Lee Dong-wook အ ကြောင်း သင်မသိသေးတဲ့ အချက်(၉) ချက်

Image:IG/Lee Dong-wook
Sponsored

Lee Dong-wook က တော့ တောင်ကိုရီးယားရဲ့ နာမည်ကြီး မင်းသားတစ်ယောက်ပါ။(၁၉၈၁)ခုနှစ် နိုဝင်ဘာ (၆)ရက်နေ့မှာ မွေးဖွားခဲ့ သူပါ။လက်ရှိမှာတော့ တစ်ကိုယ်တည်း လူပျိုကြီးဘ၀ နဲ့ အရိုးထုတ်နေသူပါ။နာမည်ကြီး မင်းသား တစ်ယောက် အဖြစ် ရပ်တည်လာ ခဲ့တာ က တော့ ကြာပါပြီ။ Goblin က တော့ သူ့ကို တကျော့ပြန်လည် ပြီး ပိုနာမည်ကြီး သွားစေခဲ့တဲ့ ဇာတ်ကား ပါ။ဒီကား ထဲမှာ တော့ သေ မင်း နေရာ က နေ သရုပ်ဆော င်ခဲ့သူပါ။လက်ရှိမှာလည်း သူပါဝင်ထားတဲ့ Tale of the Nine–Tailed ဆိုတဲ့ ဇာတ်ကားကို ထုတ်လွှင့် ပြသ နေပါ တယ်။ ပရိသတ်တစ်ချို့ မသိ သေးတဲ့ Lee Dong-wook ရဲ့ အ ကြောင်းတွေကိုတော့ Asia One မှာ အခုလို ဖော်ပြ ထားပါတယ်။

Gong Yoo နဲ့ အရမ်းခင်

Sponsored

Goblin မှာ နှစ်ယောက် အတူ တွဲ သရုပ်ဆောင်ခဲ့ဖူးပါတယ်။သူတို့ နှစ်ယောက်က တော့ အပြင်မှာပါ အရမ်းခင် ကြပါတယ်။ Dong-wook ရဲ့ မွေးနေ့ ပွဲအတွက် ဂျယ်ဂျူ ကျွန်းကို သွားခဲ့တုန်းက Gong Yoo က Dong Wook နဲ့ စကားပြောရတာ သူ့ အတွက် အရမ်း သက်သောင့်သက်သာရှိ လွန်းလို့ ရိုက်ကူးနေတယ်ဆို တာကိုေ တာင် မေ့ သွားတယ်လို့ ပြောခဲ့ဖူးပါတယ်။ Dong Wook ရဲ့ အပြင် ပန်း ပုံစံက အေးတယ်ဆိုပေမယ့် သူ့ဆီကို တော့ မကြာခဏ ဆိုသလို ချစ်စရာ ကောင်းတဲ့ မက်ဆေ့ခ်ျ တွေ၊အသည်းပုံ တွေ ပို့ လေ့ ရှိတယ် လို့ ပြောခဲ့ပါတယ်။အရမ်းခင်ပြီး တစ်ယောက်နဲ့ တစ်ယောက် nickname တောင် ပေးထားကြပါ တယ်။Dong-wook က Gong Yoo Kke Bi (Goblin) ၊Gong Yoo က တော့ Dong Seung ဆိုပြီး ခေါ် ကြပါတယ်။

makeup line ရဲ့ global ambassador

Lee Dong-wook က တော့ အသားအရေ အရမ်းကောင်းတဲ့ မင်းသား တွေထဲမှာ ပါပါတယ်။အသားအရေ တင်လား ဆိုရင် တော့ မဟုတ်ပါဘူး။နှုတ်ခမ်းနီ ကြောင့် မဟုတ်ပဲ ပင်ကိုယ် ရဲ နေတဲ့ နှုတ်ခမ်း တစ်စုံကို လည်း ပိုင်ဆိုင်ထားပါတယ်။ဒီလို ချောမော နေမှု တွေ ကြောင့် ပဲ ပြင်သစ် luxury brand Chanel ရဲ့ အမျိုးသားတွေ အတွက် ထုတ်တဲ့ ပထမဆုံး makeup line Boy de Chanel ရဲ့ global ambassador ဖြစ်လာ ခဲ့တာပါ။ Boy de Chanel ကို တော့ တောင်ကိုရီးယားမှာ (၂၀၁၈)က ပထမဆုံးမိတ်ဆက်ပေး ခဲ့ပြီး Lee Dong-wook  က တော့ global ambassador အ ဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ makeup line  မှာတော့ liquid foundation, lip balm  နဲ့ concealer တို့ ပါဝင်ပါတယ်။

အစီအစဉ်တင်ဆက်သူ host တစ်ယောက်

 

View this post on Instagram

 

