သားသမီးကို ချစ်ရာ မရောက်ဘဲ နှစ်ရာရောက်နေတတ်တဲ့ မိဘတွေရဲ့ လုပ်ရပ်များ

Shutterstock/SeventyFour
Sponsored

မိဘတိုင်း သားသမီးတွေကို ချစ်တတ်ကြပါတယ်။ ဒါပေမယ့်လည်း မိဘတိုင်းက အချစ်ကို ကွဲကွဲပြားပြား သိကြတာ မဟုတ်ပါဘူး။ သားသမီးတွေရဲ့ ရှေ့ရေးနဲ့ သားသမီးအတွက် တွေးတဲ့ မိဘတွေ ရှိသလို ကိုယ့်ရဲ့ ခံစားမှုနဲ့ ဖြစ်ချင်တာတွေကို ဦးစားပေးတဲ့ မိဘတွေလည်း ရှိနေပါတယ်။ ဒီလိုပဲ သားသမီးကို ချစ်တာ မဟုတ်ဘဲ နှစ်နေတဲ့ မိဘတွေကလည်း အခုလိုတွေ လုပ်တတ်ကြပါသေးတယ်။

(၁) အလိုလိုက်လွန်းတယ်

Sponsored

ကလေးတွေမှာ ဖြစ်ချင်တာ၊ လုပ်ချင်တာ စတဲ့ ခံစားချက်တွေ ရှိနေပါတယ်။ ဒါပေမယ့်လည်း သူတို့က ဒါတွေကို ဝေဖန်ပိုင်းခြားသုံးသပ်နိုင်တဲ့ အသိဉာဏ်တော့ ကောင်းကောင်း မဖွံ့ဖြိုးသေးပါဘူး။ ဒါကြောင့် မိဘက သူတို့ အလိုအတိုင်း လိုက်လုပ်ပေးစရာ မလိုပါဘူး။ ချစ်လို့ဆိုပြီး လုပ်ချင်သမျှကို လိုက်လုပ်ပေးရင် တဇွတ်ထိုးနိုင်တာ၊ တင်းတိမ် သည်းခံနိုင်စွမ်းတွေ မရှိတာတွေအပြင် ဝေဖန်သုံးသပ်နိုင်စွမ်းတွေ လျော့ကျစေမှာ ဖြစ်ပါတယ်။ ဒီလို ဖြစ်တတ်တာကြောင့် အလိုလိုက်လွန်းတာက ချစ်လို့  မဟုတ်ပါဘူး၊ နှစ်နေတာ ဖြစ်ပါတယ်။

Photo by Daria Shevtsova from Pexels

(၂) သားသမီးတွေရဲ့ ခံစားချက်အတိုင်း လိုက်လုပ်တယ်

လူဆိုတာ ကလေးဘဝကနေ တဆင့်ပြီး တဆင့် ဖွံ့ဖြိုးလာတတ်တာပါ။ ကလေးဘဝမှာဆို ဦးနှောက်လည်း ကောင်းကောင်း မဖွံ့ဖြိုးသေးပါဘူး။ သားသမီးတွေကို အလေ့အကျင့်ကောင်းတွေနဲ့ ဆင်ခြင်နိုင်တဲ့သူတွေ ဖြစ်စေချင်ရင် မိဘတွေ ကိုယ်တိုင်က သတိထားပေးရမှာ ဖြစ်ပါတယ်။ ဆင်ခြင်နိုင်စွမ်း မရှိသေးတဲ့ ကလေးတွေကို ဆင်ခြင်နိုင်စွမ်း ရှိတဲ့ သူတွေက လေ့ကျင့်ပေးရမှာပါ။ သားသမီးတွေရဲ့ ခံစားချက်အတိုင်း အရာရာ လုပ်ပေးနေတာကလည်း ချစ်တာမဟုတ်ဘဲ နှစ်တာ ပါပဲ။

READ
ကလေးကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် ချင့်ချိန်ကျွေးသင့်တဲ့ အစားအစာ (၁၀)မျိုး
Freepik.com

