ဒေါ်လာ ၆၄ သန်းတန် စိန်ပွင့်အစစ်တွေပါတဲ့ ကိတ်မုန့်ကိုဖန်တီးပြီး စံချိန်ချိုးခဲ့သူ အမျိုးသမီး…..

Sponsored

Debbie Wingham လို့ခေါ်တဲ့ အမျိုးသမီးဟာ ကမ္ဘာ့ဈေးအကြီးဆုံး ပစ္စည်းတွေကို တီထွင်သူတစ်ယောက်ပါ။ သူမရဲ့ ဖန်တီးထားတဲ့လက်ရာတွေဟာ ဒေါ်လာ ၁၀သန်းကျော် တန်ဖိုးရှိတဲ့ ပစ္စည်းတွေဖြစ်ပြီး မကြာသေးခင်ကမှ ပြုလုပ်ထားတဲ့ ကမ္ဘာ့ဈေးအကြီးဆုံး ကိတ်မုန့်မှာဆိုရင် စိန်အစစ်တွေ ပါဝင်တာကြောင့် ဒေါ်လာ ၆၄ သန်းနီးပါး တန်ဖိုးရှိပါတယ်။

Instagram

မကြာသေးခင်ကမှ သူမဖန်တီးထားတဲ့ ဖိနပ်ပုံစံကိတ်မုန့်ကို ထုတ်ပြခဲ့တာဖြစ်ပြီး တန်ဖိုးကတော့ ဒေါ်လာ ၁၅.၁ သန်းဖြစ်ပါတယ်။

Instagram
Sponsored

ခုတစ်ခါမှာတော့ သူမရဲ့ ကမ္ဘာ့ဈေးအကြီးဆုံးတစ်ခုဖြစ်တဲ့ ကိတ်မုန့်ကို ထုတ်ပြခဲ့တာဖြစ်ပြီး တန်ဖိုးကတော့ ဒေါ်လာ ၆၄ သန်းလောက် တန်ဖိုးရှိပါတယ်။ ဒီကိတ်မုန့်ဟာ သတို့သမီးပုံကိတ်မုန့်ဖြစ်ပြီး ၁၂၀ ကီလိုဂရမ်လောက် အလေးချိန်ရှိပါတယ်။

Instagram
Instagram

ဒီကိတ်မှာဆိုရင် စားသုံးလို့ရတဲ့ ပုလဲပွင့် တစ်ထောင်ကျော်နဲ့ ပန်းပွင့် နှစ်ထောင်ကျော် ပါဝင်ပြီး ၂၀၁၈ ဒူဘိုင်း သတို့သမီးရှိုးမှာ ပြသခဲ့တာဖြစ်ပါတယ်။

READ
အသက် (၇၀)ကျော်ပေမယ့် မပြီးပြတ်သေးတဲ့ ပညာရေးကို လက်မလျှော့တဲ့ မက္ကဆီကန်အဖွား
Instagram

သူမရဲ့လက်ရာမြောက်လှတဲ့ ကိတ်မုန့်ဟာ သတို့သမီးအစစ်နဲ့တူလို့ လူအများရဲ့ချီးမွမ်းခြင်းကိုလည်း ခံခဲ့ရပါတယ်။ ဒီကိတ်မုန့်မှာ စိန်အစစ်တွေလည်း ပါဝင်တာကြောင့် တန်ဖိုးအရမ်းကြီးနေတာဖြစ်ပါတယ်။

Instagram
Instagram

ဒါတင်မကသေးပါဘူး။ သူမဟာ ချောကလက်၊ marshmallow တို့နဲ့ ကမ္ဘာကျော်မော်ဒယ် Kim Kardashian ရုပ်တူကိတ်မုန့်ကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။ အဲ့ဒီ့ကိတ်မုန့်ရဲ့ တန်ဖိုးကတော့ ဒေါ်လာ ၁ သန်းဖြစ်ပါတယ်။

Instagram

Em Em

sponsored