ကိုယ်ဝန်ဆောင်ထားတဲ့ဇနီးသည်အတွက် ချစ်တတ်တဲ့ခင်ပွန်းတိုင်းလုပ်ပေးရမည့်အရာများ

Sponsored

ခင်ပွန်းသည်တစ်ယောက်အနေနဲ့ ကိုယ်ဝန်ဆောင် ဇနီးသည်အတွက် လုပ်ပေးနိုင်တဲ့အရာတွေ အများအပြား ရှိသော်လည်းပဲ အများစုဟာ ဘာတွေလုပ်ပေးရမယ်မှန်း မသိကြပါဘူး။ ကိုယ်ဝန်ဆောင်ကာလမှာ မိခင်လောင်းအတွက် ပတ်ဝန်းကျင်က အကြံဥာဏ်တွေ ၀ိုင်းပေးကြတာ ရှိပေမယ့် ဖခင်လောင်းဖြစ်လာမယ့်သူအတွက်တော့ တိတိပပ လုပ်ဆောင်ရမယ့်အရာဆိုပြီး အကြံပေးကြတာမျိုး မရှိပါဘူး။ ဒီအခါမှာ ကိုယ်ဝန်သည်နဲ့ ပတ်သက်တဲ့ ဗဟုသုတ မရှိတာကြောင့်ရော အကြံဥာဏ်ပေးတာမျိုးတွေ မရှိတာကြောင့်ပါ ပေါင်းသွားပြီး ခင်ပွန်းသည် အများစုဟာ ဖခင်လောင်း ဖြစ်နေသော်လည်းပဲ ၄င်းရဲ့ကိုယ်ဝန်ဆောင်ဇနီးသည်ကို လျစ်လျှူရှုထားသလို ဖြစ်သွားပါတော့တယ်။ ဒါကြောင့် မိမိရဲ့ အမျိုးသမီးက ကိုယ်ဝန်ဆောင်နေရပြီး ဘေးကတတ်နိုင်သမျှ ကူညီဆောင်မပေးချင်ပါသော်လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေတဲ့ အမျိုးသားများအတွက် လမ်းညွှန်၊ အကြံပေးချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

မီးဖွားခြင်းနဲ့ ပတ်သက်တဲ့ စာအုပ်စာပေတွေ ဖတ်ရှုထားပါ။

Sponsored

သားဖွားခန်းထဲမှာ အော်ဟစ်နာကျင်ပြီး ကလေးမီးဖွားရမှာ သင်မဟုတ်သော်လည်းပဲ သင့်ချစ်လှစွာသော ဇနီးသည်အနေ နဲ့ ဘယ်လိုခံစားနာကျင်ရမလည်းဆိုတာ သိနိုင်ဖို့ ကြိုတင်ဖတ်ရှုထားသင့်ပါတယ်။ သို့မှသာ သူမ ခံစားရမယ့် ဝေဒနာကို စာနာနားလည်နိုင်ပြီး သူမ လိုချင်နေမယ့် အကူအညီ၊ ဂရုစိုက်မှုမျိုးကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ကျန်းမာရေး စောင့်ရှောက်မှု ခံယူတိုင်းမှာ အဖော်လိုက်ပေးပါ။

ဒီအလေ့အကျင့်ဟာ သူမကို ပျော်ရွှင်စေရုံတင်မကဘဲ သင့်ကိုလည်း ဖခင်ကောင်းတစ်ယောက် ဖြစ်လာအောင် လမ်းပြပေး နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ ရင်သွေးနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ ယခင်ကထက် ပိုမိုသိရှိလာတဲ့အတွက် မိခင်ရော ရင်သွေးလေးအတွက်ပါ လက်မောင်းတစ်ဖက် ဖြစ်လာပါလိမ့်မယ်။