(၃) မထိန်းညှိပေးဘူး

သားသမီးတွေကို ပျိုးထောင်တယ်ဆိုတာ ကိုယ်ပိုင်တဲ့ အရုပ်လို သဘောထားပြီး ကိုယ့်ခံစားချက်အတိုင်း လုပ်ရတာမျိုး မဟုတ်ပါဘူး။ လူသားတစ်ယောက်အနေနဲ့ အကောင်းဆုံး ရပ်တည်နိုင်အောင် မိဘက နည်းပြပေးရတာမျိုး ဖြစ်ပါတယ်။ သူ့ကိုယ်သူ မမြင်နိုင်တဲ့ အားသာချက်တွေကို ပြောပြပြီး ပြင်သင့်တဲ့ အားနည်းချက်တွေကိုလည်း ပြောပြပြီး ပြင်စေတာမျိုးက သားသမီးကို အကောင်းဆုံး ထိန်းညှိပြီး ပျိုးထောင်တာမျိုး ဖြစ်ပါတယ်။ ဘာကိုမှ မထိန်းညှိပေးဘဲ ဒီတိုင်း ကြီးပြင်းစေတာက ချစ်တာ မဟုတ်ဘဲ ပစ်စလတ်ခတ် ထားတာမျိုး ဖြစ်ပါတယ်။

sodawhiskey/Freepik

(၄) ကိုယ့်စိတ်ကိုလည်း အလိုလိုက်တယ်

သားသမီးကို ပျိုးထောင်တယ်ဆိုတာ သားသမီးအလိုအတိုင်း လုပ်လို့ မရသလို ကိုယ့်အလိုအတိုင်းချည်းပဲလည်း လုပ်လို့ မရပါဘူး။ သူ ဖြစ်ချင်တာကို ကိုယ်က ဘေးကနေ ဒါက ဖြစ်သင့်မသင့် သူကိုယ်တိုင် တွေးနိုင်အောင် ကူတွေးပေးရင်း ကိစ္စတွေကို ဖြေရှင်းပေးရတာပါ။ ဒီလိုမျိုး သင်က ထိန်းညှိပေးတဲ့သူ မဟုတ်ဘဲ သားသမီး ပင်ပန်းမှာစိုးလို့ သားသမီး စိတ်ညစ်မှာစိုးလို့ ဆိုပြီး သင့်ရဲ့ သားသမီးအပေါ် ဖြစ်တဲ့ခံစားချက်ကိုပဲ အလိုလိုက်ရင်တော့ ထိခိုက်မှာက ကလေးပါပဲနော်။

READ
သင့်အမေ လုံးဝ ပျော်ရွှင်သွားအောင် သင် လုပ်ပေးနိုင်တဲ့ အရာများ
tirachardz/Freepik

(၅) ရှေ့ရေးအတွက် မဆွေးနွေးဘူး

ကလေးကို လူ့လောက ရပ်တည်တဲ့အခါ ဘာတွေ လိုအပ်တယ် အရေးကြီးတယ်ဆိုတာကို ငယ်ငယ်တည်းက တဖြည်းဖြည်း အရွယ်အလိုက် ပြောပြပြီး ဆွေးနွေးပေးဖို့ လိုပါတယ်။ ဒါမှသာ သူက ရှေ့အတွက်ကို ပြင်ဆင်နိုင်ပြီး အနာဂတ်မှာ အကောင်းဆုံး ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို ရှေ့ရေးအတွက် ကိုယ့်ဘက်က ဘာကြောင့် စာလုပ်သင့်တယ် အိပ်မက်တွေလည်း ရှိသင့်တယ်ဆိုတာကို မပြောပြ မဖေးမဘဲနဲ့ ဒီတိုင်း သူ လုပ်ချင်သလို လုပ်စေတာ သို့မဟုတ် သူ့အတွေး မပါဘဲ ကိုယ့်အတွေးအတိုင်း တဝေမသိမ်း ခိုင်းတာမျိုးက သူ့ကို ချစ်တာ မဟုတ်ဘဲ နှစ်နေတာမျိုးပဲ ဖြစ်ပါတယ်နော်။

Kham

sponsored