စိန်ခေါ်ရင် တိမ်ပေါ်ထိလိုက်မယ်ဆိုတဲ့ ဆတ်ဆတ်ထိမခံ ရာသီခွင် (၃)ခု

Sponsored

ဆတ်ဆတ်ထိမခံတဲ့သူတွေဆိုတာ ကိုယ့်ကိုနည်းနည်းလေးလာကြောရင်တောင် လုံးဝသည်းခံမှာမဟုတ်တဲ့သူတွေပါ။ စိန်ခေါ်တယ်ထင်ရင် တိမ်ပေါ်ထိလိုက်မယ်ဆိုတဲ့ ဆတ်ဆတ်ထိမခံရာသီခွင် (၃) ခုရှိပါတယ်။ ဘယ်သူတွေလဲဆိုတာကိုတော့ ကြည့်လိုက်ပါဦး။

1. Capricorn (December 22 – January 20)

Pixabay

ဒီရာသီဖွားတွေဟာ သူတို့ကိုလာပြီးစိန်ခေါ်တာမျိုး၊  ယှဉ်ပြိုင်တာမျိုးတွေလာလုပ်ရင် လုံးဝငြိမ်ခံနေမယ့်သူတွေမဟုတ်ပါဘူး။ ဘယ်လိုကဏ္ဍမျိုးမှာမဆို ယှဉ်ပြိုင်ရဲတဲ့သတ္တိကို ပိုင်ဆိုင်ထားတဲ့သူတွေပါ။ အနိုင်ရဖို့ဆိုရင် နည်းလမ်းမျိုးစုံကိုအသုံးပြုပြီး အနိုင်ယူမယ့်သူတွေပါ။ ဒါပေမယ့် အောက်တန်းကျတဲ့နည်းလမ်းမျိုးကိုတော့ သုံးမှာမဟုတ်ပါဘူး။

2. Leo (July 23 – August 23)

Pixabay
Sponsored

ဒီရာသီဖွားတွေဟာ အမြဲလိုလို အောင်မြင်ချင်စိတ်ပြင်းထန်တဲ့သူတွေပါ။ ဘယ်တော့မှ သူများထက်အောက်ကျနောက်ကျ မနေချင်တဲ့သူတွေပါ။ အမြဲလိုလို ကြိုးစားနေပြီး ယှဉ်ပြိုင်ချင်တဲ့စိတ်ပြင်ထန်တဲ့သူတွေဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကို စိန်ခေါ်ခဲ့ရင် မနိုင်မချင်းယှဉ်ပြိုင်မယ့်သူတွေပါ။ အနိုင်ရဖို့အတွက် အပြင်းအထန်ကြိုးစားပြီး စိတ်ရောကိုယ်ပါနှစ်ကာ ကြိုးစားမယ့်သူတွေပါ။

READ
သိဟ်ရာသီဖွား(Leo) များအတွက် 2017 ဇွန်လ အထွေထွေ ဟောစာတမ်း

 

3. Aries (March 20 – April 20)

Shutterstock

စိန်ခေါ်ရင် ဘယ်တော့မှနောက်မဆုတ်တတ်တဲ့ ရာသီဖွားတွေကတော့ Aries တွေပဲဖြစ်ပါတယ်။ ဘယ်တော့မှလည်း မရှုံးချင်တဲ့သူတွေပါ။ ဒါကြောင့် အနိုင်ရဖို့ဘာမဆိုလုပ်မယ့်သူတွေဖြစ်ပါတယ်။ တစ်ခေါက်တည်းနဲ့အနိုင်မရရင်တောင် အကြိမ်ကြိမ်ကြိုးစားပြီး အနိုင်ရတဲ့အထိ ဇွဲမလျှော့တမ်း ကြိုးစားမယ့်သူတွေဖြစ်ပါတယ်။

Em Em

sponsored