ပင်ကိုယ်အရည်အချင်းရှိပြီး စမတ်ကျတဲ့သူတွေ လုံးဝမလုပ်တဲ့အရာ (၁၂)မျိုး

Sponsored

ဘ၀တစ်လျှောက်မှာ တွေ့ကြုံခဲ့ရတဲ့လူ အမျိုးမျိုးရှိပြီး တချို့တွေက ပေါင်းရသင်းရခက်ပြီး လက်ပေါက်ကပ်တဲ့သူတွေလည်းရှိသလို အတုယူချင်စရာကောင်းလောက်အောင် အရမ်းကိုစမတ်ကျတဲ့သူတွေကိုလည်း ကြုံခဲ့ရပါတယ်။ လူတိုင်းအတုယူသင့်တဲ့ စမတ်ကျတဲ့သူတွေ ဘယ်တော့မှမလုပ်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) တခြားသူတွေ လက်ခံအောင်အတင်းမလုပ်ယူဘူး

shutterstock

စမတ်ကျတဲ့သူတစ်ယောက်က သူနဲ့သူ့လုပ်ရပ်တွေကို တခြားသူတွေ လက်ခံအောင် အတင်းကြိုးစားနေတာမျိုး၊ တခြားသူတွေ လက်မခံလို့ စိတ်ဓာတ်ကျနေတာမျိုးတွေ မရှိပါဘူး။ ကိုယ့်အလုပ်ကိုယ် အကောင်းဆုံးလုပ်ပြီး အောင်မြင်မှုရအောင် တစိုက်မတ်မတ်ကြိုးစားပါတယ်။

(၂) ကိုယ့်ကိုယ်ကို ချိုးနှိမ်တဲ့စကားတွေမပြောဘူး

Sponsored

ကိုယ့်ရဲ့အားနည်းချက်နဲ့ မကောင်းတဲ့အချက်တွေကို လူရှေ့သူရှေ့မှာ ထုတ်ပြောပြီး ကိုယ့်ကိုယ်ကို ချိုးနှိမ်တာမျိုးမလုပ်ပါဘူး။ ဒါက ကိုယ့်ရဲ့ အပြစ်အနာအဆာတွေကို လူမသိအောင် ဖုံးထားတာမဟုတ်ပါဘူး၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားတာပါ။

(၃) မကောင်းမြင်တဲ့သူတွေနဲ့မပေါင်းဘူး

pinterest

အကောင်းမြင်စိတ်ရော၊ မကောင်းမြင်စိတ်ရော နှစ်မျိုးလုံးက ကူးစက်တတ်တဲ့အရာတွေပါ။ ဒါပေမယ့် မကောင်းမြင်တာကပိုကူးစက်လွယ်တဲ့ သဘောရှိပါတယ်။ စမတ်ကျတဲ့သူတွေက မကောင်းမြင်စိတ်ရှိသူတွေကို တတ်နိုင်သလောက် ရှောင်ပါတယ်။

READ
လူကြားထဲ ငိုချင်လာတဲ့အခါ အာရုံပြောင်းနိုင်မယ့် အကောင်းဆုံးနည်းလမ်း(၅)မျိုး

(၄) ရပ်တန့်မနေဘူး

အောင်မြင်တာပဲကြုံကြုံ၊ ကျရှုံးတာပဲကြုံကြုံ ကိုယ်လုပ်ရမယ့်အရာတွေကို ရပ်တန့်ပစ်လိုက်တယ်လို့ မရှိဘဲ ကြိုးစားမြဲကြိုးစားသွားပါတယ်။

(၅) သူများတွေစကားနားမယောင်ဘူး

shutterstock

တစ်ခုခုဆုံးဖြတ်ရမယ်ဆိုရင် ကိုယ့်ရဲ့တကယ့်စိတ်ဆန္ဒအတိုင်း စဉ်းစားဆုံးဖြတ်ပါတယ်။ တခြားသူတွေပြောတာတွေကိုနားယောင်ပြီး ဆုံးဖြတ်ချက်တွေ ယိမ်းယိုင်သွားတာမျိုး မရှိပါဘူး။ ဒါက စမတ်ကျသူတွေရဲ့ အတုယူစရာတွေထဲက တစ်ချက်ပါ။

