ပုရိသေတြကုိ အစြဲလန္းႀကီး စြဲလန္းေစတတ္တဲ့ မိန္းမသားတုိ႔၏ ပင္ကုိယ္အရည္အခ်င္းမ်ား

Image by Сергей Горбачев from Pixabay
Sponsored

အမ်ိဳးသားေတြဟာ အမ်ိဳးသမီးေတြကို ႐ုပ္ကေလးတစ္ခုေလာက္ ကြက္ၿပီး သေဘာက်တာမ်ိဳး မဟုတ္ပါဘူး။ သူတုိ႔စိတ္ထဲမွာ ထုတ္ေဖာ္ေျပာၾကာျခင္းမရွိတဲ့ စံသတ္မွတ္ခ်က္ေတြလည္း ရွိေနပါေသးတယ္။ တစ္ခါတရံမွာ ႐ုပ္၀ါဒကို အေျခမခံဘဲ သူတုိ႔ သေဘာက်တဲ့ အမူအယာေလးေတြ ပိုင္ဆုိင္ၿပီဆုိရင္လည္း ခ်စ္သြားႏုိင္တယ္ဆုိတာ Aunty May ရဲ႕ ပ
ရိသတ္ ေကာင္မေလးေတြ သိထားသင့္ပါတယ္။

(၁) အ၀တ္အစား

အ၀တ္အစားကိစၥရပ္မွာ အမ်ိဳးသမီးေတြ အထူးေျပာဖုိ႔ လုိမယ္ေတာ့ မထင္ပါဘူး။ ဒါေပမယ့္ ေျပာစရာေလးေတြကလည္း ရွိေနပါတယ္။ ကိုယ္၀တ္ခ်င္တာကုိ ကိုယ္၀တ္တာထက္စာရင္ ကိုယ္ႏွစ္သက္သေဘာက်တဲ့ ေကာင္ေလး ဘယ္လုိအ၀တ္
အစားမ်ိဳး သေဘာက်သလဲဆုိတာကို သိၿပီး အ၀တ္အစားစတုိင္ကို ေျပာင္းလဲၾကည့္လုိက္ပါ။ အလုိလုိ ခ်စ္လာပါလိမ့္မယ္။ ေနာက္တစ္ခုက ရာသီဥတု၊ ေခတ္နဲ႔ လုိက္ဖက္တဲ့ အ၀တ္အစားမ်ိဳးကို ေရြးခ်ယ္၀တ္ဆင္တတ္ဖုိ႔ လုိပါတယ္။

(၂) ကိုယ္သင္းရနံ႔
Sponsored

ေခၽြးဂလင္းပါတဲ့ သတၱ၀ါတုိင္း ကိုယ္ပုိင္အနံ႔ေတြ ရွိပါတယ္။ တစ္ခ်ိဳ႕က ႏွာေခါင္းက အေလ့အက်င့္ ျဖစ္ေနၿပီးေတာ့ ကိုယ့္ေကာင္မေလးရဲ႕ မူပုိင္အနံ႔အသက္ကုိ လူမျမင္ဘဲ သိတာမ်ိဳးေတာင္ ရွိပါတယ္။ ဥပမာ တစ္ေနရာရာမွာ ေကာင္မေလးကို မေတြ႔ရေပမယ့္ ေကာင္ေလး သုံးေနက် ေရေမႊးနံ႔ေလး ရၿပီး သူ႕ကို ရွာမိတာမ်ိဳး အမ်ိဳးသားေတာ္ေတာ္မ်ားမ်ား ႀကဳံဖူးပါလိမ့္မယ္။

(၃) အၿပဳံး
Image by Анастасия Гепп from Pixabay

အၿပဳံးဟာ လူတစ္ေယာက္မွာ အလွဆုံးေတြကို ၿခဳံငုံေဖာ္ျပနုိင္တဲ့ ကိုယ္ပိုင္အရည္အခ်င္းေတြ ျဖစ္ပါတယ္။ အၿပဳံးေတြမွာလည္း အမ်ိဳးမ်ိဳး ရွိပါတယ္။ ဟန္ေဆာင္ၿပဳံး၊ ဖားၿပဳံး၊ မခ်ိၿပဳံး၊ မခံခ်င္ၿပဳံး၊ မခန္႔ၿပဳံး စတာေတြေပါ့။ ဒီအထဲမွာမွ အလွဆုံးနဲ႔ အသန္႔စင္ဆုံးကေတာ့ ဟန္ေဆာင္မႈကင္းမဲ့တဲ့ အၿပဳံးျဖစ္ပါတယ္။ အမ်ိဳးသမီးေတြဟာ အဲဒီအၿပဳံးေလးကို ေကာင္းေကာင္း အသုံးခ်တတ္ရင္ လင္ေကာင္းသားေကာင္း မရွားပါဘူး။

