Youtube ေပၚ ဗီဒီယုိမ်ားတင္ၿပီး ေဒၚလာ ၅ သန္းခန္႕ ၀င္ေငြရရွိေနသူ ေကာင္မေလး

Sponsored

(Unicode version ဖြင့် အောက်တွင် ဖတ်ရှုနိုင်ပါသည်)

Youtube မွာ ဗီဒီယုိမ်ား Upload တင္ေပးရုံနဲ႕ ခ်မ္းသာႏုိင္တယ္ ဆုိတာ သင္သိပါသလား။ၾကားရတာဟာ အဓိပၸါယ္မရွိသလုိျဖစ္ေနတယ္ဆုိေပမဲ့ ၂၀၁၄ ခုနွစ္က Youtube မွာ အျမင့္ဆုံး ေငြေၾကးရရွိသူဟာ သူမရဲ႕ ဗီဒီယုိမ်ားအတြက္ ေဒၚလာ ၅ သန္းခန္႕ ၀င္ေငြရရွိခဲ့ပါတယ္။

Sponsored

သူမရဲ႕ Youtube Channel ဟာ Disney Collector (DC ) လို႕ အမည္ရျပီး သူမဟာ ဗီဒီယုိေပါင္း ၁၆၀၀ ကုိ YouTube ေပၚတင္ခဲ့တာျဖစ္ျပီး သူမရဲ႕ ဗီဒီယုိေတြကေတာ့ ကစားစရာ အရုပ္ေလးေတြကုိ အထုတ္ဖြင့္ျပသ တာပဲျဖစ္ပါတယ္။ဗီဒီယုိတုိင္းမွာ ထူးျခားတာ တစ္ခုရွိျပီး သူမက အရုပ္ေလးေတြကုိ ပါကင္ဖြင့္ျပသေပမဲ့ သူမရဲ႕ ရုပ္ကုိေတာ့မျပသပါဘူး။

ဗီဒီယုိေတြမွာဆုိရင္ ၾကည့္ရႈသူေတြက သူမရဲ႕ လက္နဲ႕ အသံကုိသာၾကားရႏုိင္ေပမဲ့ သူမ ရဲ႕ ရုပ္ဘယ္လုိရွိသလဲဆုိတာကုိ ၾကည့္ရႈသူေတြ မျမင္ရပါဘူး။သင္ကေတာ့ အရုပ္ေတြကုိ ပါကင္ဖြင့္ျပတဲ့ ဗီဒီယုိေတြပဲ ကြာ ဘာေတြ စိတ္၀င္စားဖုိ႕ ေကာင္းမွာလဲလို႕ ေတြးမိေနႏုိင္ေပမဲ့ Emirates 24/7 ရဲ႕မွတ္တမ္းအရ သူမရဲ႕ လူၾကည့္အမ်ားဆုံး ဗီဒီယုိဟာ Youtube မွာ ၾကည့္ရႈသူေပါင္း ၁၈၄ သန္းအထိရွိခဲ့ျပီး ၂၀၁၄ ဇူလုိင္ ၁၁ ရက္က တင္ခဲ့တဲ့ Disney Princess Play Doh dress making kit ဆုိတဲ့ ဗီဒီယုိ ေလးျဖစ္ပါတယ္။

Disney Collector ေလးတစ္ေယာက္ရဲ႕ အေၾကာင္းကုိ ေျပာျပရတဲ့ အေၾကာင္းရင္းက အင္တာနက္အသုံးျပဳေနသူတုိင္း အထူးသျဖင့္ Youtube ကေနတဆင့္ ေငြေၾကးရႏုိင္တယ္ ဆုိတာ ေျပာျပခ်င္လို႕ျဖစ္ပါတယ္။

