သားသမီးတွေထက် ဖုန်းအသုံးပြုခြင်းကို ပိုအချိန်မပေးရင်ဖြစ်လာမယ့် ဆိုးကျိုးများ

shutterstock/Marcos Mesa Sam Wordley
Sponsored

လူတစ်ယောက်က တစ်နေ့ကို ဖုန်းအသုံးပြုချိန် ၃ နာရီ ရှိနေတယ်လို့ အမေရိကန်နိုင်ငံကသူတွေကို စစ်တမ်းကောက်ယူပြီး သိရှိခဲ့ကြပါတယ်။ ဒီအဖြေကနေ တဆင့်ပိုပြီး ဒါက ကလေးတွေကို ထိခိုက်နာကျင်စေသလို ဆိုးရွားတဲ့အမူအကျင့်တွေ ဖြစ်စေတယ်လို့ ရလဒ်တွေ ထွက်ပေါ်လာခဲ့ပါတော့တယ်။ Bright Side ကတော့ ဖုန်းတွေ မရှိပဲ လူတွေ ရှင်သန်ဖို့ အဆင်မပြေတော့ဘူးဆိုတာ သိပေမဲ့ တစ်ချို့သော ကိစ္စတွေအတွက် ဆင်ခြင်သင့်တယ်ဆိုပြီး ဖုန်းအလွန်အကျွံ သုံးရင် ဖြစ်လာမယ့် မိဘနဲ့ သားသမီးကြားက အခြေအနေတွေကို အခုလို ပြောပြထားခဲ့ပါတယ်။

(၁) ကလေးတွေက အရွယ်ကြီးလေ လူမှုဆက်ဆံရေး ညံ့ဖျင်းလေ ဖြစ်မယ်

Sponsored

မိဘတွေက ဖုန်းအသုံးပြုနေတာကို မြင်ရတဲ့ ကလေးက မိဘက သူတို့ထက် ဖုန်းကို ရွေးချယ်တယ်လို့ ခံစားရပြီး သူတို့ကို ဂရုစိုက်မှု မပေးဘူးလို့ ခံစားကြရပါတယ်။ ဒါက ဦးနှောက် ဖွံ့ဖြိုးမှုကိုပါ သွားထိခိုက်တတ်ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်က သုတေသနပညာရှင်တွေကတော့ ဒါက ကလေးတစ်ယောက် သဘာဝကျကျ ဖွံ့ဖြိုးလာရမယ့် အရွယ်မှာ စိတ်ခံစားမှု အစီအစဉ်မကျတော့ပဲ မကောင်းတဲ့သက်ရောက်မှုတွေ ဖြစ်သွားစေတာလို့ ဆိုပါတယ်။ ဒါက ကလေးကို စိတ်ကျဝေဒနာ၊ ကြမ်းတမ်းတဲ့ ပြုမူမှုတွေနဲ့ အနိုင်ကျင့်မှုတွေ ဖြစ်လာစေတဲ့အထိတောင် သက်ရောက်စေတယ်လို့ ဆိုပါတယ်။

Shutterstock/Ollyy

(၂) ကလေးတွေက ဒေါသကြီးပြီး ရန်လိုတတ်လာမယ်

စိတ်ပညာရှင်တွေကတော့ ဖုန်းအသုံးပြုချိန် နည်းနည်းပဲ ထားတာက ကလေးတွေအတွက်သာမက မိဘတွေ အတွက်လည်း ပါတယ်လို့ ပြောကြပါတယ်။ မိဘတွေက သူတို့ထက် ဖုန်းနဲ့ အတူရှိနေတာမျိုးကို ကလေးတွေက မနှစ်သက်တာကြောင့် ဝမ်းနည်းတာ၊ စိတ်အလိုမကျတာ၊ ဒေါသထွက်တာ၊ အထီးကျန်တာ စတဲ့ ခံစားချက်တွေကို ခံစားကြရပါတယ်။ ဒါကြောင့် တစ်ချို့ကလေးတွေဆိုရင် သူတို့မိဘရဲ့ ဖုန်းတွေကို လွှင့်ပစ်တာမျိုးတွေကိုပါ ပြုမူလေ့ ရှိပါတယ်။ ဒီလို လုံလောက်တဲ့ ဂရုစိုက်မှု မရတဲ့ ကလေးက အတ္တကြီးလာတတသလို အပြုအမူပိုင်းဆိုင်ရာမှာ ပြဿနာတွေ ဖြစ်လာတတ်ပါတယ်။

