အဝါရောင်ကြိုက်သူလေးတွေမှာ ရှိတတ်တဲ့ ချစ်စရာအချက်လေးများ

shutterstock/MRProduction
Sponsored

လူတိုင်းမှာ ကိုယ်ကြိုက်တတ်တဲ့အရောင်တွေ ကိုယ်စီ ရှိကြပါတယ်။ ဒီလို ကြိုက်တဲ့အရောင်တွေထဲမှာမှ အဝါရောင်ကို ကြိုက်သူက တကယ့်ကို ရှာမှရှားပါနော်။ အကြိုက်ဆုံးအရောင်ကဘာလဲဆိုတဲ့ မေးခွန်းကို အဝါရောင်လို့ ပြန်ဖြေသူက အတော်ရှားပါး ဖြစ်ပါတယ်။ ဒီတော့ အဝါရောင်ကို ကြိုက်နှစ်သက်သူလေးတွေမှာ ရှိတတ်တဲ့ ကိုယ်ရည်ကိုယ်သွေးလေးတွေနဲ့ လက္ခဏာရပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

(၁) လေ့လာရတာနဲ့ အသိပညာတွေ မျှဝေရတာ ပျော်တယ်

Sponsored

အဝါရောင်က အကြိုက်ဆုံး အရောင်ဖြစ်နေသူတွေက ပညာရပ်တွေ အသစ်အသစ်သော အရာတွေကို လေ့လာရတာ သဘောကျတတ်ကြပါတယ်။ ဒါ့အပြင် ဗဟုသုတတွေ လေ့လာထားတာတွေကို စကားဝိုင်းထဲ သယ်လာပြီး ပြောတတ်ကြသူတွေ ဖြစ်ပါတယ်။ အသိပညာကြွယ်ဝပြီး စမတ်ကျတဲ့သူတွေအဖြစ် သူတို့ကို တွေ့ရမှာပါ။

Photo by Andrea Piacquadio from Pexels

(၂) ပျော်ရွှင်ရတယ်

ပြီးပြည့်စုံတဲ့ဘဝကြီးကတော့ မရှိပါဘူး။ အဝါရောင်ကြိုက်သူလေးတွေကတော့ ပျော်နေရတတ်ပါတယ်။ ပျော်စရာအချိန်တွေလည်း များပါတယ်။ သူတို့ ဘဝက အရာရာ အဆင်ပြေလို့တော့ မဟုတ်ပါဘူး။ သူတို့က အကောင်းမြင်စိတ်ရှိသူတွေ ဖြစ်လို့ ပျော်ရွှင်နေရတာ ဖြစ်ပါတယ်။ ဘယ်လို အခြေအနေကိုမဆို အကောင်းဆုံး ဖြတ်ကျော်တတ်ကြသလို အခြေအနေတစ်ခုကို အမြန်ဆုံး တည်ငြိမ်အောင် ထိန်းသိမ်းနိုင်စွမ်း ရှိသူတွေလည်း ဖြစ်ပါတယ်။

READ
ရုပ်ရှင်တွေထဲမှာပဲရှိပြီး တကယ့်လက်တွေ့ဘဝမှာ လုံးဝမဖြစ်နိုင်တဲ့ အရာများ

(၃) နေရောင်ကဲ့သို့ လင်းလက်တောက်ပသူ

သင်က အဝါရောင်ကို အရူးအမူးကို ကြိုက်နှစ်သက်ရင်တော့ လူတွေက သင့်ရဲ့ အကောင်းမြင်တတ်မှု၊ ပျော်ရွှင်နေတတ်မှု၊ သွက်လက်ထင်ရှားနေမှုတွေကြောင့်ကိုပါ တွေ့မြင်ရပြီး နေအလင်းရောင်နဲ့ပါ သင့်ကို နှိုင်းယှဉ်မိနေမှာပါ။ သင့်မှာ ဆိုးဆိုးရွားရွား အခြေအနေတွေလည်း မရှိတတ်ပါဘူး။ အကြောင်းအရင်းကတော့ သင်က အကောင်းဆုံးအခြေအနေကို ဖန်တီးတတ်သူလည်း ဖြစ်သလို ကောင်းအောင် ဘယ်လိုနေရမလဲဆိုတာကို သိတဲ့သူလည်း ဖြစ်နေလို့ ဖြစ်ပါတယ်။

Photo by Thunyarat Klaiklang from Pexels

(၄) ပေါင်းသင်းဆက်ဆံရေးကောင်းတယ်

အဝါရောင်ကို ကြိုက်တယ်ဆိုရင်တော့ သင်က ပေါင်းသင်းဆက်ဆံရေးကောင်းသူ တစ်ယောက် ဖြစ်မှာပါ။ ဒါကြောင့် မိတ်ဖွဲ့တာ သူငယ်ချင်းဖွဲ့တာတွေက သင့်အတွက်  အသေးအဖွဲ့ဖြစ်ပါတယ်။ လူတွေကို သိအောင်လုပ်တာ လူတွေနဲ့ စကားစမြည်ပြောရတာတွေက သင့်အတွက်တော့ သိပ်ကို လွယ်ပါတယ်။ ဒါကြောင့် လူချစ်လူခင်ပေါနေသူလည်း ဖြစ်ပါတယ်။

READ
လောကကြီးမှာ မိန်းကလေးနှစ်မျိုးနှစ်စားပဲ ရှိတယ်ဆိုတာ သက်သေပြနေတဲ့ဓာတ်ပုံများ

(၅) ပျော်တတ်တယ်

ဒီလူတွေကတော့ သူတို့ကြိုက်တဲ့အရောင်နဲ့လိုက်ဖက်စွာပဲ ပျော်ရွှင်သွက်လက်ကြသူတွေပါ။ လူတွေကြားမှာ ရှိနေတာကိုလည်း ကြိုက်နှစ်သက်ကြပြီး အပျော်အပါးတွေ ဖန်တီးသလို ပါဝင်ဆင်နွှဲတတ်ကြသူတွေလည်း ဖြစ်ပါတယ်။ ပေါတောတောတွေ ဟာသတွေလည်း ခေါင်းထဲကနေ အလျှင်အမြန်ထွက်ပြီး သူများတွေကို ရယ်မောတတ်စေသူတွေလည်း ဖြစ်ပါတယ်။

Ref: Brightside.me

Kham

 

sponsored