ယောကျာ်းလေးအများစုရဲ့ အမြင်မှာ သင့်ကို ဆွဲဆောင်မှု ပိုစေတဲ့ အချက်တွေ

shutterstock/ Svitlana Sokolova
Sponsored

ယောကျာ်းလေးတွေနဲ့ မိန်းကလေးတွေရဲ့ အမြင်က မတူညီကြပါဘူး။ မိန်းကလေးတွေရဲ့ အမြင်မှာ ဆွဲဆောင်မှုရှိနေတဲ့ ပုံစံက ယောကျာ်းလေးတွေအမြင်မှာတော့ ဆွဲဆောင်မှု ရှိချင်မှ ရှိနေမှာပါ။ ဒီအချက်တွေ ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေရဲ့ အမြင်မှာ အရမ်းကို ဆွဲဆောင်မှု မြင့်မားသူ ဖြစ်နေပါတယ်တဲ့။

ကြင်နာတတ်တဲ့သူ

shutterstock/EZ-Stock Studio

 

Sponsored

မိန်းကလေးတွေနဲ့ ကြင်နာတတ်မှုက ယှဉ်တွဲနေတယ်လို့ ယောကျာ်းလေးတွေက သတ်မှတ်ထားတတ်ကြပါတယ်။ သူတစ်ပါးအပေါ် ကြင်နာသနားတတ်တဲ့ စိတ်ရှိတဲ့ ကောင်မလေးတွေဟာ ရုပ်မချောရင်တောင် ဆွဲဆောင်မှုရှိနေတယ်လို့ မြင်တတ်ကြပါတယ်။ ဒါကြောင့်ပဲ ယောကျာ်းလေးတွေက ကြင်နာသနားတတ်တဲ့ မိန်းကလေးတွေကို ပိုသဘောကျတတ်ကြပါတယ်။

အနီရောင်ဝတ်ထားတဲ့ သူ

ဆန့်ကျင်ဘက်ကို ဆွဲဆောင်မှုအရှိဆုံး အရောင်ဟာ အနီရောင်ပဲ ဖြစ်ပါတယ်။ ယောကျာ်းလေးတွေဟာ အနီရောင်ဝတ်ထားတဲ့ မိန်းကလေးတွေကို အရမ်းဆွဲဆောင်မှု ရှိတယ်လို့ မြင်တတ်ကြပါတယ်။ ဒါကြောင့်ပဲ ယောကျာ်းလေးတစ်ယောက်ရဲ့ စိတ်ကိုဖမ်းစားချင်တယ်ဆိုရင်တော့ အနီရောင်ကို ဝတ်သွားသင့်ပါတယ်။

READ
လူအများစု အချစ်ကိုကြောက်ပြီးရှောင်ပြေးတတ်ကြတာဘာကြောင့်လဲလို့အဖြေရှာလိုက်တဲ့အခါ

ခန္ဓာကိုယ် အချိုးအစားပြေပြစ်သူ

shutterstock/Svitlana Sokolova

ယောကျာ်းလေးအများစုက ခန္ဓာကိုယ်ပုံစံ လှတဲ့ မိန်းကလေးတွေကို သဘောကျတတ်ကြတာပါ။ ခါးသေးရင်ချီဆို ပိုတောင် သဘောကျတတ်တာကတော့ ယောကျာ်းလေးတွေရဲ့ သဘာဝလို့ပဲ ပြောရလေမလား။ ခန္ဓာကိုယ် အချိုးအစား ပြေပြစ်တဲ့ မိန်းကလေးတွေကို ဆွဲဆောင်မှုပိုရှိတယ်လို့ မြင်တတ်ကြပါတယ်တဲ့နော်။

အသံမနိမ့်မမြင့် ပြောတတ်သူ

မိန်းကလေးတွေဟာ ကိုယ်သဘောကျတဲ့ ယောကျာ်းလေး ရှေ့မှာဆို အသံတိုးတိုးလေး ဖြစ်သွားတတ်ကြပြီး နည်းနည်း ပိုပြီး ပဲများသွားတယ်လို့ ဆိုရမှာပါ။ တကယ်တမ်းမှာတော့ ယောကျာ်းလေးတွေက ပုံမှန် အသံမနိမ့်မမြင့် ပြောတတ်တဲ့ ကောင်မလေးတွေကို ပိုဆွဲဆောင်မှု ရှိတယ်လို့ မြင်တတ်ကြတာပဲ ဖြစ်ပါတယ်။ ဒီလို မိန်းကလေးတွေက ပွင့်လင်းပြီး ညို့ဓာတ်ပါတဲ့ သူဖြစ်တယ်လို့ သတ်မှတ်ထားကြပါတယ်။

Khin

sponsored