(၄) အျငင္းအခုန္ျပဳျခင္း

ဒါကေတာ့ ကာယကံရွင္ ေကာင္ေလးနဲ႔ အျငင္းအခုန္ ျပဳတာကို ဆုိလုိတာပါ။ အမ်ိဳးသားေတြဟာ သူတုိ႔နဲ႔ လာၿပီး ျငင္း
ခုန္တဲ့သူေတြရဲ႕ ဉာဏ္ကို အကဲျဖတ္တတ္တဲ့ ဓေလ့ရွိပါတယ္။ ျငင္းစရာမဟုတ္တာကို ရွာႀကံျငင္းတာမ်ိဳးေတာ့ မျဖစ္ပါေစနဲ႔။ သူနဲ႔ ျငင္းစရာ ႀကဳံတဲ့အခါတုိင္း ကိုယ့္ဘက္က ခ်က္က်လက္က် ျပန္ျငင္းႏုိင္ရင္ သူ႕စိတ္ထဲမွာ ဒီေကာင္ေလး ေတာ္လွခ်ည္လားဆုိၿပီး အမွတ္ေတြ ေပးမွာမလြဲပါဘူး။

READ
သင့္ခ်စ္သူက သင့္ကို တကယ္မခ်စ္ဘဲ အသံုးခ်ေနေၾကာင္း သိေစမယ့္ အခ်က္မ်ား
(၅) ခပ္ဆုိးဆုိး အမူအယာ
Image by Free-Photos from Pixabay

ခပ္ဆုိးဆုိး အမူအယာဆုိၿပီး ဘီယာပုလင္းကိုင္ၿပီး လမ္းမထက္မွာဆဲဆိုျပတာကို ဆုိလုိတာ မဟုတ္ပါဘူး။ ကိုေအာင္ရင္ သီခ်င္းထဲကလုိ အသည္းစြဲတဲ့ ႏြဲ႕ဆုိးပ်ိဳ-ေပါ့။ ႏြဲ႕ဆုိး ဆုိးတာေလးေတြ၊ ကေလးတစ္ေယာက္လုိ အျပစ္ကင္းစြာနဲ႔ ဆုိးတာေလးေတြ၊ လူႀကီးဆန္ဆန္ ေခါင္းမာၿပီး ဆုိးတာေလးေတြကုိ အမ်ိဳးသားေတြ သေဘာက်တတ္ပါတယ္။


[Unicode version]

ပုရိသတွေကို တစ်မျိုးစွဲလမ်းစေမယ့် မိန်းမသားတို့၏ ပင်ကိုယ်အရည်အချင်းများ

 

အမျိုးသားတွေဟာ အမျိုးသမီးတွေကို ရုပ်ကလေးတစ်ခုလောက် ကွက်ပြီး သဘောကျတာမျိုး မဟုတ်ပါဘူး။ သူတို့စိတ်ထဲမှာ ထုတ်ဖော်ပြောကြာခြင်းမရှိတဲ့ စံသတ်မှတ်ချက်တွေလည်း ရှိနေပါသေးတယ်။ တစ်ခါတရံမှာ ရုပ်ဝါဒကို အခြေမခံဘဲ သူတို့ သဘောကျတဲ့ အမူအယာလေးတွေ ပိုင်ဆိုင်ပြီဆိုရင်လည်း ချစ်သွားနိုင်တယ်ဆိုတာ Aunty May ရဲ့ ပ
ရိသတ် ကောင်မလေးတွေ သိထားသင့်ပါတယ်။

(၁) အဝတ်အစား

အဝတ်အစားကိစ္စရပ်မှာ အမျိုးသမီးတွေ အထူးပြောဖို့ လိုမယ်တော့ မထင်ပါဘူး။ ဒါပေမယ့် ပြောစရာလေးတွေကလည်း ရှိနေပါတယ်။ ကိုယ်ဝတ်ချင်တာကို ကိုယ်ဝတ်တာထက်စာရင် ကိုယ်နှစ်သက်သဘောကျတဲ့ ကောင်လေး ဘယ်လိုအဝတ်
အစားမျိုး သဘောကျသလဲဆိုတာကို သိပြီး အဝတ်အစားစတိုင်ကို ပြောင်းလဲကြည့်လိုက်ပါ။ အလိုလို ချစ်လာပါလိမ့်မယ်။ နောက်တစ်ခုက ရာသီဥတု၊ ခေတ်နဲ့ လိုက်ဖက်တဲ့ အဝတ်အစားမျိုးကို ရွေးချယ်ဝတ်ဆင်တတ်ဖို့ လိုပါတယ်။