happy-couple-sonogram-pregnant.preview

သူမအတွက် အမြဲတမ်း အသင့်ရှိနေပေးပါ။

ကိုယ်ဝန်ဆောင်ချိန်ရဲ့ ဟော်မုန်းပြောင်းလဲမှုများအရ သင့်ဇနီးသည်ရဲ့ စိတ်ခံစားမှုနဲ့ အလိုဆန္ဒတွေဟာ အချိန်နဲ့အမျှ ပြောင်းလဲနေပါလိမ့်မယ်။ အခု ရေခဲမုန့် စားချင်သော်လည်း ခဏနေ မစားချင်တော့တာမျိုး ဖြစ်ပါလိမ့်မယ်။ သူမ မီးဖွားဖို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေကို သင့်အနေနဲ့ ကြိုတင်စီစဉ်ထားဖို့ ဖြစ်စေချင်ပေမယ့်လည်း တော်ကြာနေတဲ့အခါ သင့်ကို အဲ့ဒီ့ ကိစ္စတွေမှာ ၀င်မပါဖို့ ပြောချင်ပြောပါလိမ့်မယ်။ စိတ်သောကတွေနဲ့ ၀မ်းနည်းရှိုက်ဖိုနေတဲ့အချိန်ရှိသလို တစ်ယောက်တည်း နေချင်တဲ့ အချိန်တွေလည်း ရှိနေပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ သူမ လိုအပ်ချိန်တိုင်းမှာ သင်က ဘေးမှာအမြဲ အဆင်သင့် ရှိနေပေးသင့်ပါတယ်။ လူကိုယ်တိုင် မအားမလပ်လို့ မရှိနေနိုင်တဲ့ အချိန်မျိုးတွေမှာတောင် ဖုန်းနဲ့ပဲဖြစ်ဖြစ်၊ သူမအတွက် ရှိနေပေးပါ။ အလုပ်တွေ ရှုပ်နေလို့ သူမနဲ့ တွေ့ဆုံချိန်နည်းတဲ့အခါမျိုးမှာ video chat တာမျိုးတွေ ပြုလုပ်ပြီး ဂရုစိုက်ကြောင်း၊ အမြဲအသင့်ရှိနေကြောင်း ပြသပေးပါ။

READ
လုပ်ငန်းခွင် ဝင်နေရပေမယ့် သင့်ဖေဖေနဲ့ အချိန်ပေး Date လုပ်သင့်တဲ့ အချက် (၄) ချက်

သူမရဲ့ ကိုယ်ဝန်ဆောင်သည်ဘ၀ ပြောင်းလဲမှုအဆင့်ဆင့်ကို မှတ်သားထားပါ။

သင့်မြင်ကွင်းထဲမှာ အဆင့်ဆင့် ပြောင်းလဲလာတဲ့ သူမရဲ့ ကိုယ်ဝန်အခြေအနေကို သတိထားမိသမျှ သီးသန့်စာအုပ်ထား ပြီး ရေးမှတ်ထားပေးပါ။ သူမရဲ့ အပြောင်းအလဲမြန်တဲ့ စိတ်ခံစားမှုတွေ၊ သူမကိုယ်ဝန်ဘယ်လောက် စူထွက်လာတယ်ဆို တဲ့အကြောင်းတွေ၊ သူမ နေရထိုင်ရတာ သက်သောင့်သက်သာရှိမရှိနဲ့ ကလေးပုံလေးတွေ ကြည့်တဲ့အခါ ဘယ်လောက် တောင် အံ့သြမှင်သက်ပြီး စိတ်လှုပ်ရှားနေတယ်ဆိုတဲ့ အကြောင်းတွေကို မှတ်သားထားသင့်ပါတယ်။ ဒီမှတ်တမ်းစာအုပ် လေးကို သူမမီးဖွားပြီးတဲ့အခါ လက်ဆောင်ပေးလိုက်ခြင်းအားဖြင့် သူမရဲ့ ခက်ခဲတဲ့အချိန်တွေရော၊ စိတ်လှုပ်ရှားပျော်ရွှင်ခဲ့ တဲ့အချိန်တွေကိုပါ ပြန်ပြီးအောက်မေ့စေနိုင်လို့ သင့်ကိုလည်း အထူးကျေးဇူးတင်ပြီး ပိုမိုချစ်ခင်တွယ်တာစေပါလိမ့်မယ်။

ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ပြသရမယ့်အချိန်တွေကို သတိပေးပါ။

သူမဆေးခန်းသွားပြရမယ့် နေ့ရက်၊အချိန်တွေကို ပုံမှန်သတိပေးတာမျိုး ပြုလုပ်ပေးပါ။ ပန်းလေးတွေ၊ ချောကလက်လေး တွေနဲ့ ဆေးခန်းသွားရမယ့်အချိန်ကို သတိပေးခြင်းအားဖြင့် သင်တို့ဇနီးမောင်နှံ နှစ်ဦးကြားက ဆက်ဆံရေးကို ပိုမိုခိုင်ကျည် ကောင်းမွန်စေနိုင်ပြီး သင့်ရဲ့ဂရုစိုက်မှုကိုလည်း ပြသရာရောက်ပါတယ်။ တကယ်လို့ သင်ဟာ ရိုမန်းတစ်ဆန်သူဆိုရင် တော့ ပေးတဲ့လက်ဆောင်လေးတွေမှာ ခံစားချက်ကဗျာလေးတွေ၊ စာလေးတွေ ထည့်ပေးခြင်းအားဖြင့် သူမကို ပျော်ရွှင် ချမ်းမြေ့နေအောင် ဖန်တီးပေးနိုင်ပါတယ်။

Happy young pregnant couple sitting on their couch at home relaxing

ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီး သင့်သံသယတွေကို ဖျောက်ဖျက်ပါ။

