တစ်ယောက်ဆို တစ်ယောက် သစ္စာရှိရှိ ချစ်တတ်တဲ့ ကောင်မလေးတွေရဲ့ လက္ခဏာရပ်များ

Photo by Anastasiya Lobanovskaya from Pexels
Sponsored

လွယ်လွယ်ချစ်ပြီး လွယ်လွယ် ပြတ်ကြတဲ့ ခေတ်ကြီးထဲမှာ တစ်ယောက်ဆို တစ်ယောက် ပိတောက်ဆို ပိတောက် သစ္စာ ရှိရှိ ချစ်တတ်တဲ့ မိန်းကလေးတွေလည်း ရှိနေပါသေးတယ်။ သူတို့တွေက အချစ်ကို တန်ဖိုးတတ်သလို အချစ်ကြီးကြတဲ့သူတွေလည်း ဖြစ်ပါတယ်။ ဒီလိုကောင်မလေးတွေမှာတော့ ဒီလို အချက်လေးတွေ ရှိနေပါတယ်။

(၁) လွယ်လွယ်မတွေးဘူး

Sponsored

အချစ်ရေးနဲ့ ပတ်သတ်ရင် သူတို့က လွယ်လွယ်ကူကူ မတွေးတတ်ကြပါဘူး။ စိတ်ကစားတတ်တဲ့ သဘောကိုလည်း နားလည်တာမို့ ရင်ခုန်ရင်တောင် လွယ်လွယ်မတွေးတာ သူတို့ရဲ့ ရင့်ကျက်မှု တစ်ခုပါပဲ။

Photo by Min An from Pexels

(၂) အချိန်ယူတယ်

သေချာတွေးလို့ ခံစားချက်တွေက ထူးခြားနေတယ်ဆိုရင်တောင် သူတို့က သေချာစဉ်းစားတတ်ကြပါတယ်။ ကိုယ့်ဘက်ကိုလည်း အချိန်ယူပြီး စဉ်းစားသလို တစ်ဖက်ကိုလည်း အချိန်ယူစေချင်ကြတဲ့သူတွေပါ။ တကယ်မချစ်မိဘဲ လူနှစ်ယောက်က ချစ်သူတွေ ဖြစ်မသွားသင့်ဘူးလို့ ယူဆတာကြောင့်လည်း ဖြစ်ပါတယ်။

READ
ဒီလို ယောကျာ်းမျိုးဟာ သင့်ရဲ့ single ဘ၀ကို စွန့်လွှတ်ထိုက်သူပါ ....

(၃) အချစ်ကို အလေးထားတယ်

ချစ်ခြင်းမေတ္တာက လူတွေကြားမှာ ဘယ်လောက် အရေးကြီးလဲဆိုတာကို သိကြသလို ကြိုက်နှစ်သက်တာရုံကို အချစ်နဲ့မှားယွင်းတတ်တာကိုလည်း သိကြပါတယ်။ ဒါကြောင့်လည်း အချစ်ကို ပိုပြီး အလေးထားကြတာ ဖြစ်ပါတယ်။ ချစ်မိတဲ့အခါမှာလည်း မပြောင်းလဲတော့သလို မေတ္တာရဲ့ အသွားအပြန်ကို ယုံကြည်သူ ဖြစ်ပါတယ်။

(၄) လေးစားမှု ရှိတယ်

ကိုယ့်ကို ချစ်ခြင်းမေတ္တာ ပေးလာတဲ့သူကိုလည်း လေးစားသလို သူမရဲ့ အချစ်စိတ်ကိုလည်း လေးစားတတ်ကြပါတယ်။ ဘယ်သူ့ရဲ့ အချစ်ကိုမှ မလေးမစား တုန့်ပြန်လိုက်တာမျိုး သူတို့ဆီမှာ လုံးဝ  မရှိပါဘူး။

Photo by Andrea Piacquadio from Pexels

(၅) ထက်မြက်တယ်

ဒီလိုမျိုး အချစ်ကို အလေးထားတာက သူမရဲ့ ထက်မြက်မှု တစ်ခုလည်း ဖြစ်ပါတယ်။ ကိုယ့်ရဲ့ စိတ်ခံစားချက်ကို မသဲကွဲဘဲ ပြုမူတတ်တာမျိုး မရှိစေချင်တာ သူတို့ရဲ့ ထက်မြက်စွာ တွေးခေါ်နိုင်မှုတစ်ခုလည်း ဖြစ်ပါတယ်။

READ
သဝန်တိုလွန်း၍စိတ်ညစ်နေရသော Relationship များအတွက် နည်းလမ်းကောင်းများ

(၆) တည်ငြိမ်တယ်

ခံစားချက်တွေအတိုင်း သတိမဲ့ ပြုမူတာမျိုး သူတို့မှာ မရှိပါဘူး။ ကိုယ့်ဘက်က တကယ်ချစ်တာမျိုး မဟုတ်ဘဲ ရင်ခုန်မိတာသက်သက်ဆိုရင် တစ်ဖက်က အတည်ချစ်နေမိတဲ့အခါ မျှော်လင့်ချက်  ပေးမိသလို ဖြစ်မှာ စိုးတဲ့အတွက် သူတို့ကတော့ အချစ်ရေးနဲ့ ပတ်သတ်ရင် အမြဲ တည်တည်ငြိမ်ငြိမ် တုန့်ပြန်တတ်ကြပါတယ်။

(၇) အတည်ပဲ ပြောဆိုတယ်

ဘယ်သူ့ ခံစားချက်ကိုမှ လှောင်တာတွေ မယုံတာတွေ မပြုလုပ်တတ်ကြသူတွေ ဖြစ်ပါတယ်။ ကိုယ့်ကြောင့် ဘယ်သူ့ဘယ်သူကိုမှ မထိခိုက်စေချင်သူ ဖြစ်တဲ့အပြင် လူတိုင်းကို လေးစားတတ်ပြီး အချစ်ကို တန်ဖိုးထားသူမို့ အချစ်ရေးနဲ့ ပတ်သတ်ရင် အတည်ပဲ ပြောဆိုတတ်ကြပါတယ်။

Kham

sponsored