သင်ဟာဘွဲ့ရပြီးခါစလူငယ်တစ်ဦးဆိုရင် ဒီအချက်တွေနဲ့ချက်ချင်းပြန်သုံးသပ်ကြည့်ပါ

Shutterstock/PR Image Factory
Sponsored

တက္ကသိုလ်မှာ ပညာသင်ယူရတဲ့ အခက်အခဲကို ကျောင်းသားအားလုံး သိပြီးသား ဖြစ်မှာပါ။ ကျောင်းပြီးတဲ့အခါ ကိုယ့်ပညာအရည်အချင်းအပေါ် ကိုယ့်သံသယ ဖြစ်ရတာတွေ ဘဝနေထိုင်မှုပုံစံ တစ်ဆစ်ချိုး ပြောင်းလဲတာတွေကို ရင်ဆိုင်ရမှာတွေ၊ လက်တွေ့ဘဝထဲ ရောက်တော့မှာတွေ၊ လုပ်ငန်းခွင် ဝင်ရတော့မှာတွေကို တစ်ခုပြီး တစ်ခု ကြုံရမယ့် အချိန်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းပြီးခါစ လူငယ်တွေအတွက် အသုံးဝင်စေမယ့် အရာလေးတွေ သိထားရမယ့် အချို့အချက်လေးတွေကို ပြောပြချင်ပါတယ်။

(၁) ပညာအရည်အချင်းကို သုံးသပ်ခြင်း

Sponsored

ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်ကို တက်တဲ့ ကျောင်းသားတွေကတော့ ရွေးချယ်စရာတွေ အများကြီး ရှိပါတယ်။ လုပ်ငန်းခွင်နယ်ပယ်တွေကို  ကြိုက်နှစ်သက်သလို ရွေးချယ်လို့ ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဒါပေမဲ့ အင်ဂျင်နီယာတက္ကသိုလ်နဲ့ သက်မွေးကောလိပ်တွေ တက်တဲ့သူတွေအဖို့တော့ ဝါသနာမပါပဲ ရွေးချယ်တက်လိုက်တဲ့ သူတွေအဖို့တော့ သေချာ တွေးဖို့ လိုအပ်ပါတယ်။ ရတဲ့ ဘွဲ့အတိုင်း အသက်မွေးကြောင်းလုပ်မလား တစ်ခြားအသက်မွေးဝမ်းကြောင်းနဲ့ ရပ်တည်မလားဆိုတာကို စဉ်းစားဖို့ လိုပါတယ်။

Shutterstock/Oleggg

(၂) အလုပ်ခေါ်စာများကို လေ့လာခြင်း

READ
နိုဝင်ဘာလမှာ မွေးတဲ့ ကမ္ဘာကျော် ဆယ်လီများ

ကိုယ် ရပ်တည်ချင်တဲ့ အသက်မွေးဝမ်းကြောင်းနယ်ပယ်ကို သိပြီဆိုလျှင် အလုပ်တွေကို လိုက်လေ့လာသင့်ပါတယ်။ လုပ်ငန်းခွင်မှာ ဘာတွေလုပ်ရမလဲ။ ဘယ်အရည်အချင်းတွေ ရှိဖို့ လိုမလဲဆိုတာတွေကို ကြိုလေ့လာတာက အလုပ်လျှောက်ထားတဲ့အခါ အသုံးဝင်ပါတယ်။ ဘယ်လောက်အနေအထားကို လုပ်ခလစာ ဘယ်လောက်ပေးသလဲဆိုတာပါ တွဲ လေ့လာသင့်ပါတယ်။ ဒါမှသာ အလုပ်မလျှောက်ခင်မှာ သင်လုပ်ရမယ့် အသက်မွေးဝမ်းကြောင်းအတွက် အတော်အတန် သိပြီးသား ဖြစ်နေမှာပါ။

(၃) စာရွက်စာတမ်းများ ပြင်ဆင်ခြင်း

ကျောင်းဆက်တက်မှာပဲ ဖြစ်ဖြစ်၊ လုပ်ငန်းခွင် ဝင်မှာပဲ ဖြစ်ဖြစ် လိုအပ်တဲ့ စာရွက်စာတမ်းတွေ ရှိပါတယ်။ လိုအပ်မှ တစ်ခုချင်း မိတ္တူဆွဲ ပြင်ဆင်နေတာထက်စာရင် ကြိုတင်ပြင်ဆင်ထားတာက အကောင်းဆုံးဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်၊ ဘွဲ့လက်မှတ်မိတ္တူ၊ မှတ်ပုံတင်မိတ္တူတွေအပြင် အလုပ်သမားမှတ်ပုံတင်ပါ သွားရောက် လျှောက်ထားဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အလုပ်လျှောက်လွှာလည်း ပြင်ဆင်ထားသင့်ပါတယ်။ PDF ဖိုင်အနေနဲ့ရော စာရွက်နဲ့ရော ရှိထားတာက အလုပ်လျှောက်ရမယ့် အခြေအနေကို လိုက်ပြီး အဆင်သင့်ဖြစ်နေစေပါတယ်။ ဒါက သင့်အတွက် အလုပ်လျှောက်ဖို့အတွက် အသင့်လျော်ဆုံး ပြင်ဆင်မှု တစ်ခုလည်း ဖြစ်ပါတယ်။

READ
မြုံစိစိလုပ်မနေဘဲ ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့ ကောင်မလေးတွေက ပိုကျန်းမာနိုင်…..
Image by Free-Photos from Pixabay

(၄) မိဘများနှင့် ဆွေးနွေးခြင်း

တစ်ခါတစ်လေမှာ မိဘနဲ့ ကိုယ်နဲ့ကြားမှာ အတွေးမတူတာမျိုးရှိတတ်ပါတယ်။ ဒါကြောင့် ကြိုတင်ဆွေးနွေးထားဖို့ လိုအပ်ပါတယ်။ သဘောထားမတူတဲ့အခါမှာ သူတို့ ဖြစ်စေချင်တာကို ကိုယ်မစွမ်းဆောင်နိုင်ဘူးဆိုတာကို သေချာရှင်းပြပြီး ကိုယ်ရွေးချယ်ထားတဲ့ လမ်းကြောင်းကို ပြောပြဖို့ လိုအပ်ပါတယ်။ မဆွေးနွေးထားဘူးဆိုရင် အမြဲအခြေအတင် ဖြစ်ပြီး လုပ်ငန်းခွင် ဝင်ရမယ့် အခြေအနေကို အနှောင့်အယှက်တစ်ခု ဖြစ်သွားစေနိုင်ပါတယ်။

(၅) အများကြီး မမျှော်လင့်ထားပါနဲ့

ကျောင်းပြီးကာစ အခြေအနေဆိုတာက ကိုယ့်အတွက်တော့ ပထမ ခြေလှမ်းကို စ လှမ်းရတာပဲ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ အမြင့်ကြီးတွေ မျှော်လင့်လို့ မရပါဘူး။ လုပ်ငန်းခွင် ကောင်းကောင်း၊ လစာကောင်းကောင်း စသဖြင့် အမြင့်ကြီး မျှော်လင့်ပြီး ရွေးချယ်နေရင်တော့ သင့်အတွက် အလုပ်ရဖို့ အခွင့်အလမ်းက နည်းနေမှာပါ။ ဒါကြောင့် သင့်အတွက် လုပ်ငန်းအတွေ့အကြုံရဖို့ကိုပဲ အရင်ဆုံး တွေးထားဖို့ လိုအပ်ပါတယ်။

အားလုံးပဲ အဆင်ပြေကြပါစေနော်…။

Kham

sponsored