သူမရဲ့ ကျန်းမာရေးနဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေကို စိုးရိမ်မကင်း ခံစားနေရပါက သူမကိုယ်ဝန်သွားပြတဲ့အခါ တစ်ပါ တည်း လိုက်ပါသွားပြီး သူမနဲ့အတူထိုင်ကာ သင်သိချင်နေတဲ့အရာတွေနဲ့ စိုးရိမ်သံသယတွေကို ဆရာဝန်နဲ့ ဆွေးနွေးတိုင် ပင်ပါ။ “ကိုယ်ဘာလုပ်ပေးရမလဲ”လို့ တွင်တွင်မေးနေခြင်းထက် သူမရဲ့လက္ခဏာ အခြေအနေတွေကို အကဲခတ်လေ့လာ ပြီး ဆရာဝန်နဲ့ ပြသချိန်မှာ ၀င်ရောက်မေးမြန်းဆွေးနွေးခြင်းက ပိုမိုထိရောက်မှု ရှိပါလိမ့်မယ်။ ကိုယ်လက်မအီမသာဖြစ်ခြင်း နဲ့ ပျို့အန်ခြင်း၊ ရင်ပူရင်ဆာဖြစ်ခြင်းတွေမှာ သင်တစ်ယောက်တည်း သူမကို နေလို့ကောင်းအောင် ပြုစုကူညီပေးလိုက်နိုင် ပါက သူမရဲ့သူရဲကောင်း ဖြစ်သွားပါလိမ့်မယ်။

READ
မနက်စောစောထရမှာပျင်းတဲ့ ကလေးတွေကို အိပ်ရာကနေထအောင် ဘယ်လိုနိုးမလဲ?

ကိုယ်ဝန်ဆောင်အ၀တ်အစား၊ အသုံးအဆောင်တွေကို ရွေးချယ်ပေးပါ။

ဈေးဝယ်ထွက်ခြင်းဟာ အမျိုးသမီးတိုင်းရဲ့ စိတ်ဖိစီးမှု လျှော့ချတဲ့ အကောင်းဆုံးသော နည်းလမ်းဖြစ်ပြီး ကိုယ်ဝန်သည်များ အတွက်လည်း အကျုံးဝင်ပါတယ်။ အချို့သော အမျိုးသမီးတွေဟာ သူမတို့ရဲ့ပြောင်းလဲလာတဲ့ ခန္ဓာကိုယ်အချိုးအစားများ ကို မည်သို့မျှ အာရုံမထားဘဲ စိတ်ကျေနပ်ကြသော်လည်း အချို့ကတော့ ထိုဖြစ်ရပ်အပေါ် စိတ်သောကရောက်နိုင်ပါတယ်။ ဒါကြောင့် သူမရဲ့ကိုယ်ဝန်နဲ့ အဆင်ပြေလိုက်ဖက်မယ့် အ၀တ်အထည်၊ အသုံးအဆောင်ပစ္စည်းလေးတွေကို လိုက်လံရွေး ချယ်ဝယ်ယူပေးပါ။ သူမကိုယ်တိုင်လည်း ရွေးတတ်ပေမယ့် သင်က ၀ိုင်းဝန်းရွေးချယ်ဆုံးဖြတ်ပေးတဲ့အခါ သူမမှာ ချမ်းမြေ့ ကြည်သာမှု ခံစားရပါလိမ့်မယ်။

သူမအလိုရှိတာကို လုပ်ပေးပါ။

ဒီအချက်ဟာ နောက်ဆုံးလည်းဖြစ်သလို အရေးလည်းကြီးပါတယ်။ သူမအလိုရှိတဲ့ ဆန္ဒ၊အရာတိုင်းကို လိုက်လျောဖြည့် ဆည်းပေးဖို့ ကြိုးစားပါ။ အဲ့ဒီ့အပေါ်မှာ မေးခွန်းတွေ ပြန်မမေးမိပါစေနဲ့။ ကိုယ်ဝန်ဆောင်သည်တွေအတွက် အဓိက အားဆေးဟာ ပျော်ရွှင်နေဖို့နဲ့ အလိုရှိသမျှ ရရှိနိုင်ဖို့ပဲ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်ဟာ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ ပြောင်းလဲခံစားမှုတွေနဲ့ အလွန်ပင်ပန်းတာကြောင့် သင်က လိုက်ပါကူညီ စောင့်ရှောက်ခြင်းအားဖြင့် ပိုမိုပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘ၀အတွက် အခြေခံကို တည်ဆောက်ပြီးသား ဖြစ်ပါလိမ့်မယ်။

Auntymay Team မှ စီစဉ်တင်ဆက်သော www.auntymay.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Websiteများတွင်မဆိုပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

အလင်းဦး (Shwemom)

Source: thehealthsite

sponsored