လက်ရှိမှာ The Penthouse: War in Life ဆိုတဲ့ ဇာတ်လမ်းတွဲ ရေပန်းစားနေတော့ ပရိသတ်တွေရဲ့ အကြိုက်ကို ရရှိခဲ့ဖူးတဲ့ The World of the Married ဇာတ်လမ်းတွဲကို အားလုံး သတိရမိမှာပါ။ ချစ်ခြင်းကို လူတိုင်းက လက်ခံနိုင်ပေမယ့် အိမ်ထောင်ရေး ဖောက်ပြန်တာကိုတော့ မလုပ်သင့်ဘူးလို့ ယူဆထားကြပါတယ်။ ဒါကို The World of the Married ဇာတ်လမ်းတွဲကို ပရိသတ်တွေကို ကွက်ကွက်ကင်းကင်းနဲ့ မြင်သာအောင် သင်ခန်းစာပေး ရိုက်ကူးထားခဲ့ပါတယ်။ အဓိကအားဖြင့် အိမ်ထောင်ရှိတဲ့ ပိုင်ရှင်ရှိတဲ့ အမျိုးသားနဲ့ မပတ်သတ်ဖို့ကို မယားငယ်ဘဝကို အခုလို ပြသရိုက်ကူးရင်း သင်ခန်းစာပေးထားလို့ The World of the Married က မိန်းကလေးတွေ ကြည့်သင့်တဲ့ ဇာတ်လမ်းတစ်ခုလည်း ဖြစ်ပါတယ်။
ချစ်ခြင်းကို အပြည့် မရဘူး
လက်ထပ်ထားတဲ့ အမျိုးသားဆိုတာ မကွာရှင်းသေးသရွေ့ သူ့ရဲ့ ဇနီးဖြစ်သူကို ချစ်ခြင်းနဲ့ သံယောဇဉ်တွေ ရှိနေတာ ဖြစ်ပါတယ်။ တခြား မိန်းကလေး တွေ့လို့ ဖောက်ပြန်တယ်ဆိုရင်တောင် သူတို့ရဲ့အိမ်ထောင်ဖက်ကိုသာ အရင်ဆုံး တွေးပေးတတ်ကြပါတယ်။ ဒါကြောင့် ပိုင်ရှင်ရှိနေတဲ့သူနဲ့ ဖောက်ပြန်ရင် ဘယ်တော့မှ ချစ်ခြင်းမေတ္တာကို အပြည့်အဝ မရနိုင်ဘူးဆိုတာ ဒီဇာတ်လမ်းတွဲမှာ တွေ့ရမှာပါ။
View this post on Instagram
အမြဲ ပူလောင်နေရမယ်
သူများရဲ့ ယောင်္ကျားကို ချစ်ကြိုက်မိတဲ့သူက အမြဲ ပူလောင်ရတာကို ဒီဇာတ်ကားမှာ တွေ့ရနိုင်ပါတယ်။ ကိုယ်က သူများချစ်သူကို အတင်း ယူထားသလို ကိုယ့်ဆီက ထွက်သွားမှာကို ပူလောင်ရတာ၊ ချစ်ခဲ့သူဆီကို သံယောဇဉ်တွယ်နေတဲ့အချက်တွေကို မြင်နေရတာ ဘယ်လောက်တောင် ပူလောင်ရတယ်ဆိုတာ သရုပ်ဆောင် Han So-hee က ကွက်တိကျနေတဲ့ သရုပ်ဆောင်မှုတွေနဲ့ ပရိသတ်တွေကို ခံစားမိအောင် သင်ခန်းစာပေးထားခဲ့ပါတယ်။
View this post on Instagram
မကောင်းတဲ့ ယောင်္ကျားကို စွန့်လွှတ်ရဲဖို့ လိုတယ်
ခင်ပွန်းရဲ့ ဖောက်ပြန်မှုက နာကျင်ရတယ်ဆိုပေမယ့် သွေးအေးအေးနဲ့ ရင်ဆိုင်တတ်တဲ့ ဇာတ်ဆောင် လီထယ်အိုရဲ့ မယားကြီး ဖြစ်သူကလည်း မိန်းကလေးတွေအတွက် အကောင်းဆုံး သင်ခန်းစာ ပေးသွားပါသေးတယ်။ ကိုယ့်ခင်ပွန်းရဲ့ အကျင့်ကို သေသေချာချာသိသလို မကောင်းတဲ့သူဆိုတာကို လက်ခံပြီး သွေးအေးအေးနဲ့ ရင်ဆိုင်ပြတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မယားငယ် တစ်ယောက်ရဲ့ သူများယောင်္ကျားကို ချစ်မိပြီး မစွန့်လွှတ်နိုင်တဲ့အခါ ဘယ်လောက် ဒုက္ခများနေရတယ်ဆိုတာကို ပြပြီး ကိုယ့်ကို နာကျင်စေတာကို စွန့်လွှတ်သင့်တာကိုလည်း ပြထားခဲ့ပါတယ်။
View this post on Instagram
အားနည်းချက် ဖြစ်သွားမယ်
ဒီဇာတ်ကား ပြတဲ့အခါမှာ ဇာတ်ဆောင်တွေကို ကြည့်ပြီး ပရိသတ်တွေရဲ့ ဒေါသတွေ၊ ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် မယားငယ် လုပ်တာ မကောင်းသလို ကိုယ့်ရဲ့ အားနည်းချက် အဖြစ်နဲ့ လူတွေရဲ့ ပြစ်တင်မှုကိုပါ ခံရနိုင်တယ်ဆိုတာကို ပြသထားတာ ဖြစ်ပါတယ်။
မိန်းကလေးတွေအနေနဲ့ လောကမှာ ဖြစ်တတ်တဲ့သဘောကို ဒီဇာတ်လမ်းကို ကြည့်ပြီး သင်ခန်းစာ ယူနိုင်ပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ viu ကနေ မြန်မာစာတန်းထိုးနဲ့ ပြန်လည်ကြည့်ရှုနိုင်ပါတယ်နော်။
Kham