နေ့ရက်တိုင်း ငွေကို စစ်စစ်စီစီ သုံးသင့်တဲ့ အကြောင်းအရင်းများ

Photo by Artem Beliaikin from Pexels
Sponsored

ငွေဆိုတာမျိုးက ရှာရတာသာ ခက်တာပါ။ သုံးတဲ့အခါ လွယ်လွယ်ကူကူပဲ ကုန်သွားတတ်ပါတယ်။ ငွေကြေးနဲ့ ပတ်သတ်ပြီး ငွေက လူတွေကို ဆိုးကျိုးတွေရော ကောင်းကျိုးတွေရော ပေးနိုင်တယ်ဆိုတဲ့အကြောင်းကို ခေတ်အဆက်ဆက် ဆုံးမစကားတွေကနေလည်း သိခဲ့ကြရပါတယ်။ ဒါကြောင့်လည်း ငွေကို ဘာကြောင့် စနစ်တကျ သုံးစွဲသင့်တာလဲဆိုတဲ့အကြောင်းလေးကို ဖော်ပြပေးလိုက်ရပါတယ်။

(၁) ရှေ့ရေး

Sponsored

အသက်ရှင်နေသရွေ့တော့ ငွေကို အသုံးပြုရမှုတွေက ရှိနေတာပါ။ အသက်မရှိတော့ရင် ချန်ခဲ့ရမှာ မှန်ပေမယ့် အသက်ရှိနေချိန်အတွက်တော့ လိုအပ်တာမို့ ငွေကို စစ်စစ်စီစီ သုံးစွဲရင်း ရှေ့ရေးအတွက် စုဆောင်းထားတာမျိုး လုပ်သင့်ပါတယ်။ ရှေ့ရေးကို ရည်ရွယ်ပြီး ငွေစုတာက ရှေ့လာမယ့် အနာဂတ်အတွက် အသင့်ဖြစ်စေတာမို့ ကိုယ့်အတွက် စိုးရိမ်ပူပန်မှုတွေလည်း လျော့ကျစေပါတယ်။

Photo by Andrea Piacquadio from Pexels

(၂) ကျန်းမာရေး

ကျန်းမာရေးအခြေအနေဆိုတာက ကျန်းမာနေတဲ့သူတစ်ယောက်ဆိုရင်တောင် ရုတ်တရက် ထိခိုက်တာမျိုးတွေ ရှိပါသေးတယ်။ လူဆိုတာက ကျန်းမာရေးနဲ့ ဒွန်တွဲနေတာမို့ ကျန်းမာရေး ကောင်းမွန်အောင် ကုသနိုင်ဖို့ ကျန်းမာရေးစရိတ်အတွက် ဖယ်ထားလို့  ရအောင်လည်း တစ်ခြားမလိုအပ်တဲ့နေရာတွေမှာ ငွေမကုန်အောင် စဉ်းစားပြီး ချွေတာ သုံးစွဲသင့်ပါတယ်။

READ
တရုတ်လူမျိုးတွေယုံကြည်ထားတဲ့ သမီးမိန်းကလေးမွေးမယ့် အိပ်မက်နိမိတ်များ

(၃) မမျှော်လင့်ထားတဲ့အရာ

လူ့လောကဆိုတာ ပုံစံခွက်အတိုင်း လည်ပတ်နေတာ မဟုတ်ပါဘူး။ ဘဝမှာ မမျှော်လင့်ထားတဲ့အဖြစ်အပျက်တွေနဲ့လည်း ကြုံရနိုင်ပါတယ်။ ကောင်းကျိုးတွေ ရလာတာလည်း ရှိနိုင်သလို ဒုက္ခတွေ အဆင်မပြေမှုတွေ ဖြစ်တာလည်း ရှိနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် မမျှော်လင့်ထားတဲ့အရာ ဖြစ်ခဲ့လို့ ငွေလိုအပ်တယ်ဆိုရင် နည်းနည်းဖြစ်ဖြစ် အဆင်သင့်ဖြစ်စေဖို့အတွက် ငွေစုဆောင်းထားသင့်ပါတယ်။ ငွေ လက်ထဲ ရှိနေတဲ့အချိန် စားသောက် သုံးဖြုန်း လိုက်မယ့်အစား ဒီအတွက် တွေးပြီး စုဆောင်းထားတာက ပိုပြီး သင့်လျော်ပါတယ်။

Photo by Andrea Piacquadio from Pexels

(၄) တန်ဖိုးထားတတ်ဖို့

ငွေဆိုတာက  ကိုယ်က သူ့ကို တန်ဖိုးထားမှ သူကလည်း ကိုယ့်လက်ထဲ ကြာကြာမြဲမှာ ဖြစ်ပါတယ်။ လောကမှာ ငွေက လှဲလှယ်အသုံးပြုရတဲ့ ကြားခံပစ္စည်းဖြစ်လို့ ငွေက အရေးကြီးတဲ့ အရာတစ်ခုလို့လည်း ပြောလို့ ရပါတယ်။ ဒါကြောင့် ငွေကို ရှာဖို့အတွက်  တန်ဖိုးထားကြသလို ငွေကိုလည်း တန်ဖိုးထားရင်း ကိုယ့်ကိုယ်ကိုလည်း ငွေကြောင့် ပျက်စီးသွားတယ် မဖြစ်ရလေအောင် တန်ဖိုးထားသင့်ပါတယ်။

READ
အမျိုးသမီးများ အသက်(၃၀)ကျော်လာတဲ့အခါမှာ ပြုလုပ်တတ်ကြတဲ့ မဟာအမှား (၄) ချက်

(၅) အဖြုန်း မဖြစ်စေဖို့

သုံးတယ်ဆိုတာ လိုအပ်ချက်ကြောင့် သုံးစွဲရတာမျိုး ဖြစ်ပါတယ်။ မလိုအပ်ပဲ မသုံးပဲ ရလည်း ရတဲ့အရာတွေမှာ သုံးလိုက်တာတွေကတော့ ဖြုန်းတာ ဖြစ်ပါတယ်။ ဒီလို ဖြုန်းမှုတွေက စိတ်ကို အလိုလိုက်မှုကနေ အများဆုံး ဖြစ်ပွားပြီး လိုအပ်တဲ့အရာတွေအတွက် သုံးစရာ မရှိတော့တာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ဖြုန်းတာက တကယ်လိုအပ်တဲ့အခါ သုံးလို့ မရအောင် ဖြစ်စေတာမို့ အသုံးနဲ့ အဖြုန်း သဲကွဲသင့်ပြီး ငွေကို ဖြုန်းတဲ့အခြေအနေကို နည်းနိုင်သမျှ နည်းအောင် ဖန်တီးထားသင့်ပါတယ်နော်။

by Kham

sponsored