Youtube ကေန ဘယ္လုိ ၀င္ေငြရႏုိင္မလဲ။

Youtube မွာ ဗီဒီယုိေတြတင္မယ္ဆုိရင္ ဘယ္အရာကုိ လူၾကည့္မ်ားမလဲဆုိတာကုိ စဥ္းစားသင့္ပါတယ္။ေအာင္ျမင္ျခင္းရဲ႕ အဓိက ေသာ့ခ်က္ကေတာ့ အျမဲတမ္းၾကဳိးစားေနဖုိ႕လုိအပ္ျပီး ဘယ္သူမွေတာ့ ေန႕ခ်င္းညခ်င္း မခ်မ္းသာသြားၾကပါဘူး။ Disney Collector ေကာင္မေလးဟာ အခ်ိန္မ်ားစြာ ေပးျပီး ၾကဳိးစားခဲ့တာ ျဖစ္ျပီး သူ႕ရဲ႕ ပထမဆုံး ဗီဒီယုိဟာ လြန္ခဲ့တဲ့ ၅ ႏွစ္ခန္႕က တင္ခဲ့တာျဖစ္ပါတယ္။လူၾကည့္ ဘယ္ေလာက္နည္းနည္း သူမဟာ ဗီဒီယုိေတြတင္တာကုိ မရပ္တန္႕ခဲ့ဘဲ ယခုဆုိရင္ေတာ့ လူသန္းေပါင္းမ်ားစြာ ၾကည့္ၾကသည္အထိ ေအာင္ျမင္ခဲ့တာ လည္းပဲျဖစ္ပါတယ္။သူမဟာ ဗီဒီယုိေတြ ပုံမွန္တင္ခဲ့တဲ့အတြက္ သူမရဲ႕ ၾကဳိးစားအားထုတ္မႈဟာ အက်ဳိးေပးခဲ့ျပီး ယခုဆုိရင္ သူမဟာ ဗီဒီယုိ ကေနတင္ ေဒၚလာ ၅ သန္းေလာက္ ၀င္ေငြ ရွိခဲ့တယ္ လုိ႕သိရပါတယ္။ဒါေၾကာင့္ ကၽြန္ေတာ္တုိ႕ အၾကံေပးခ်င္တာ တစ္ခုကေတာ့ အရည္အခ်င္းစစ္မွန္တဲ့ ဗီဒီယုိေတြ Youtube မွာ မ်ားမ်ားတင္ႏုိင္ဖုိ႕ ၾကဳိးစားသင့္ျပီး သင့္ရဲ႕ အားထုတ္မႈကေန႕ အသီးအပြင့္ေတြ ရႏုိင္တယ္ ဆုိတာ အၾကံေပးခ်င္ပါတယ္။

READ
FB သံုးရင္း English Skill တက္ခ်င္ရင္္ ဒီ Page ေလးေတြကို Follow လုပ္ပါ

Arkar Hein (auntymay)

Ref : Rach Feed


[Unicode Version]

 Youtube ပေါ် ဗီဒီယိုများတင်ပြီး ဒေါ်လာ ၅ သန်းခန့် ၀င်ငွေရရှိနေသူ ကောင်မလေး

Youtube မှာ ဗီဒီယိုများ Upload တင်ပေးရုံနဲ့ ချမ်းသာနိုင်တယ် ဆိုတာ သင်သိပါသလား။ကြားရတာဟာ အဓိပ္ပါယ်မရှိသလိုဖြစ်နေတယ်ဆိုပေမဲ့ ၂၀၁၄ ခုနှစ်က Youtube မှာ အမြင့်ဆုံး ငွေကြေးရရှိသူဟာ သူမရဲ့ ဗီဒီယိုများအတွက် ဒေါ်လာ ၅ သန်းခန့် ၀င်ငွေရရှိခဲ့ပါတယ်။

သူမရဲ့ Youtube Channel ဟာ Disney Collector (DC ) လို့ အမည်ရပြီး သူမဟာ ဗီဒီယိုပေါင်း ၁၆၀၀ ကို YouTube ပေါ်တင်ခဲ့တာဖြစ်ပြီး သူမရဲ့ ဗီဒီယိုတွေကတော့ ကစားစရာ အရုပ်လေးတွေကို အထုတ်ဖွင့်ပြသ တာပဲဖြစ်ပါတယ်။ဗီဒီယိုတိုင်းမှာ ထူးခြားတာ တစ်ခုရှိပြီး သူမက အရုပ်လေးတွေကို ပါကင်ဖွင့်ပြသပေမဲ့ သူမရဲ့ ရုပ်ကိုတော့မပြသပါဘူး။

