သင့်ကို တစက်ကလေးတောင် ဆွဲဆောင်မှု မရှိသူ ဖြစ်သွားစေနိုင်တဲ့ အကြောင်းအရာ (၅) မျိုး

master1305/Freepik
Sponsored

လူတိုင်းမှာ ဆွဲဆောင်မှု ကိုယ်စီ ရှိနေတတ်ပါတယ်။ ဆွဲဆောင်မှုဆိုတာ လူတစ်ယောက်ရဲ့ အပြုအမူတွေ၊ ကိုယ်ရည်ကိုယ်သွေးတွေနဲ့လည်း သက်ဆိုင်နေတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်မှာ ရှိနေတဲ့ အရာတွေက ကိုယ့်ကို ပိုပြီး ဆွဲဆောင်မှု ရှိတဲ့သူ ဖြစ်သွားစေနိုင်သလို ကိုယ့်ကို တစက်ကလေးတောင် ဆွဲဆောင်မှု မရှိတဲ့သူ ဖြစ်သွားအောင်လည်း လုပ်နိုင်ပါတယ်။ အခုဖော်ပြသွားမယ့် အချက်တွေ ရှိနေရင်တော့ ဆွဲဆောင်မှုတွေ မရှိစေမယ့်အပြင် သင့်ကို စိတ်ဝင်စားမှုတွေ ကျဆင်းစေပြီး စိတ်ပျက်သွားစေတတ်ပါတယ်။

(၁) အတ္တကြီးလွန်းပြီး လိုချင်စိတ်များတယ်

Sponsored

လူတိုင်းမှာ အချိန်တစ်ခုဆိုတာမျိုးက လိုအပ်ပါတယ်။ အခြေအနေတစ်ခုကို နားလည်ဖို့ အချိန်လိုအပ်တာမျိုး၊ ခံစားချက်တွေ ဖြစ်လာဖို့ အချိန်လိုအပ်တာမျိုးတွေ ဖြစ်ပါတယ်။ ဒါပေမယ့် သင်က စောင့်ဆိုင်းတတ်တဲ့ အကျင့်မရှိဘဲ ချက်ချင်း အချစ်ခံချင်တာ၊ ချက်ချင်း နားလည်ပေးဖို့ မျှော်လင့်နေတာမျိုးတွေ လုပ်တတ်ပြီး အခုဆို အခုပဲ ဆိုတဲ့ သူမျိုး ဖြစ်နေရင်တော့ သင့်ကို တဖြည်းဖြည်း စိတ်ပျက်သွားကြမှာပါ။

katemangostar/Freepik

(၂) ယောင်္ကျားတစ်ယောက်ကို ဘဝလို ကိုးကွယ်တယ်

READ
ကိုယ့်ဆီကနေ ခံတွင်းနံ့ဆိုးနေလားဆိုတာကို အလွယ်တကူ စစ်ဆေးနိုင်တဲ့ နည်းလမ်းလေးတွေ

ဆွဲဆောင်မှု အပြည့်ရှိတဲ့ မိန်းကလေးတွေက ချစ်သူယောင်္ကျားဆိုတာ သူတို့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းလို့ပဲ သဘောထားတတ်ကြပါတယ်။ ချစ်သူယောင်္ကျားမရှိလည်း သူတို့က ဘဝကို အကောင်းဆုံး ရပ်တည်နိုင်ကြပါတယ်။ ဒါပေမယ့်လည်း ယောင်္ကျားတစ်ယောက် မရှိရင် ကိုယ်က ဘာမှ မဟုတ်တော့သလိုမျိုးဖြစ်ပြီး ကိုယ့်အတွက် ယောင်္ကျားတစ်ယောက် အနားမှာ ရှိစေချင်တာမျိုးက ဆွဲဆောင်မှုကို ဟိုးအောက်ဆုံးထိ ကျသွားစေတဲ့ အချက် ဖြစ်ပါတယ်။

