မျက်နှာအသားအရေ Glow ဖြစ်စေဖို့ အုန်းဆီနဲ့ ပြုလုပ်နိုင်မယ့် မျက်နှာပေါင်းတင်နည်း

Sponsored

မျက်နှာမိတ်ကပ်သား ကောင်းနေဖို့ အသားအရေက အကောင်းဆုံး နဲ့ Glow ဖြစ်တဲ့ အသားအရေ ဖြစ်နေမှ အဆင်ပြေပါလိမ့်မယ်။ အောက်ခံမျက်နှာ အသားအရေက လှပြီး စိုပြေ နေမှ ဘယ်လိုမိတ်ကပ်မျိုးလိမ်းလိမ်း လှနေမှာပါ။ အသားအရေကို ဂရုစိုက်ဖို့အတွက် အုန်းဆီက အကောင်းဆုံးပါ။ အုန်းဆီက အသားအရေပေါ်မှာ ရှိတဲ့ ဘက်တီးရီးယားတွေ ၊ နီမြန်းတာတွေ ၊ ၀က်ခြံတွေ ကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ အမာရွတ်တွေကို ပါးစေပြီး အသားအရေခြောက်သူတွေကို စိုပြေလာစေပါတယ်။

(၁) အုန်းဆီနဲ့ ကော်ဖီမှုန့်
stylecraze

ပါဝင်ပစ္စည်းများ – အုန်းဆီ (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) ၊ ကော်ဖီမှုန့် (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) ။
– ပါဝင်ပစ္စည်းများအားလုံးကို ရောမွှေပေးပါ။
– မျက်နှာပေါ် လိမ်းပေးပါ။
– လက်ချောင်းတွေနဲ့ အသာအယာ နှိပ်နယ်ပေးပြီး (၁၀-၁၅)မိနစ်လောက်ပေါင်းတင်ထားပါ။
– ရေနွေးနွေးနဲ့ မျက်နှာသစ်ပေးပါ။
– တစ်ပတ်ကို (၂)ကြိမ်လုပ်ပေးပါ။

READ
အုန်းဆီနဲ့ ပေါင်းတင်ပေးရုံနဲ့ အရေးအကြောင်းတွေ အချိန်တိုအတွင်း လုံးဝပျောက်ကင်းသွားမှာပါ
Sponsored

(၂) အုန်းဆီနဲ့ ရှားစောင်းလက်ပပ်

pixabay 

ပါဝင်ပစ္စည်းများ – အုန်းဆီ (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) ၊ ရှားစောင်းလက်ပပ် (စားပွဲတင်ဇွန်း ၁ ဇွန်း) ။
– ပါဝင်ပစ္စည်းများအားလုံးကို ရောမွှေပေးပါ။
– မျက်နှာပေါ် လိမ်းပေးပြီး အသာအယာ နှိပ်နယ်ပေးပါ။
– (၁၀-၁၅)မိနစ်လောက်ပေါင်းတင်ထားပြီးရင်တော့ ရေအေးနဲ့ မျက်နှာသစ်ပေးပါ။
– တစ်ပတ်ကို (၂-၃)ရက်လုပ်ပေးပါ။

(၃) အုန်းဆီနဲ့ Oatmeal

healthline

ပါဝင်ပစ္စည်းများ – အုန်းဆီ (စားပွဲတင်ဇွန်း ၁ ဇွန်း) ၊ Oatmeal (ခွက်တစ်ဝက်)။
– Oatmeal ကို blender ထဲထည့်ပြီး အမှုန့်ဖြစ်သွားအောင်ကြိတ်ပေးဖို့လိုပါတယ်။
– ဇလုံထဲ ပါဝင်ပစ္စည်းတွေကိုထည့်ပြီး ရောမွှေပေးပါ။
– မျက်နှာပေါ်လိမ်းပေးပြီး (၁၅-၂၀)မိနစ်လောက်ပေါင်းတင်ပေးပါ။
– ခြောက်သွားရင်တော့ ရေအေးနဲ့ မျက်နှာသစ်ပေးပါ။
– တစ်ပတ်ကို (၂-၃)ကြိမ်လောက်လုပ်ပေးပါ။

READ
ဆားဝက်ခြံနဲ့အဆီဖုကင်းပြီး ကြည်လင်တဲ့ အသားအရေကို တစ်ပတ်အတွင်း ရအောင်လုပ်နည်း

Hannwe Soe

sponsored