(၆) ကိုယ်မကြိုက်တာကိုကြိတ်မှိတ်ပြီး လုပ်မနေဘူး

အလုပ်တစ်ခုမှာ မပျော်ရင်၊ ဒီအလုပ်ကို မကြိုက်ရင် ဒီနေရာမှာ မပျော်ဘူး၊ ဒါကိုမကြိုက်ဘူးလို့ပဲ ငြီးတွားမနေဘဲ ဒီနေရာကနေ ရုန်းထွက်နိုင်အောင် ကြိုးစားပါတယ်။ ကိုယ်လုပ်ချင်တာကို သေချာသိအောင် လုပ်ပြီး ရအောင် အကောင်အထည်ဖော်ပါတယ်။

(၇) ကျန်းမာရေးထိခိုက်အောင်မနေဘူး

pinterest

လူတစ်ယောက်အတွက် အရေးကြီးဆုံးက ကျန်းမာရေးကောင်းနေဖို့ပါ။ ဘယ်လောက်ပဲတော်နေ ထက်မြက်နေပါစေ ကျန်းမာရေးမကောင်းရင် ဘာမှလုပ်လို့မရတော့ပါဘူး။ ဒါကြောင့် ကျန်းမာရေးကို အမြဲဂရုစိုက်နေဖို့လိုပါတယ်။ စမတ်ကျတဲ့သူတွေက ကျန်းမာရေးထိခိုက်အောင်နေပြီး ကိုယ့်ကိုယ်ကို ဖျက်ဆီးတဲ့အရာတွေ မလုပ်ကြပါဘူး။

READ
အလုပ်မှာအထိုင်များသူတွေ သိထားသင့်တဲ့ ဝိတ်မတက်၊ ကျန်းမာနုပျိုနေစေမယ့် နည်းလမ်း (၅) မျိုး

(၈) ငွေကြေးနောက်မလိုက်ဘူး

ကိုယ်တကယ်ဆန္ဒရှိတဲ့အရာတွေကိုပဲလုပ်ပါတယ်၊ ငွေကြေးနောက်မလိုက်ပါဘူး။

(၉) နားလည်ပေးချင်စိတ်မရှိသူတွေကိုလေကုန်ခံရှင်းပြမနေဘူး

shutterstock

ကိုယ့်အကြောင်းမဟုတ်မမှန်ပြောတဲ့သူတွေ၊ ကိုယ့်အကျိုးမလိုလားတဲ့သူတွေ ပြောတဲ့စကားတွေကို ဂရုစိုက်နေရတာ အချိန်ကုန်တာပဲ အဖတ်တင်တာပါ။ စမတ်ကျတဲ့သူတွေက အဲ့ဒီလိုအရာတွေကို ဂရုစိုက်ပြီး လေကုန်ခံရှင်းပြမနေပါဘူး။ ကိုယ့်ကိစ္စနဲ့ကိုယ်ပဲ စိတ်ဝင်စားပါတယ်။

(၁၀) ကိုယ့်ကိုမပျော်စေတဲ့အရာတွေကို လက်မခံဘူး

ကိုယ့်ကိုစိတ်ညစ်အောင် လုပ်တဲ့သူတွေကို သည်းညည်းခံပြီး ပေါင်းနေတာမျိုး၊ ကိုယ့်ကို စိတ်ညစ်စေမယ့် အဖြစ်အပျက်တွေကို အမြဲစဉ်းစားပြီး မရုန်းထွက်နိုင်တာမျိုးတွေကို ဘယ်တော့မှမလုပ်ပါဘူး။ ကိုယ့်ကို မပျော်စေတဲ့ ဘယ်အရာကိုမှဘ၀ထဲမှာ လက်ခံမထားတတ်ပါဘူး။

(၁၁) ပျင်းရိငြီးငွေ့မနေဘူး

pinterest

လုပ်စရာအလုပ်ရှိရင် အချိန်မဆွဲဘူး၊ ပျင်းရိငြီးငွေ့မနေဘူး၊ ပြီးအောင် လုပ်တယ်။ တစ်ခုခုကို အကြောင်းပြပြီး ဆင်ခြေပေးနေတာမျိုး၊ မပြီးမပြတ်တာမျိုးတွေ မရှိပါဘူး။

(၁၂) မလေးမစားလုပ်ခွင့်မပြုဘူး

သဘောကောင်းပြီး တခြားသူတွေအပေါ် တလေးတစားဆက်ဆံတတ်တာကြောင့် သူတို့ကို မလေးမစားလုပ်တာ၊ ကြောတာမျိုးကို လက်မခံတတ်ပါဘူး။ တဖက်သားအပေါ် မလေးမစားလုပ်တတ်တဲ့သူမျိုးတွေကိုလည်း ဝေးဝေးက ရှောင်ပါတယ်။

MAY THAZINHTOO

sponsored