Freepik.com

(၃) ခံစားချက်တွေကို ထုတ်မပြဘူး

ခံစားချက်တွေဆိုတာ လူတစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်တဲ့အရာလည်း ဖြစ်ပါတယ်။ ကိုယ့်ခံစားချက်တွေ ထုတ်မပြဘဲနဲ့ ဘယ်သူမှ ကိုယ်ဘာဖြစ်နေတယ်ဆိုတာကို သိမှာ မဟုတ်ဘူး။ ငါတို့က သိတဲ့သူတွေပဲ ငါမပြောလည်း သိရမှာပေါ့ဆိုတာမျိုးက စိတ်ကူးယဉ်ဆန်တဲ့အတွေး ဖြစ်ပါတယ်။ လူတိုင်းက တခြားသူတစ်ယောက်ရဲ့ စိတ်နဲ့ ခံစားချက်ကို ဖတ်နိုင်တဲ့ အစွမ်း ရှိနေတာမျိုး မဟုတ်လို့ ခံစားချက်ထုတ်မပြဘဲ အလိုလို သိစေချင်တဲ့ အကျင့်ရှိနေရင် သင်က ဆွဲဆောင်မှု နည်းနည်းတောင် မရှိတဲ့သူ ဖြစ်နေပါပြီနော်။

yanalya/Freepik

(၄) တွယ်ကပ်လွန်းပြီး စိတ်မလုံခြုံတဲ့သူ ဖြစ်တယ်

READ
အပြာမင်းသမီးဘ၀ကနေ ရုန်းထနိုင်ခဲ့တဲ့ Shu Qi ရဲ့ အကြောင်း

ကိုယ့်ကို ကော်လို ကပ်နေတာမျိုးကို သဘောမကျတဲ့သူတွေက အရမ်းကို များပါတယ်။ သူငယ်ချင်း ဖြစ်စေ၊ ချစ်သူရည်းစား ဖြစ်စေ၊ ကိုယ် ရှိမှ သူတို့ဘဝက ရပ်တည်နေနိုင်တဲ့အခြေအနေမျိုး ရှိနေရင် အမှီခိုခံရတဲ့သူတွေက တဖြည်းဖြည်း ပင်ပန်းလာတတ်ပါတယ်။ ဒီလိုမျိုး ကိုယ့်ကိုယ်ကို မယုံကြည်နိုင်ဘဲ စိတ်မလုံခြုံ ဖြစ်နေပြီး ဘေးကလူကို အရမ်း တွယ်ကပ်နေတတ်တဲ့ အကျင့် ရှိသူတွေကလည်း ဆွဲဆောင်မှု ကျဆင်းနေတတ်ပါတယ်။

yanalya/Freepik

(၅) တဆင့်ပြီး တဆင့် မဖြတ်သန်းဘူး

အရာရာတိုင်းမှာ သူ့အဆင့်နဲ့သူ ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးတာမျိုး၊ ချစ်မိတာမျိုးတွေက သူ့အဆင့်နဲ့ သူ ဖြတ်သန်းပြီးမှ ဖြစ်လာကြတာမျိုးပါ။ ဒါပေမယ့် သင်က ဘယ်အရာကိုမှ အဆင့်တွေ ဖြတ်ဖို့ စိတ်မရှည်ဘဲ တန်းပြီး ရင်းနှီးမှု လိုချင်တာမျိုး၊ ချစ်ကြရုံ အဆင့်မှာ လက်ထပ်ပြီး မိသားစု ထူထောင်ဖို့ စဉ်းစားနေတာမျိုးတွေက တဖက်လူတွေကို စိတ်အနှောက်အယှက် ဖြစ်သွားစေပြီး သင်က ဘယ်လိုလူလဲလို့ တွေးထင်သွားရလောက်တဲ့အထိကို စိတ်ပျက်သွားစေတတ်ပါသေးတယ်။

Kham

sponsored