– 동욱 배우와 샤넬이 함께한 Harper’s BAZAAR’ 화보 비하인드 포스트 오픈! – 많이 기다리셨쬬? 화보 찍으신 분 최소 배우신 분이라는 소리 들었던 바로 그 화보! 동욱 배우의 섹시함이 뚝뚝 떨어지는 그 화보! 화보 비하인드 포스트 보러 오세요❤️ – 포스트 보러 오시는 길 http://naver.me/5mpft3gr – @harpersbazaarkorea @chanel.beauty.korea – #이동욱 #LeeDongWook #李栋旭 #욱스타그램 #샤넬 #CHANEL #인간샤넬 #하퍼스바자 #하퍼스바자코리아 #harpersbazaar #harpersbazaarkorea #화보 #비하인드 #포스트 #오픈 #섹시함이 #뚝뚝 #떨어진다 # #

A post shared by 이동욱 (Official_Instagram) (@leedongwook_official) on


မင်းသား တစ်ယောက် အဖြစ် ရပ်တည်နေပေမယ့် အစီအစဉ်တင်ဆက်သူ Host တစ်ယောက် အဖြစ် နဲ့ လည်း variety show တွေနဲ့ ဆု ပေး ပွဲ တွေ မှာ ပါဝင် ပေးခဲ့ဖူးပါတယ်။ survival reality show Produce X 101 မှာ ဆိုရင်လည်း သူက Host တစ် ယောက် အဖြစ် တာဝန်ယူ ပေးခဲ့သလို talk show Wook Talk မှာလည်း ပါဝင် ပေးခဲ့ပါတယ်။

READ
ဘယ်တော့မှ ခရီးအတူမထွက်သင့်တဲ့ ဘော်ဒါ အမျိုးအစား (၅) မျိုး

Radio DJ


Host လုပ်တာ အပြင်  Dong-wook က တော့ radio DJ လည်း လုပ်ပါတယ်။မင်းသား Kim Jae-won နဲ့ အတူ စစ်တပ် ထဲမှာ အတူတူ radio show ကိုတင်ဆက် ခဲ့ဖူးပါတယ်။(၂၀၁၇-၂၀၁၈)အထိ Lee Dong-wook’s On The Air ဆိုတဲ့ ကိုယ်ပိုင် ရေဒီယို ပရို ဂရမ် ကိုလည်း တင်ဆက်ခဲ့ဖူးပါတယ်။နောက်ဆုံး တင်ဆက်မှုက တော့ မတ်လ တုန်းက V Live’s Radio Apart  မှာ ဧည့်သည် အဖြစ် ပါဝင် ပေးခဲ့တာပါ။

ဟော်ကီ ကစားနည်း ကို ကြိုက်

 

View this post on Instagram

 

대한민국 화이팅!! @Olympic #PyeongChang2018

A post shared by 이동욱 (Official_Instagram) (@leedongwook_official) on


သူက တော့ 2018 Pyeongchang Paralympics ရဲ့ Ambassador တစ်ယောက်ပါ။သူ့ Fan တစ်ထောင် လောက်ကို ဖိတ် ပြီး ချက်ဇ် နိုင်ငံနဲ့ ဂျပန်နိုင်ငံရဲ့ ရေခဲပြင် ဟော်ကီ ပွဲကို အတူ ကြည့်ဖူးပါတယ်။လက်မှတ် ဖိုးက တော့ အ မေရိကန် ဒေါ်လာ တစ်ထောင် လောက် ကုန်ကျ ခံပြီးတော့ ကို Fan တွေ နဲ့ အတူ ပွဲ ကြည့်ခဲ့တာပါ။

အရမ်းမိုက်တဲ့ Body ကို ပိုင်ဆိုင်ထား

မျက်စိလျင်လွန်းတဲ့ Fan တွေက တော့ ဒါကို သိပြီး ဖြစ်မှာပါ။အရမ်းအရမ်းကို မိုက်တဲ့ Body မျိုး Dong-wook မှာ ရှိပါတယ်။ဒရမ်မာဇာတ်ကားတွေ၊မဂ္ဂဇင်း ဓါတ်ပုံတွေ မှာ ဆိုရင် တော့ သူ့ရဲ့ အမိုက်စား Body ကို ထုတ်ပြ တတ်ပါတယ်။ဖက်ရှင် ပွဲတွေ ကိုလည်း တက်ရောက် လေ့ရှိပြီး တရုတ်တိုင်ပေ မှာ ပြုလုပ်တဲ့ ဖက်ရှင်ပွဲမှာတော့ ဒီလို အမိုက်စား Body ပိုင်ဆိုင်ရတဲ့ လျှို့ ၀ှက်ချက်ကို ပြောပြ ပါ ဆိုပြီး မေးခဲ့ပါတယ်။

