Season 3 အထိ ထုတ်လွှင့် ပြသ သွားမယ့် The Penthouse: War in Life

Image:IG/SBS drama
Sponsored

ပရိသတ်တွေ လက်တလောမှာ အကြိုက်တွေ့ နေတဲ့ The Penthouse: War in Life က တော့  Season 3 အထိ ရိုက်ကူး ထုတ်လွှင့် သွား မှာပါ။မီဒီယာတစ်ခုရဲ့ ဖော်ပြ ချက် အရ တော့ လက်ရှိပြ နေတဲ့ Season 1 ရဲ့ ရိုက်ကူးရေးကို တော့ နိုဝင်ဘာ ၂၃ မှာ ပြီးစီးသွား ခဲ့ ပြီ လို့ ဆိုပါတယ်။ပထမ Season1 မှာတော့ အပိုင်း ၂၁ ပိုင်း  ပါဝင် မှာပါ။မူလ က တော့ ၂၀ ပဲ လို့ ရည်ရွယ်ထား ပေမယ့် ဘေ့စ် ဘော ပွဲ ကြောင့် တစ်ပိုင်း ပြသ မှုကို Cancel လုပ် လိုက်ရတာ ကြောင့် အင်္ဂါ နေ့ မှာ ပြီးဖို့ အတွက် SBS က နေ နောက်တစ်ပိုင်း ထပ်ထည့် လိုက်တာပါ။ဒီအကြောင်းကိုတော့ zapzee မှာ ဖော်ပြထားတာပါ။

 

View this post on Instagram

 

A post shared by E.JIAH 이지아 (@e.jiah)

Sponsored

အတွင်းလူတွေရဲ့ ပြောစကားအရ တော့ season 2 ကို အပိုင်း ၂၀ ပြသ ဖို့ စီစဉ်ထားခဲ့ ပေမယ့် နောက်ပိုင်းမှာတော့ SBS က နေ ၁၂ ပိုင်း ပဲ လုပ်ဖို့ ဆုံးဖြတ် ခဲ့ပါတယ်။ Season 1  ကိုတော့ တနင်္လာ  နဲ့ အင်္ဂါ နေ့မှာ ပြသ ပေမယ့် Season 2 နဲ့ Season 3 ကိုတော့ သောကြာ နဲ့ စ နေ နေ့ တို့မှာ ပြသ သွားမှာပါ။လက်ရှိ Season1 ရဲ့ အပိုင်း ၈ ကို တော့ မကြာသေးခင်ကမှ ထုတ်လွှင့် ပြသ ခဲ့တာပါ။ဒီဇာ တ်ကားက တော့ လူချမ်းသာတွေ နေတဲ့ ဂန်းနမ် မှာ ရှိတဲ့ အထပ် တစ်ရာ မိုးမျှော်တိုက် .ဟယ်ရာ နန်း တော် မှာ နေကြတဲ့ လူတွေ အကြောင်းကို ရိုက်ပြထားတာပါ။

ချမ်းသာတဲ့ မိဘတွေ၊သူတို့သားသမီးတွေရဲ့ ယုတ်မာမှုတွေ၊ဆင်းရဲတဲ့သူတွေ အပေါ် နင်းခြေ အနိုင်ယူတာ တွေ ကို ရိုက်ပြ ထားတာပါ။ ကြည့်ရှုနှုန်း က လည်း တစ်ပတ်ပြီး တစ်ပတ် မြင့်တက် လာတဲ့ အထိ အားေ ပးသူတွေ အရမ်းများခဲ့ပါတယ်။ဇာတ်ကားစ ပြတုန်းက ထုံးစံ အတိုင်း ဒီလို ဇာတ်ကားမျိုးကို TV မှာ မပြသင့်ဘူး၊ ဇာတ်ကားရဲ့ အသက် သတ်မှတ် ချက်ကို တိုး ပေး သင့်တယ် ဆိုတဲ့ ဝေဖန် မှု တွေ နဲ့ ရင်ဆိုင် ခဲ့ရပါတယ်။ဒါပေမယ့် လည်း ပရိသတ်တွေ က အရမ်း အားပေးခဲ့ တာကြောင့် အပိုင်း ၇ ဆိုရင် ကြည့်ရှုနှုန်း 14.5%  အထိ ရခဲ့ ပြီး လက် ရှိမှာ တော့ ကြည့်ရှုနှုန်း အမြင့်ဆုံး ဒရမ်မာ ဇာတ်ကားပါ။

၁၀ ရက်နားပြီး Season 2 ရိုက်ကူးရေးတွေကို စဖို့ production team  ကေ န စီစဉ်ထားခဲ့တာပါ။ဒါပေမယ့်လည်း ဇာတ်ကားမှာ ပါဝင် ထားတဲ့ ဇာတ်ပို့ သရုပ်ဆောင် တစ်ယောက်က ကိုဗစ် ကူးစက်ခံခဲ့ရတာကြောင့် 2 ရိုက်ကူးရေး စဖို့ ကိစ္စ က မ သေ မချာ ဖြစ်သွား ခဲ့ပါတယ်။ဘယ်အချိန်မှာ Season 2 ရိုက်ကူးရေး ပြန်စ မလဲဆိုတာကတော့ မသိရသေးပါဘူး။

#AUNTYMAY

sponsored