READ
ကလေး သူငယ်တွေရှေ့မှာ လုံးဝ ရန်မဖြစ်သင့်တဲ့ အကြောင်းအရင်း (၄) ချက်

(၃) ကလေးတွေက မိဘကို စံပြအဖြစ် မမြင်ကြတော့ဘူး

များသောအားဖြင့် ကလေးတွေရဲ့ ပထမဦးဆုံး သဘောကျသူတွေက မိဘတွေ ဖြစ်ပါတယ်။ မိဘတွေကြောင့် ကြီးပြင်းလာခဲ့ပြီး မိဘတွေရဲ့ ပြုမူပုံတွေက သူတို့ရဲ့ အတုယူစရာ သဘောကျစရာ ဖြစ်နေတတ်ပါတယ်။ မိဘတွေက အပြင်သွားသည်ဖြစ်စေ အိမ်မှာနေသည်ဖြစ်စေ ဖုန်းအသုံးပြုတာ များတဲ့အခါ ကလေးတွေအတွက် သင်ယူစရာတွေ နည်းသွားတတ်ပါတယ်။ စကားပြောပုံ ပြုမူပုံ ဖြေရှင်းပုံ စတာတွေကို မိဘတွေဆီကနေ ကလေးတွေက သင်ယူလေ့ ရှိတာကြောင့် ဖုန်းအသုံးပြုခြင်းပြုလုပ်ကြတဲ့အခါ ကလေးတွေက သင်ယူမှု တန့်သွားတတ်ပါတယ်။ ဒါကြောင့် သူတို့အတွက် သဘောကျရတဲ့သူဆိုတဲ့အခြေအနေ ပျောက်ဆုံးသွားတတ်ပါတယ်။

shutterstock/George Rudy

(၄) မိဘက မနှစ်သက်လို့ ခံစားကြရတယ်

မိဘတွေက သားသမီးတွေကို ဘယ်လိုပဲ တန်ဖိုးထား ချစ်ခင်တယ်ဆိုပါစေ ဖုန်းအသုံးပြုနေရင်တော့ ကလေးတွေက သင် ချစ်တယ်ဆိုတာကို သိမှာ မဟုတ်တော့ပါဘူး။ ကလေးသဘာဝအရ မိဘတွေရဲ့ ဂရုစိုက်မှု လုံလုံလောက်လောက်ရဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ သူတို့နဲ့ အချိန်ပေးနေရင်း ဖုန်းအသုံးပြုရင်တောင် သူတို့နဲ့ မိဘတွေကြား ကြားလူ ဝင်လာသလိုမျိုးခံစားကြရပြီး နာကျင်တတ်ကြပါတယ်။ ဒါကြောင့်လည်း မိဘတွေက ကိုယ့်ကို ဂရုမစိုက်ဘူး မချစ်ဘူးလို့ စိတ်ထဲ စွဲထင်သွားတတ်ပါတယ်။

READ
ညီအမရှိတဲ့သူတွေက ဘဝမှာ ပိုပျော်ရွှင်ရပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိကြကြောင်း တွေ့ရှိ

(၅) ကလေးတွေက စိတ်မပါလက်မပါနဲ့ ဘာမှ စိတ်မဝင်စားတော့ခြင်း

မိဘနဲ့သားသမီးကြားမှာ ဘယ်လောက်ပဲ နွေးထွေးတဲ့ စိတ်ခံစားမှု ရှိနေပါစေ အားနည်းချက်တော့ ရှိလို့ နေပါတယ်။ ဒီအခြေအနေကို သက်သေပြနိုင်ဖို့ သုတေသနပညာရှင်တွေက အသက် ၇ နှစ်ကနေ ၂၄ လအရွယ် ကလေးတွေအထိ စမ်းသပ်ခဲ့ကြပါတယ်။ ကလေးတွေနဲ့ အချိန်ပေးတဲ့ မိဘတွေကို ကလေးတွေနဲ့ ဆော့ခြင်းကနေ ရပ်ခိုင်းပြီး ကလေးတွေအစား ဖုန်းတွေဆီ အာရုံပြောင်းစေခဲ့ပါတယ်။ ဒီလို လုပ်လိုက်တဲ့ အချိန်မှ ကလေးတွေရဲ့ တုံ့ပြန်မှုက တကယ့်ကို အံ့မခန်း ဖြစ်ခဲ့ရပါတယ်။ ကလေးသဘာဝအရ စိတ်ဝင်စားတတ်တဲ့အရာတွေ အကုန် ရပ်တန့်သွားပြီး တည်ငြိမ်နေတာ မလှုပ်မယှက်ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်မှုလည် လျော့နည်းသွားတာကို တွေ့ခဲ့ကြရပါတယ်။

ကလေးတွေက မတွေးတတ်သေးသလို အရာရာ ဖွံ့ဖြိုးစ အရွယ်ဖြစ်လို့ မိဘတွေကပဲ အသေးစိတ်ကအစ ဆင်ခြင်သင့်ပါတယ်နော်။

Ref: Brightside.me

Kham

sponsored