အဆီတွေကို အလျင်အမြန်လောင်ကျွမ်းစေပြီး အချိန်တိုအတွင်း ၀ိတ်ကျစေမယ့် လေ့ကျင့်ခန်းများ

shutterstock/ Jacob Lund
Sponsored

ခုလိုချိန်မျိုးမှာ gym လည်း သွားလို့မရ စားလိုက်အိပ်လိုက်နဲ့ ဝိတ်တွေပဲ တက်လာတဲ့ ပြသနာကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းလေးကို ဝေမျှပေးချင်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေ အဆီတွေကို ဝုန်းဆိုကျသွားစေမှာဖြစ်ပြီးတော့  ခန္ဓာကိုယ်ရဲ့ ဝိတ်ကို ထိန်းညှိပေးမှာပဲ ဖြစ်ပါတယ်။ အချိန်အနည်းငယ်ပေးရုံနဲ့ သွယ်လျလှပတဲ့ ခန္ဓာကိုယ်ကို ရရှိလာစေမယ့် လေ့ကျင့်ခန်းတွေပဲ ဖြစ်ပါတယ်။

ကြိုးခုန်ခြင်း

shutterstock/GlebSStock

မိန်းကလေးတွေ အများစု အကြံပေးတဲ့ အဆီတွေကို အလျင်အမြန်တိုက်ဖျက်ပေးတဲ့ လေ့ကျင့်ခန်းက ကြိုးခုန်ခြင်းပဲ ဖြစ်ပါတယ်။ တစ်မိနစ်မှာ 120 နှုန်းသာ ခုန်နိုင်မယ်ဆိုရင် တစ်နာရီမှာ ကယ်လိုရီပေါင်း 667 ကနေ 990 အထိကို လောင်ကျွမ်းစေနိုင်ပါတယ်။ ဒီကြိုးခုန်ခြင်းက ခန္ဓာကိုယ်တစ်ခုလုံးကို အကျိုးသက်ရောက်ပြီး မြန်မြန်ခုန်နိုင်သလောက်ကို ကယ်လိုရီတွေကို လောင်ကျွမ်းစေမှာပဲ ဖြစ်ပါတယ်။

READ
ကျန်းမာရေးကို တဖြည်းဖြည်း ထိခိုက်လာစေနိုင်လို့ ရှောင်ရှားသင့်တဲ့ ဖက်ရှင်အသုံးအဆောင်များ

ပြေးခြင်း

shutterstock/ Daxiao Productions
Sponsored

ကြိုးခုန်တာလိုမျိုး အဆီတွေကို အလျင်အမြန်လောင်ကျွမ်းစေတဲ့နည်းက ပြေးတာပါ။ ဒါပေမယ့် ပုံမှန်နဲ့ ဝေးဝေးရောက်အောင် ပြေးတဲ့ပုံစံမျိုးမဟုတ်ပဲ အားသုံးပြီး ခြေထောက်ကို တွန်းကန်ပြီး ပြေးရမှာဖြစ်ပါတယ်။ ဒါက အဆီတွေကို အလျင်အမြန်လောင်ကျွမ်းစေပြီး များများအားသုံးပြီးပြေးလေး အဆီတွေကို ပိုလောင်ကျွမ်းလေပဲ ဖြစ်ပါတယ်။

Boxing and kickboxing

shutterstock/ oneinchpunch

ဝိတ်မြန်မြန်ကျချင်တယ်၊ အဆီတွေကို အလျင်အမြန်ဖယ်ရှားချင်တယ်ဆိုရင်တော့ boxing and kickboxing နည်းလေးကို စမ်းလုပ်ကြည့်သင့်ပါတယ်။ ဒါက ကိုယ့်အတွက် challenge တစ်ခုဖြစ်သလို လက်နဲ့ ခြေထောက်အနေထား မှန်မှန်နဲ့ လေ့ကျင့်တတ်ဖို့ လိုပါတယ်။ ဒီလေ့ကျင့်ခန်းက ကယ်လိုရီတွေကို အချိန်တိုအတွင်း အမြန်လောင်ကျွမ်းစေနိုင်ပြီး အချိုးအစားလှပတဲ့ ခန္ဓာကိုယ်လေးကို ရရှိစေမှာ ဖြစ်ပါတယ်။

Lunges

shutterstock/ Undrey

ဒီလေ့ကျင့်ခန်းကတော့ ခြေထောက်နဲ့ ကြွက်သားတွေကို အားစိုက်အသုံးပြုရတဲ့အတွက် ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်။ ပြုလုပ်ရမယ့်နည်းက ခြေထောက်နှစ်ဖက်ကို ပခုံးနဲ့ တစ်တန်းတည်းဖြစ်အောင် ကားလိုက်ပြီး ခြေထောက်တစ်ဖက်ကို ရှေ့ထုတ်အနေအထားနဲ့ ကျန်ခြေတစ်ဖက်က ဒူးထောက်ထားတဲ့ အနေအထားအတိုင်း ရှိနေရမှာပါ။ ရှေ့ထုတ်ထားတဲ့ခြေထောက်ကို ကိုးဆယ်ဒီဂရီအတိုင်း ထောက်ထားရမှာ ဖြစ်ပါတယ်။ တစ်ဘက်ကို ဆယ်ခေါက်စီနဲ့ သုံးကျော့လုပ်ပေးရမှာဖြစ်ပြီး တဖြည်းဖြည်းနဲ့ အခေါက်ရေတိုးသွားလို့ ရပါတယ်။ ဒီနည်းလမ်းတွေက ခန္ဓာကိုယ်ရဲ့  အဆီတွေကို အလျင်အမြန်လောင်ကျွမ်းစေလို့ အဆီပိုတွေကို ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။

READ
မျက်နှာကြေးချွတ်၊ပေါင်းတင်နည်းတွေထဲကအသားအရေကိုထိခိုက်စေနိုင်တဲ့ပစ္စည်း(၆)မျိုး

Khin

sponsored