မိသားစုရဲ့ တန်ဖိုးနဲ့ အရေးပါမှုကို ဒီလိုအခြေအနေတွေ ရောက်မှသာ ခံစားမိမှာပါ …

shutterstock/  szefei
Sponsored

မိသားစုဆိုတာ လူတိုင်းအတွက် တစ်ခုတည်းသောနဲ့ အရေးအကြီးဆုံးသော အသိုက်အမြုံလေး တစ်ခုပါ။ တစ်ချို့လူတွေက မိသားစုကို အရမ်းတန်ဖိုးထားတတ်ကြသလို တစ်ချို့တွေကျပြန်တော့ မိသားစုကို တန်ဖိုးထားဖို့ ခဏလောက် မေ့လျော့နေတတ်ကြပါတယ်။ တကယ်တော့ မိသားစုရဲ့ တန်ဖိုးတွေ၊ အရေးပါမှုတွေကို ဒီလိုအခြေအနေတွေမှာ ပိုခံစားသိရှိစေပါတယ်နော်။

ဒုက္ခရောက်နေတဲ့ အချိန်

shutterstock/ Antonio Guillem

မိသားစုဆိုတာ ချစ်တယ်လို့ ပါးစပ်က တဖွဖွ ထုတ်မပြောရင်သာ နေမယ်။ ကိုယ့်မိသားစုဝင်ထဲက တစ်ယောက်ယောက် တစ်စုံတစ်ခုဖြစ်လို့ပဲဖြစ်ဖြစ် ဒုက္ခရောက်နေလို့ပဲ ဖြစ်ဖြစ် ရှေ့ဆုံးကနေ ကာကွယ်ပေးမယ့် သူတွေပါ။ ကိုယ်ဒုက္ခရောက်နေတဲ့အချိန်မှာ မိသားစုရဲ့ အားပေးမှုတွေ၊ ဂရုစိုက်မှုတွေကို ခံစားမိစေမှာပါ။ ဒီလိုအချိန်က မိသားစုရဲ့ တန်ဖိုးကို ခံစားမိစေတဲ့ အချိန်ပဲ ဖြစ်ပါတယ်။

ပျော်ရွှင်နေတဲ့ အချိန်

shutterstock/ fizkes
Sponsored

မိသားစုဆိုတာ အေးအတူ ပူအမျှ ဖြစ်လာသမျှကို အတူတူ ရင်ဆိုင်တတ်ကြသူတွေပါ။ ဝမ်းနည်းစရာ ရှိလည်း အတူတူ ဝမ်းနည်းပေးတတ်သလို ပျော်စရာရှိလည်း ထပ်တူဝမ်းသာပေးတတ်သူတွေပါ။ လူတွေမှာ စိတ်ညစ်ဝမ်းနည်းစရာ ကိစ္စတွေကို ရင်ဖွင့်ဖော်မရှိတာက ပိုစိတ်ညစ်စရာ ကောင်းသလိုပဲ ပျော်ရွှင်စရာတွေကို ဝေမျှခံစားပေးဖော်မရှိတာကလည်း တကယ့်ကို ဝမ်းနည်းစရာ ကောင်းပါတယ်နော်။ ဒီလို အချိန်မှာ ကိုယ့်ရဲ့ မိသားစုကသာ အကောင်းဆုံးဆိုတာကို သင်လက်ခံလာမှာပါ။

READ
မိန်းကလေးတို့ အိမ်ထောင်မပြုခင် မဖြစ်မနေစဉ်းစားသင့်သည့် အရေးကြီးဆုံးအရာများ

အကြံအဥာဏ် လိုအပ်နေတဲ့ အချိန်

shutterstock/ fizkes

မိသားစုဆိုတာ အတူရှိချိန်မှာသာ သူတို့ရဲ့ တန်ဖိုးကို မသိကောင်းမသိနိုင်ပေမယ့် အဝေးရောက်နေတဲ့ အချိန်မှာဆို မိသားစုရဲ့ ကောင်းကွက်လေးတွေကို ပိုမြင်သာလာတတ်ပါတယ်။ ကိုယ့်ဘေးနားမှာ ဘယ်သူမှ ရှိမနေတဲ့ အချိန်၊ အကြံအဥာဏ်တွေ လိုအပ်နေတဲ့ အချိန်မှာ အရင်က မိသားစုဆီက တန်ဖိုးထားဖို့ မေ့နေခဲ့တဲ့ အကြံအဥာဏ်စကားလေးတွေကို လိုအပ်လာတတ်ပါတယ်။

နေမကောင်းတဲ့ အချိန်

shutterstock/ Monthira

လူတွေဟာ နေမကောင်းတဲ့အချိန်မျိုးမှာ အားငယ်လာတတ်ပြီး မိသားစုရဲ့ နွေးထွေးမှုကို တောင့်တတတ်ကြပါတယ်။ ကိုယ်နေမကောင်းဘူးလို့ ဆိုတာနဲ့ ဂရုစိုက်ပေးတတ်ကြတာတွေ၊ စားချင်တာတွေ ဝယ်ပေးတတ်ကြတာတွေ ဒီလိုအချိန်တွေက မိသားစုရဲ့ တန်ဖိုးနဲ့ အရေးပါမှုကို နားလည်မိတဲ့ အချိန်တွေဖြစ်လို့ ကိုယ့်ရဲ့ မိသားစုကို တန်ဖိုးထား ချစ်ခင်ဖို့ မမေ့ပါနဲ့နော်။

READ
အလုပ်လက်မဲ့ (သို့) အလုပ်ပြုတ်သွားတဲ့ လက်တွဲဖော်ကို ဘယ်လိုအားပေးနှစ်သိမ့်ရမလဲ

Khin

sponsored