ကောင်မလေးတွေ ချစ်သူကောင်လေးဆီက အလိုက်တသိ လိုချင်တတ်ကြတဲ့ အရာ(၆)ခု

shutterstock/  NDAB Creativity
Sponsored

အချစ်ရေးမှာ နှစ်ယောက်သား ချစ်နေရုံမက တစ်ယောက်ကို တစ်ယောက် နားလည်မှုရှိဖို့ကလည်း အရေးကြီးပါတယ်။ မိန်းကလေးတွေက သူတို့ချစ်သူဆီက အလိုက်သိတတ်မှုလေးကို အရမ်းလိုချင်တတ်ကြတာပါ။ သူတို့ဘာမှ ထုတ်ပြောစရာမလိုပဲကို ချစ်သူရဲ့ အလိုက်သိတတ်မှုလေးက သူတို့စိတ်ကို အရမ်းကြည်နူးရစေပါတယ်နော်။ ဒီတော့ ကောင်မလေးတွေက ချစ်သူကောင်လေးဆီက ဒီအရာလေးတွေကို သူတို့ပါးစပ်က ထုတ်ပြောစရာမလိုပဲ လိုချင်ကြတဲ့ အရာလေးတွေပဲ ဖြစ်ပါတယ်။

ထူးခြားတဲ့ ဒိတ်လေး

shutterstock/ Jacob Lund

မိန်းကလေးအများစုက ရိုမက်တစ်ဆန်ခြင်းကို ကြိုက်တတ်ကြပါတယ်။ အရမ်းကြီး ထူးခြားတဲ့ ဒိတ်မျိုးမဟုတ်ပေမယ့် ကိုယ့်ချစ်သူက ကိုယ့်ကို နေရာကောင်းလေးကိုခေါ်ပြီး ဒိတ်လုပ်တာမျိုးက ကောင်မလေးတွေကို အရမ်းပျော်ရွှင်စေပါတယ်နော်။

မက်ဆော့ခ်ျလေး ပို့စေချင်တာ

Sponsored

ချစ်တာအချိန်ကြာလာတာနဲ့အမျှ ကောင်းလေးတွေဟာ ကိုယ့်ချစ်သူကို ဂရုစိုက်ဖို့ မေ့လျော့လာတတ်ကြပါတယ်။ မိန်းကလေးတွေက ကိုယ့်ချစ်သူဆီက အမြဲတမ်း ဂရုတစိုက်ရှိမှုလေးတွေကို လိုချင်တတ်ကြတာပါ။ ဒီတော့ မက်ဆော့ခ်ျပို့တာက ဘာမှ ကြီးကျယ်ခမ်းနားမနေပေမယ့် ချစ်ရသူဆီကနေ စကားချိုချိုလေးတွေပါတဲ့ မက်ဆော့်ခ်ျလေးကိုတော့ မိန်းကလေးတွေ မျှော်လင့်တက်ကြပါတယ်နော်။

READ
ကြည်နူးစရာ စုံတွဲပုံလေးတွေကို ဝေမျှလိုက်တဲ့ Mai Davika

အတူ ဈေးဝယ်ထွက်တာ

shutterstock/ gpointstudio

ယောကျာ်းလေးတွေက ဈေးဝယ်ထွက်ရမှာကို အရမ်းပျင်းတတ်ကြပေမယ့် မိန်းကလေးတွေကတော့ ချစ်တဲ့သူနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ စကားတွေ ပြောရင်း၊ အစားအသောက်တွေ ရွေးရင်း အတူ ဈေးဝယ်ထွက်ချင်တတ်ကြတာပါ။

မွေးနေ့ကို မှတ်မိနေတာ

shutterstock/ pixelrain

ဒါကတော့ အထူးတလည်တောင် ပြောနေစရာ မလိုပါဘူး ကိုယ့်ချစ်သူက ကိုယ့်ရဲ့ မွေးနေ့လေးကို ပြောစရာမလိုပဲ အလိုအလျောက် မှတ်မိနေတတ်တာလေးကို ကောင်မလေးတွေက လိုချင်ကြတာ မဆန်းပါဘူးနော်။

ချစ်တယ်လို့ ပြောစေချင်တာ

ချစ်လာတဲ့ အချိန်တွေ ဘယ်လောက်ပဲ ကြာနေပါစေ  ကိုယ့်ချစ်သူလေးဆီက ချစ်တယ်ဆိုတဲ့ စကားလေးကတော့ ဘယ်တော့မှ ရိုးမသွားပါဘူးနော်။ ကောင်မလေးတွေက ကိုယ့်ချစ်သူရဲ့ ချစ်တယ်လို့ ပြောတတ်တာလေးကို လိုချင်တတ်ကြသူလေးတွေပါ။

ကိုယ်ပိုင် သီးသန့် အချိန်လေး ပေးတတ်တာ

shutterstock/ Alena Ozerova

လူတိုင်းက ကိုယ်ပိုင်အချိန်လေးဆိုတာ လိုအပ်ပါတယ်နော်။ ဘယ်လောက်ပဲ ချစ်သူတွေပဲဖြစ်ဖြစ် တစ်ယောက်တည်း သီးသန့် ကိုယ်ပိုင်အချိန်လေး ပေးဖို့လိုအပ်တာပါ။ ဒီအချက်ကလည်း မိန်းကလေး ပါးစပ်က ထုတ်စရာမလိုပဲ ချစ်သူဆီက လိုချင်ကြတဲ့ အရာလေးတွေပဲ ဖြစ်ပါတယ်။

READ
ငိုကြွေးလိုက်ခြင်းက ကုသပေးနိုင်တဲ့ ကျန်းမာရေးပြဿနာ(၄)မျိုး

Khin

sponsored