(၂) ကိုယ်သင်းရနံ့

ချွေးဂလင်းပါတဲ့ သတ္တဝါတိုင်း ကိုယ်ပိုင်အနံ့တွေ ရှိပါတယ်။ တစ်ချို့က နှာခေါင်းက အလေ့အကျင့် ဖြစ်နေပြီးတော့ ကိုယ့်ကောင်မလေးရဲ့ မူပိုင်အနံ့အသက်ကို လူမမြင်ဘဲ သိတာမျိုးတောင် ရှိပါတယ်။ ဥပမာ တစ်နေရာရာမှာ ကောင်မလေးကို မတွေ့ရပေမယ့် ကောင်လေး သုံးနေကျ ရေမွှေးနံ့လေး ရပြီး သူ့ကို ရှာမိတာမျိုး အမျိုးသားတော်တော်များများ ကြုံဖူးပါ
လိမ့်မယ်။

READ
အႀကီးအက်ယ္အသည္းကြဲၿပီးရင္ အခ်စ္စစ္နဲ႔ ေတြ႔ရေတာ့မွာပါ...
(၃) အပြုံး

 

အပြုံးဟာ လူတစ်ယောက်မှာ အလှဆုံးတွေကို ခြုံငုံဖော်ပြနိုင်တဲ့ ကိုယ်ပိုင်အရည်အချင်းတွေ ဖြစ်ပါတယ်။ အပြုံးတွေမှာလည်း အမျိုးမျိုး ရှိပါတယ်။ ဟန်ဆောင်ပြုံး၊ ဖားပြုံး၊ မချိပြုံး၊ မခံချင်ပြုံး၊ မခန့်ပြုံး စတာတွေပေါ့။ ဒီအထဲမှာမှ အလှဆုံးနဲ့ အ
သန့်စင်ဆုံးကတော့ ဟန်ဆောင်မှုကင်းမဲ့တဲ့ အပြုံးဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ အဲဒီအပြုံးလေးကို ကောင်းကောင်း အသုံးချတတ်ရင် လင်ကောင်းသားကောင်း မရှားပါဘူး။

(၄) အငြင်းအခုန်ပြုခြင်း

ဒါကတော့ ကာယကံရှင် ကောင်လေးနဲ့ အငြင်းအခုန် ပြုတာကို ဆိုလိုတာပါ။ အမျိုးသားတွေဟာ သူတို့နဲ့ လာပြီး ငြင်း
ခုန်တဲ့သူတွေရဲ့ ဉာဏ်ကို အကဲဖြတ်တတ်တဲ့ ဓလေ့ရှိပါတယ်။ ငြင်းစရာမဟုတ်တာကို ရှာကြံငြင်းတာမျိုးတော့ မဖြစ်ပါစေနဲ့။ သူနဲ့ ငြင်းစရာ ကြုံတဲ့အခါတိုင်း ကိုယ့်ဘက်က ချက်ကျလက်ကျ ပြန်ငြင်းနိုင်ရင် သူ့စိတ်ထဲမှာ ဒီကောင်လေး တော်လှချည်လားဆိုပြီး အမှတ်တွေ ပေးမှာမလွဲပါဘူး။

 

(၅) ခပ်ဆိုးဆိုး အမူအယာ

ခပ်ဆိုးဆိုး အမူအယာဆိုပြီး ဘီယာပုလင်းကိုင်ပြီး လမ်းမထက်မှာဆဲဆိုပြတာကို ဆိုလိုတာ မ
ဟုတ်ပါဘူး။ ကိုအောင်ရင် သီချင်းထဲကလို အသည်းစွဲတဲ့ နွဲ့ဆိုးပျို-ပေါ့။ နွဲ့ဆိုး ဆိုးတာလေးတွေ၊ ကလေးတစ်ယောက်လို အပြစ်ကင်းစွာနဲ့ ဆိုးတာလေးတွေ၊ လူကြီးဆန်ဆန် ခေါင်းမာပြီး ဆိုးတာလေးတွေကို အမျိုးသားတွေ သဘောကျတတ်ပါတယ်။

 

sponsored