ဗီဒီယိုတွေမှာဆိုရင် ကြည့်ရှုသူတွေက သူမရဲ့ လက်နဲ့ အသံကိုသာကြားရနိုင်ပေမဲ့ သူမ ရဲ့ ရုပ်ဘယ်လိုရှိသလဲဆိုတာကို ကြည့်ရှုသူတွေ မမြင်ရပါဘူး။သင်ကတော့ အရုပ်တွေကို ပါကင်ဖွင့်ပြတဲ့ ဗီဒီယိုတွေပဲ ကွာ ဘာတွေ စိတ်ဝင်စားဖို့ ကောင်းမှာလဲလို့ တွေးမိနေနိုင်ပေမဲ့ Emirates 24/7 ရဲ့မှတ်တမ်းအရ သူမရဲ့ လူကြည့်အများဆုံး ဗီဒီယိုဟာ Youtube မှာ ကြည့်ရှုသူပေါင်း ၁၈၄ သန်းအထိရှိခဲ့ပြီး ၂၀၁၄ ဇူလိုင် ၁၁ ရက်က တင်ခဲ့တဲ့ Disney Princess Play Doh dress making kit ဆိုတဲ့ ဗီဒီယို လေးဖြစ်ပါတယ်။

Disney Collector လေးတစ်ယောက်ရဲ့ အကြောင်းကို ပြောပြရတဲ့ အကြောင်းရင်းက အင်တာနက်အသုံးပြုနေသူတိုင်း အထူးသဖြင့် Youtube ကနေတဆင့် ငွေကြေးရနိုင်တယ် ဆိုတာ ပြောပြချင်လို့ဖြစ်ပါတယ်။

Youtube ကနေ ဘယ်လို ၀င်ငွေရနိုင်မလဲ။

Youtube မှာ ဗီဒီယိုတွေတင်မယ်ဆိုရင် ဘယ်အရာကို လူကြည့်များမလဲဆိုတာကို စဉ်းစားသင့်ပါတယ်။အောင်မြင်ခြင်းရဲ့ အဓိက သော့ချက်ကတော့ အမြဲတမ်းကြိုးစားနေဖို့လိုအပ်ပြီး ဘယ်သူမှတော့ နေ့ချင်းညချင်း မချမ်းသာသွားကြပါဘူး။ Disney Collector ကောင်မလေးဟာ အချိန်များစွာ ပေးပြီး ကြိုးစားခဲ့တာ ဖြစ်ပြီး သူ့ရဲ့ ပထမဆုံး ဗီဒီယိုဟာ လွန်ခဲ့တဲ့ ၅ နှစ်ခန့်က တင်ခဲ့တာဖြစ်ပါတယ်။လူကြည့် ဘယ်လောက်နည်းနည်း သူမဟာ ဗီဒီယိုတွေတင်တာကို မရပ်တန့်ခဲ့ဘဲ ယခုဆိုရင်တော့ လူသန်းပေါင်းများစွာ ကြည့်ကြသည်အထိ အောင်မြင်ခဲ့တာ လည်းပဲဖြစ်ပါတယ်။သူမဟာ ဗီဒီယိုတွေ ပုံမှန်တင်ခဲ့တဲ့အတွက် သူမရဲ့ ကြိုးစားအားထုတ်မှုဟာ အကျိုးပေးခဲ့ပြီး ယခုဆိုရင် သူမဟာ ဗီဒီယို ကနေတင် ဒေါ်လာ ၅ သန်းလောက် ၀င်ငွေ ရှိခဲ့တယ် လို့သိရပါတယ်။ဒါကြောင့် ကျွန်တော်တို့ အကြံပေးချင်တာ တစ်ခုကတော့ အရည်အချင်းစစ်မှန်တဲ့ ဗီဒီယိုတွေ Youtube မှာ များများတင်နိုင်ဖို့ ကြိုးစားသင့်ပြီး သင့်ရဲ့ အားထုတ်မှုကနေ့ အသီးအပွင့်တွေ ရနိုင်တယ် ဆိုတာ အကြံပေးချင်ပါတယ်။

Arkar Hein (auntymay)

Ref : Rach Feed

sponsored