ကလေးလေးတွေ ပိုပျော်ရွှင်အောင် မေမေတို့ လုပ်ပေးရမယ့် အရာ(၅)မျိုး

Happy mother having fun with her son at the mall
Sponsored

ကလေးတစ်ယောက်ကို မွေးထုတ်ရတာ၊ ပြုစုပျိုးထောင်ရတာဟာ လုံးဝမလွယ်တဲ့ ကိစ္စပါ။ ပြီးတော့ အဲ့ဒီကလေး ပျော်ပျော်ရွှင်ရွှင်ကြီးပြင်းလာပြီး လူတော်လူကောင်းလေးဖြစ်အောင် ပျိုးထောင်ရတာ ပိုတောင် မလွယ်ပါဘူး။ အသက်ကြီးလာတဲ့အချိန်မှာ စမတ်ကျတဲ့ သူတစ်ယောက်ဖြစ်ဖို့၊ ဘ၀ကို အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ဖို့အတွက် သူတို့လေးတွေရဲ့ ငယ်ဘ၀ကိ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်အောင် မိဘတွေဘက်က ဒီလိုလေးတွေ လုပ်ပေးဖို့ လိုပါတယ်။

(၁) ကစားဖို့အချိန် များများပေးပါ

shutterstock

မိဘတွေက ကလေးတွေကို တော်စေချင်တဲ့စိတ်နဲ့ ငယ်ကတည်းက စာတွေအများကြီး သင်ပေးကြပါတယ်။ စာသင်ပေးတာ ကောင်းပါတယ်။ ဒါပေမယ့် သူတို့အရွယ်နဲ့ မမျှတဲ့ မနိုင်ဝန်ကို မထမ်းခိုင်းပါနဲ့။ ကလေးတွေကို ကစားချိန်များများပေးပါ။

(၂) သူတို့မေးတဲ့မေးခွန်းလေးတွေကိုအချိန်ပေးပြီးဆွေးနွေးအဖြေရှာပါ

shutterstock
Sponsored

ကလေးကတစ်ခုခုသိချင်လို့မေးလာတဲ့ မေးခွန်းတွေကို မဖြေဘဲမနေလိုက်ပါနဲ့။ မသိဘူးဆိုရင်တောင် အဖြေရအောင်ရှာပြီးပြောပြပေးပါ။ သူတို့အမြင်တွေကိုလည်း ပါဝင်ဆွေးနွေးခိုင်းပါ။

(၃) တခြားကလေးတွေနဲ့မနှိုင်းယှဉ်ပါနဲ့

shutterstock

ကလေးတွေမှာလည်း အရည်အချင်းကိုယ်စီ ရှိတာကြောင့် တစ်ယောက်နဲ့တစ်ယောက် ပုံစံမတူနိုင်ပါဘူး။ ဒါကြောင့် တခြားကလေးတွေနဲ့သူတို့လေးတွေကို မနှိုင်းယှဉ်လိုက်ပါနဲ့။ အဲ့ဒီလိုနှိုင်းယှဉ်လိုက်တဲ့အခါ သူတို့လေးတွေကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိတော့ဘဲ ပျော်ရွှင်မှုမရှိတဲ့ကလေးတွေဖြစ်သွားပါလိမ့်မယ်။

READ
ဥာဏ်ရည်မြင့်တဲ့သူတွေဟာ သာမန်လူတွေထက် စိတ်ဒဏ်ရာပိုများကြောင်း လေ့လာတွေ့ရှိ...

(၄) အဆိုးမြင်စိတ်မရှိအောင် သင်ပေးပါ

ကိုယ်ကိုယ်တိုင်ရဲ့ပျော်ရွှင်မှုက ကိုယ်နဲ့ပဲ သက်ဆိုင်နေတယ် ဆိုတာကို သူတို့နားလည်နိုင်သလောက်လေး ရှင်းပြပေးပါ။ တခြားသူတွေအပေါ်အဆိုးမမြင်ဖို့နဲ့ အဆိုးမြင်စိတ်က မကောင်းဘူးဆိုတာ သိလာအောင် ပြောပြပါ။

(၅)  ရွေးချယ်ခွင့်ပေးပါ

Children watching television

သူတို့အတွက် အန္တရာယ်မရှိဘူးဆိုရင် သူတို့လုပ်ချင်တာကိုပေးလုပ်လိုက်ပါ။ သူတို့မလုပ်ချင်တာကို အတင်းအကြပ်မလုပ်ခိုင်းပါနဲ့။

MAY THAZINHTOO

sponsored