မိန်းကလေးတစ်ယောက် ပြီးပြည့်စုံတဲ့အလှတရားကို ပိုင်ဆိုင်ဖို့ ဒီ (၄)ချက်ပဲလုပ်ဖို့ လိုပါတယ်

Sponsored

ပျိုမေလေးတွေက ပြီးပြည့်စုံတဲ့ အလှအပကို ပိုင်ဆိုင်ဖို့အတွက် လိုအပ်ချက်တွေအများကြီး ရှိလိမ့်မယ်လို့ ထင်တတ်ကြပါတယ်။ ခေါင်းအစခြေအဆုံး ခြောက်ပစ်ကင်းဖြစ်ဖို့က ဘယ်လိုမှ မလွယ်တာကြောင့် ကိုယ့်ရဲ့ ရုပ်ရည်သွင်ပြင်နဲ့ပတ်သက်လို့ စိတ်တိုင်းမကျဖြစ်နေစရာအကြောင်း မရှိပါဘူး။ ဒီအချက်လေးတွေ လုပ်ပေးလိုက်ရုံနဲ့ ပျိုမေတို့ရဲ့ အလှအပအတွက် ပြည့်စုံလုံလောက်နေပြီမို့ ဒါလေးတွေကိုပဲ လုပ်ပေးလိုက်နော်။

(၁) မျက်နှာအတွက်

shutterstock

မျက်နှာအသားအရေ အမြဲကြည်လင်နေဖို့ ကော်ဖီနဲ့ပေါင်းတင်ပေးပါ။ ကော်ဖီမှုန့်အနည်းငယ်ကို ခွက်အသန့်လေးထဲထည့်ပြီး နွားနို့အနည်းငယ်နဲ့ရောပြီး အနှစ်ခပ်ပျစ်ပျစ်လေးရအော င်လုပ်ပါ။ အဲ့ဒီအနှစ်ကို မျက်နှာအနှံ့ထူထူလေး လိမ်းပေးပြီး မိနစ် (၂၀) လောက်ကြာရင် ရေနွေးလေးနဲ့ မျက်နှာသစ်ပေးပါ။ ဒီလိုပေါင်းတင်ပေးတာက မျက်နှာ သွေးလှည့်ပတ်မှုကောင်းစေပြီး အသားအရေကိုကြည်လင်စေပါတယ်။

shutterstock
Sponsored

အရေးအကြောင်းဖြစ်တာကို ကာကွယ်ဖို့ ညဘက် မျက်နှာသစ်ပြီးတဲ့အခါ တိုနာလေးလိမ်းပေးပြီးရင် မျက်နှာအနှံ့ Vaseline ကို ခပ်ပါးပါးလေးလိမ်းပေးပြီး အိပ်ရာဝင်လိုက်ပါ။ မနက်ရောက်မှ ရေနွေးနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ အဲ့ဒါလေးကို ညတိုင်းလုပ်ပေးရုံနဲ့ မျက်နှာအရေးအကြောင်းတွေဖြစ်ပေါ်တာကို ထိထိရောက်ရောက် တားဆီးပေးထားမှာပါ။ မျက်နှာအတွက် အခုဖော်ပြခဲ့တဲ့ နည်းလမ်း ၂ ခုကို လုပ်ပေးလိုက်ရင် လုံလောက်ပါပြီ။

READ
နွေရာသီမှာ ပျိုမေတိုင်း မရှိမဖြစ်ဆောင်ထားသင့်တဲ့ အလှကုန်ပစ္စည်း (၇) မျိုး

(၂) ခန္ဓာကိုယ်အတွက်

shutterstock

မုန့်ဖုတ်ဆိုဒါနဲ့ Rose water အနည်းငယ်ကိုရောပြီး အဲ့ဒီအနှစ်နဲ့ ခန္ဓာကိုယ်အနှံ့ပွတ်တိုက်ပေးမယ်ဆိုရင် ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရောင် မညီမညာဖြစ်နေတာတွေကို ညှိပေးနိုင်တာကြောင့် ခန္ဓာကိုယ်အသားအရေ ၀င်းလက်လှပလာပါလိမ့်မယ်။  ပြီးတော့ ဒူး၊ တံတောင်ဆစ်နဲ့ ပေါင်ကြား၊ ချိုင်းကြား ညိုမည်းနေတာတွေကိုလည်း ဒီနည်းအတိုင်းလုပ်ပေးရင် အချိန်တိုအတွင်း သိသိသာသာဖြူဝင်းလာပါလိမ့်မယ်။

(၃) ဖက်ရှင်အတွက်

shutterstock

ပျိုမေတို့ ဖက်ရှင်လေးပြည့်စုံလှပဖို့အတွက် အခြေခံလိုအပ်ချက်က အတွင်းခံပါ။ အရည်အသွေးကောင်းပြီး၊ Size မှန်ကန်တဲ့၊ သက်တောင့်သက်သာရှိတဲ့ အတွင်းခံတွေဝတ်ဖို့ လိုပါတယ်။ ပြီတော့ ကိုယ့်ရဲ့ ကိုယ်ခန္ဓာကိုယ်ပုံစံနဲ့ လိုက်ဖက်တဲ့အ၀တ်အစားမျိုး၊ ကိုယ့်ရဲ့နေ့စဉ်ဘ၀နဲ့လိုက်ဖက်တဲ့ အ၀တ်အစားမျိုးကို ရွေးချယ်တတ်ဖို့ပဲ လိုတာပါ။ ဥပမာ – လမ်းများများလျှောက်ရတဲ့သူက လှုပ်ရှားသွားလာလို့ကောင်းပြီး၊ သက်တောင့်သက်သာရှိတဲ့ ၀တ်စုံမျိုးကို ရွေးဝတ်တာမျိုးပေါ့။ အဓိက က ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ အ၀တ်အစားမျိုးဖြစ်ဖို့လိုပါတယ်။

READ
ကျန်းမာရေးကို တဖြည်းဖြည်း ထိခိုက်လာစေနိုင်လို့ ရှောင်ရှားသင့်တဲ့ ဖက်ရှင်အသုံးအဆောင်များ

(၄) အပြုအမူနဲ့ကိုယ်နေဟန်ထား

shutterstock

မိန်းကလေးတစ်ယောက်ရဲ့ အလှအပက သူရဲ့ အပြုအမူနဲ့ ကိုယ်နေဟန်ထားပေါ်မှာ အများကြီးမူတည်နေပါတယ်။ ကိုယ့်ရဲ့တန်ဖိုးကျစေမယ့် အပြုအမူတွေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့နည်းနေတဲ့ ကိုယ်နေဟန်ထားမျိုးကို ရှောင်ပါ။ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ခန္ဓာကိုယ်ကို မတ်မတ်နေပြီး၊ တည်တည်ငြိမ်ငြိမ် ပြုမူပြောဆိုမယ်ဆိုရင် အဲ့ဒီမိန်းကလေးက မလှစရာအကြောင်း မရှိတော့ပါဘူး။

MAY THAZINHTOO

sponsored