အသံကို ထိခိုက်မှာစိုးလို့ IU ရှောင်ကျဉ်တဲ့ အရာတွေ..

@Pinterest/stylekeri.com/88yny.com
Sponsored

မကြာသေးခင်မှာပဲ IU က Radio show တစ်ခုမှာ ပါခဲ့ပါသေးတယ်။ အဲ့ဒီအစီအစဉ်မှာ IU က သူမ ထိန်းသိမ်းတဲ့ တစ်ချို့အရာတွေ အကြောင်းကို ပြောပြသွားခဲ့ပါတယ်။ အဲ့ဒါကတော့ သူမက ဆေးလိပ်လည်း ဘယ်တော့မှ မသောက်သလို ကော်ဖီတွေ အရက်တွေလည်း ရှောင်ပါသေးတယ်တဲ့။ ဒါတွေအပြင် ကာဗွန်နိတ်ပါဝင်တဲ့အရည်တွေလည်း သူမ တတ်နိုင်သလောက် ရှောင်ပါသတဲ့။

ဒီလို ရှောင်တာကလည်း သူမှာ အရေးကြီးတဲ့ အကြောင်းပြချက် ရှိနေလို့ပဲ ဖြစ်ပါတယ်။ သူမကတော့ သူမက သူမအသံကို ထိခိုက်စေမယ့် အရာမှန်သမျှကို ရှောင်ပါတယ်လို့ ပြောသွားပါတယ်။ အဓိကအားဖြင့် အသံကို ထိခိုက်စေတာမှန်သမျှလည်း ဘာမှမလုပ်သလို ကဖိင်းကိုလည်း မကြိုက်ပါဘူးတဲ့။ ဆေးလိပ်နံ့ကိုလည်း မကြိုက်သလို အသံကျယ်ကျယ် ပြောရတာကို လည်း မကြိုက်ပါဘူးတဲ့။ ဘယ်လောက် ချစ်ဖို့ ကောင်းလိုက်တဲ့ IU လေးလဲ နော်..။

READ
Jay Park ရဲ့ AOMG ကုမ္ပဏီက အနုပညာရှင်တွေအတွက် အကောင်းဆုံးနေရာဖြစ်ရတဲ့အကြောင်း
@Pinterest/weheartit.com
Sponsored

အသံကို ထိခိုက်စေမှာကို စိုးရိမ်တဲ့အတွက် ကာဗွန်နိတ်ပါဝင်တဲ့ အချိုရည်တွေနဲ့ ကဖိင်းဓာတ်ပါတာတွေကို မသောက်ဘူးဆိုပေမယ့် လုပ်ဖော်ကိုင်ဖက်တွေ သူငယ်ချင်းတွေနဲ့ ပျော်စရာအချိန်တွေ ဖြတ်သန်းနေချိန်မှာပါ ရှောင်တယ်လို့ မဆိုလိုသွားပါဘူး။ သူမ ပြောတာက ကာဗွန်နိတ်အချိုရည်တွေကို စိတ်မဝင်စားသလို အရက်လည်း သောက်ခဲပါတယ် ဒါပေမဲ့ ပျော်ရွှင်စရာနေ့လေးတွေမှာဆိုရင်တော့ အသံကို မထိခိုက်နိုင်တဲ့ ပမာဏလောက်တော့ သောက်ပါတယ် တဲ့။

@Pinterest/weheartit.com

ဒီအစီအစဉ်မှာပဲ IU က သူရဲ့ ဘဝဆောင်ပုဒ်လေးကို ပြောသွားပါသေးတယ်။ ကောင်းတာတွေ အများကြီး လုပ်နေမယ့်အစား မကောင်းတာတွေ မလုပ်ဖြစ်ဖို့ပဲ ကြိုးစားတယ် ဆိုတာလေးပါ။

IU ရဲ့ သူ့အနုပညာအပေါ် တန်ဖိုးထားမှု ဂရုစိုက်မှုတွေကတော့ တကယ့်ကို လေးစားလောက်စရာပါပဲ။ ဒါကြောင့်လည်း Kpop လောကမှာ IU ရယ်လို့ ထင်ပေါ်ကျော်ကြားနေတာပဲ ဖြစ်ပါတယ်နော်…..။

READ
အနားယူချိန် မရှိလောက်တဲ့အထိ အလုပ်ကြိုးစားလွန်းတဲ့ တောင်ကိုရီးယား သရုပ်ဆောင်များ

Sources from koreaboo.com

By Kham

sponsored