ ဂရုစိုက်စေချင်မိတာ ကိုယ့်တစ်ယောက်တည်းအပေါ်ပဲ ချစ်နေစေချင်မိတာ ချစ်မိသူတိုင်းရဲ့ သဘာဝပါ။ သဝန်တိုတာက ချစ်ရတဲ့သူကို မယုံကြည်တာ စိုးရိမ်တာမျိုး မဟုတ်ပဲနဲ့ ကိုယ်မဟုတ်တဲ့ တစ်ခြားသူတွေအပေါ် အာရုံစိုက်တာကို မနှစ်သက်တဲ့ ပုံစံမျိုးပါ။ တစ်ဖက်သတ်ပဲ ချစ်ရသည် ဖြစ်စေ၊ နှစ်ဦးသဘောတူ ချစ်ကြတဲ့သူတွေ ဖြစ်ပါစေ သဝန်တိုတဲ့ ခံစားချက်ကတော့ တူတူပဲ  ဖြစ်ပါတယ်။ ချစ်ရတဲ့အခါ အထူးအဆန်းတွေ ဖြစ်လာရတာပဲ မဟုတ်လား။

(၃) သံသယ ဖြစ်မယ်

သံသယဆိုတာ မယုံကြည်တာကြောင့် ပြောဆိုလေ့ ရှိကြပါတယ်။ ချစ်မိတဲ့သူတွေမှာ ရှိတဲ့ သံသယကို အဓိပ္ပာယ် ဖွင့်ဆိုရရင် စိုးရိမ်မှု ဖြစ်ပါတယ်။ ချစ်မိတဲ့သူတိုင်းက ကိုယ်ချစ်ရသူက ကိုယ့်ကိုပဲ အမြဲတမ်း ချစ်နေစေချင်တာပါ။ ဒါကြောင့် သူတို့ ချစ်ရတဲ့သူမှာ သူတို့အပေါ် ဂရုမစိုက်တော့ဘူး အလေးမထားတော့ဘူးလို့ စတင်ခံစားရလာချိန်မှာတော့ သံသယတွေ ရှိလာကြပါတော့တယ်။ ကိုယ့်ကို မချစ်တော့ရင်ဆိုတဲ့ စိုးရိမ်စိတ်က ဘယ်လောက် ကြောက်ဖို့ကောင်းလဲဆိုတာ ချစ်ဖူးတဲ့သူတွေပဲ သိတာပါ။

READ
ယောက်ျားတွေကို ဖောက်ပြန်မှုနိုင်ခြေ ပိုမိုများစေတဲ့အရာ
Photo by Rosie Ann from Pexels

(၄) စိတ်ပူပြီး စိတ်တိုမယ်

တစ်ယောက်နဲ့ တစ်ယောက် ချစ်တဲ့အခါ စိုးရိမ်မှု၊ ပူပန်မှု၊ ဂရုစိုက်မှုတွေ တွဲပြီး ပါလာတတ်ပါတယ်။ ဒါကြောင့် သူဘယ်သွားတယ် ဘာလုပ်တယ်ဆိုတာကို သိချင်လာကြသလို အဆက်အသွယ်မရတဲ့ အခါတွေမှာ စိတ်ပူပန်နေတတ်ပါတယ်။ ကိုယ်ချစ်တဲ့သူဆီကနေ အကြောင်းအရင်းမရှိ အဆက်အသွယ်ပြတ်သွားတဲ့အခါ ဘာဖြစ်နေလဲဆိုပြီး စိတ်တွေပူနေတတ်ပြီး အဆက်အသွယ်ပြန်ရတဲ့အခါ စိတ်ပူပြီး ဒေါသထွက်မိတာတွေလည်း ဖြစ်တတ်ပါသေးတယ်။

(၅) မျှော်လင့်တယ်

ချစ်မိတဲ့သူတိုင်းက မျှော်လင့်မိကြာတာပါပဲ။ ကိုယ့်ကို ပြန်ချစ်ဖို့ဆိုတာအပြင် ကိုယ် ဂရုစိုက်သလို ကိုယ်အလေးထားသလို သူ့ဘက်က ပြန်အလေးထားဖို့တွေပါ မျှော်လင့်တတ်ကြတာပါ။ ဘဝကို အတူ ဘယ်လို ဖြတ်သန်းကြမယ်ဆိုတာတွေကိုလည်း စိတ်ကူးယဉ်ပြီး မျှော်လင့်တတ်ကြပါသေးတယ်။ ချစ်မိတဲ့အခါ တစ်ဘဝလုံး အတူရှိမယ့် ဘဝလက်တွဲဖော် ဖြစ်သွားဖို့လည်း မျှော်လင့်တတ်တာ တကယ်ချစ်မိသွားတဲ့သူတွေမှာပဲ ရှိတာပါ။

by Kham

 

sponsored