ငယ်ငယ်ရွယ်ရွယ်နဲ့သေစေနိုင်တဲ့အထိ သင့်ကျန်းမာရေးကို ထိခိုက်စေတဲ့ အရာများ

shutterstock/Kleber Cordeiro
Sponsored

ကိုယ့်ကိုယ်ကို ကျန်းမာအောင် နေရတယ်ဆိုတာက တကယ်တော့ မလွယ်ကူပါဘူး။ ကျန်းမာရေးနဲ့ ကိုက်ညီအောင် နေဖို့ဆိုရင် အနေအထိုင် အစားအသောက် အသွားအလာက အစ သတိထားရတာ ဖြစ်ပါတယ်။ ဘဝဆိုတာ ရှင်သန်နေထိုင်ခြင်းပါပဲ။ ရှင်သန်နေတဲ့ ဘဝကို အသက်တိုစေအောင် ပြုလုပ်နိုင်တဲ့ အချက်တွေ ရှိပါတယ်။ ဒါတွေကတော့ သင် သတိမထားမိဘဲ သင့်ကျန်းမာရေးကို ထိခိုက်စေတဲ့ အရာတွေပဲ ဖြစ်ပါတယ်။

(၁) မီးခိုးမပြတ် ဆေးလိပ်သောက်ခြင်း

Sponsored

ဆေးလိပ်ဆိုတာ ကျန်းမာရေးနဲ့ မကိုက်ညီဘူးဆိုတာကို လူတိုင်း သိပြီးထားပြီး ဖြစ်မှာပါ။ ဆေးလိပ်သောက်တာက အဆုတ်ကို တိုက်ရိုက်ထိခိုက်စေပါတယ်။ ဒါပေမယ့် ဒီလို ထိခိုက်စေတဲ့ ဆေးလိပ်ကို တစ်နေ့ကို အလိပ်ရေ အများကြီး သောက်နေရင်တော့ သင့်ကို မြန်မြန်ကြီး အသက်တိုစေမှာပါ။

Photo by fotografierende from Pexels

(၂) အရက် အလွန်အကျွံသောက်သုံးခြင်း

အရက်သောက်ခြင်းကလည်း ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာ သိပြီးသား ဖြစ်ပါတယ်။ တန်ဆေး လွန်ဘေးဆိုသလိုပဲ အရက်က ကျန်းမာရေးကိုကောင်းစေတဲ့ သောက်သုံးသင့်တဲ့ ပမာဏ ရှိသလို အလွန်အကျွံသောက်သုံးရင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

READ
မနက်ပိုင်း breakfast အတွက်သင့်တော်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်စေတဲ့ smoothies များ

(၃) ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို မစားခြင်း

အသီးတွေ ဟင်းသီးဟင်းရွက်တွေက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေကို ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် အစားစားတဲ့အခါ အသီးအရွက် အသား အသီး စတာတွေကို မျှတအောင် စားသုံးပေးဖို့ လိုအပ်ပါတယ်။ အသီးအရွက် အသီးတွေကို ဖယ်ပြီး စားပြီး ကိုကာကိုလာတို့လို အချိုရည်တွေနဲ့ တစ်ခြားသော အရာတွေကိုသာ စားသုံးနေမယ်ဆိုရင် ကျန်းမာရေးကို တဖြည်းဖြည်း ဆုတ်လျော့လာစေမှာပါ။

(၄) Fast Food တွေကို အမြဲ စားသုံးခြင်း

Fast food တွေဆိုတာက အလျင်စလို အခြေအနေတွေမှာတောင် စားသောက်လို့ ရအောင် ရည်ရွယ်ထားကြတာ ဖြစ်ပါတယ်။ ဒါကြောင့် အာဟာရဓာတ်တွေ ပါဝင်တာမျိုး မရှိသလို အဝလွန်စေမယ့် ကယ်လိုရီတွေ ပါဝင်တတ်ကြပါတယ်။ ဒါကြောင့် ပီဇာ၊ ဘာဂါ၊ ကြက်ကြော် စတာမျိုးတွေကို အမြဲလိုလို စားသုံးနေခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

READ
သင့်ရဲ့ စိတ်ခံစားချက်တွေကြောင့် ဖြစ်လာတတ်တဲ့ ရောဂါ (၇)မျိုး
Photo by Daria Sannikova from Pexels

(၅) လမ်းမလျှောက်ဖြစ်ခြင်း

တစ်နေ့တစ်နေ့ သင်က ဘယ်သွားသွား ဆိုင်ကယ် ကားတို့ကိုသာ အသုံးပြုနေပြီး လမ်းလျှောက်တဲ့ လှုပ်ရှားမှု လုပ်တာကို တော်ရုံ မလုပ်ဘူးဆိုရင်လည်း သင့်ကျန်းမာရေးကို ထိခိုက်စေပါတယ်။

(၆) ဆရာဝန်ဆီ မသွားတာ

လူတိုင်းက ကျန်းမာရေးစစ်ဆေးမှုကို ပုံမှန် ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ ကျန်းမာရေးအတွက်ဆိုရင် ခန္ဓာကိုယ်မှာ အဆင်မပြေတာ နေမကောင်းတာမျိုး ဖြစ်တဲ့အခါတွေမှာ ဆရာဝန်ဆီ သွားပြီး စစ်ဆေးကုသမှုကို ခံယူရမှာ ဖြစ်ပါတယ်။ ဒီလို မလုပ်ဘဲ ဆေးမြှီးတိုတွေပဲ အသုံးပြုနေပြီး ဆရာဝန်ဆီ သွားဖို့ ရှောင်နေတာက ရောဂါဖြစ်နေရင် သိနိုင်မှာ မဟုတ်ပါဘူး။

 

Kham

sponsored