စားရတာ အရမ်းကြိုက် တော့ သူက ၀ိတ်တတ်မြန် ကြောင်း၊လေ့ကျင့်ခန်း လုပ်ပြီး သူ့ Body ကို ထိန်း သိမ်း တယ်လို့ ဆိုပါတယ်။Diet လုပ်ဖို့ ကလည်း အရေးကြီး ကြောင်း၊လေ့ကျင့်ခန်း မလုပ်ခင် အစားကို နည်းနည်းပဲ စားမှ လေ့ကျင့်ခန်းကို ထိထိ ရောက်ရောက် လုပ်နိုင် မှာ လို့ ပြောခဲ့ပါတယ်။ဘယ်လောက်ထိ ကျန်းမာ နုပျို နေလဲဆိုရင်တော့ DNA test ရဲ့ ရလဒ် မှာတော့ သူ့ အသက်က (၃၂)လို့ တောင် ထွက်ခဲ့ပါ တယ်။တကယ်တော့ သူ့ အသက်က (၃၉)ပြည့်တော့မှာပါ။တစ်နေ့ကို နှစ်နာရီ သုံးနာရီ လောက် လေ့ကျင့်ခန်း လုပ် ဖြစ် ပါတယ်။

READ
ရင့်ကျက်တဲ့ "မမ" ဆိုတာ ဒီအချက်တွေနဲ့ ကိုက်ညီနေတဲ့သူပါ......

Comic Fan


variety show Taxi မှာတော့ Dong-wook က တော့ သူ့မှာ comic စာအုပ် နှစ်ရာ ကျော် ရှိတယ်လို့ ပြောခဲ့ပါတယ်။ငယ်ငယ်တည်းက Comic ဖတ်ရတာကို ကြိုက်ပေမယ့် မိသားစုရဲ့ ငွေရေး ကြေးရေး ကြောင့် မဖတ်နိုင်ခဲ့ဘူး လို့ ပြောခဲ့ပါတယ်။အသက်ကြီးလာ လို့ ငွေ ရေး ကြေးရေး ပြေလည် ချိန်မှာတော့ က လေးတုန်းက အိမ်မက် ကို အ ကောင်အထည် ဖော်ပြီး သူလို ချင်တဲ့ Comic စာအုပ်တွေကို စု ခဲ့ပါတယ်။ဖတ်ရတာ ကို ပျော် ပြီး အနာဂါတ် မှာတော့ ဒါရိုက်တာ ဖြစ်ချင် ကြောင်းနဲ့ Comic ဖတ် ခြင်းက သူ့ကို ဒါရိုက်တာ ဖြစ် ဖို့ လေ့လာ တဲ့နေရာမှာ အထောက်အကူ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အယူသည်းသူ


သူက အယူသည်းသူ တစ်ယောက်ပါလို့ ၀န်ခံခဲ့ဖူးပါတယ်။သူ့ဆံပင်ကို ရိုက်ကူးရေးအတွက် ပုံ သွင်း ပုံချ တဲ့ အခါ ပထမ တစ်ကြိမ်နဲ့တင် အဆင် မပြေ ဖြစ် ခဲ့ရင် တစ်ခုခု အလွဲ ဖြစ်တတ်တယ်ဆိုတဲ့ စိတ် အယူ သည်း မှု မျိုး သူ့မှာ ရှိတယ်လို့ ဆိုပါတယ်။အဲ့လို ဖြစ်တဲ့ နေ့ဆိုရင် စိတ်ကိုတည်ငြိမ်အောင် ကြိုးစားယူရတယ်လို့ ပြောခဲ့ပါတယ်။

လိုချင်တဲ့ ချစ်သူ ပုံစံ


Dong-wook က တော့ သူလို ချင်တဲ့၊သူ့စိတ်ကူးထဲက ချစ်သူပုံစံ အ ကြောင်းကို အင်တာဗျူး တွေ မှာ မကြာခဏ ကို ပြောခဲ့ဖူးပါတယ်။သူ့  အတွက်ကတော့ ရုပ်ရည် သွင်ပြင်ထက် အချင်းချင်း ဆက်သွယ် ပြောဆို လို့ လွယ်တဲ့ လူမျိုးဖြစ် ဖို့က ပို အ ရေးကြီး တယ်လို့ ဆိုပါတယ်။ဟာသ ဥာဏ် ရှိ၊သူယုံကြည်အားထားလို့ ရ၊သူခက်ခဲနေတဲ့ အချိန် မျိုးတွေ မှာ နှစ်သိမ့် အားပေးနိုင်တဲ့ လူမျိုးကို လိုချင်တယ်လို့ ပြောခဲ့ပါတယ်။

#AUNTYMAY

sponsored