မိခင်ရောကလေးကိုပါ ထိခိုက်စေနိုင်လို့ ကိုယ်ဝန်ဆောင်ချိန်မှာ လုံးဝမလုပ်သင့်တဲ့အရာ (၆)မျိုး

greyerbaby/pixabay
Sponsored

အမျိုးသမီးတွေရဲ့ ကိုယ်ဝန်ဆောင်ချိန်ဟာ အရာအားလုံးထက်အရေးကြီးတဲ့အချိန်၊ ကျန်းမာရေးကို အထူးဂရုစိုက်ဖို့လိုအပ်တဲ့အချိန်ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေနဲ့ ပတ်သက်လို့ အခုခေတ်အယူအဆတွေအပြင် အရင်ဖွားဖွားတို့၊ မေမေတို့ခေတ်က အယူအဆတွေကိုလည်း လိုက်နာသင့်တာလေးတွေဆို လိုက်နာရပါတယ်။ ဒီတော့ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်နဲ့ကလေးရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အမူအကျင့်လေးတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) အာဟာရပြည့်ဝအောင်မစားခြင်း

jillwellington/pixabay

ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ကြိုက်တာတွေပဲရွေးစားလို့မရပါဘူး။ ဗီတာမင်နဲ့သတ္တုဓာတ်တွေ ညီမျှအောင်၊ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို ရွေးစားဖို့လိုပါတယ်။ သရေစာတွေ၊ အကင်တွေနဲ့ လမ်းဘေးစာတွေကို ရှောင်သင့်တဲ့အချိန်ဖြစ်ပါတယ်။ ဝိတ်တက်မှာစိုးလို့ဆိုပြီး အစားရှောင်ရမယ့် အချိန်မဟုတ်ပါဘူး။

(၂) ကော်ဖီသောက်ခြင်း၊အရက်၊ဆေးလိပ်သောက်ခြင်း

Sponsored

ကဖင်းဓာတ်က သွေးခုန်နှုန်းမြန်စေတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ကော်ဖီ၊လက်ဖက်ရည်ကိုမသောက်တာအကောင်းဆုံးပါ။ အယ်လ်ကိုဟောနဲ့နီကိုတင်းကတော့ သန္ဓေသားအတွက် ထိခိုက်မှုတွေ အများကြီးဖြစ်စေလို့ လုံးဝမသောက်ဖို့ ဆရာဝန်တွေက တားမြစ်ထားပါတယ်။

(၃) သင့်တင့်တဲ့ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း

annaliseart/pixabay

ကိုယ်ဝန်ဆောင်တဲ့အချိန်က ထိခိုက်မခံဘူးဆိုပေမယ့် သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေလုပ်ဖို့၊ ကိုယ်ဝန်ဆောင်လေ့ကျင့်ခန်းတွေလုပ်ဖို့ လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းမလုပ်ဘဲနေမယ်ဆိုရင် မွေးဖွားရခက်ခဲတာ၊ ကလေးကြံ့ခိုင်မှုအားနည်းတာနဲ့ မိခင်အဖို့ ထိုင်းမှိုင်းလေးလံတာ၊ အစားအသောက်ပျက်တာတွေကို ပိုဖြစ်စေနိုင်ပါတယ်။

READ
ခြေစွယ်ငုပ်နေတာကို အန္တရာယ်ကင်းကင်းနဲ့ ပြန်ကောင်းအောင်လုပ်နိုင်မယ့်နည်းလမ်း (၄)မျိုး

(၄) ဆရာဝန်နဲ့ပုံမှန်မပြခြင်း

ကိုယ်ဝန်ရှိတာကို သိတာနဲ့ ဆရာဝန်နဲ့ ပုံမှန်ပြဖို့၊ ဗိုက်အပ်ထားဖို့လိုပါတယ်။ မအားလို့၊ အချိန်မရလို့ စတဲ့အကြောင်းအမျိုးမျိုးကြောင့် ဆရာဝန်နဲ့ မပြဖြစ်တာမျိုး၊ ဒါမှမဟုတ် ကျန်းမာရေးကောင်းနေတာပဲ မပြလည်း ဘာမှမဖြစ်ပါဘူးလို့တွေးပြီး ဆရာဝန်နဲ့မပြဘဲ နေလိုက်တာမျိုးတွေ လုံးဝမလုပ်ပါနဲ့။ ဆရာဝန်နဲ့ပုံမှန်ပြသစစ်ဆေးမှုတွေပြုလုပ်ပါ။

(၅) အနီရောင်အသားနဲ့ ပြုပြင်ထားတဲ့အသားများများစားခြင်း

pixabay/pexels photos

ကိုယ်ဝန်ဆောင်နေချိန်မှာ ပရိုတင်းဓာတ်လည်း လိုအပ်တာမို့ အသားစားပေးဖို့လည်း လိုပါတယ်။ ဒါပေမယ့် အနီရောင်အသားတွေနဲ့ ပြုပြင်ထားတဲ့ အသားတွေကို များများစားမယ်ဆိုရင် အဲ့ဒီအသားတွေမှာ ပါဝင်နေတဲ့ nitrates တွေခန္ဓာကိုယ်ထဲ ဝင်ရောက်လာပြီး မကောင်းတဲ့ ဘက်တီးရီးယားတွေ ရှင်သန်အောင် ကူညီပေးပါတယ်။ အဲ့ဒီအခါ ကူးစက်ရောဂါတွေဖြစ်ဖို့ ပိုလွယ်ကူစေပါတယ်။

(၆) နာကျင်မှုတွေကိုလစ်လျူရှုထားခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်လက်နာကျင်ကိုက်ခဲတာ၊ ခြေထောက်တွေလက်တွေရောင်တာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါတွေက ဖြစ်နေကျဆိုပေမယ့် ဘယ်လိုနာကျင်မှုမျိုးပဲဖြစ်ဖြစ် ဆရာဝန်ကိုပြောပြပါ။ ကိုယ့်သဘောနဲ့ကိုယ် သောက်ချင်တဲ့ဆေးသောက်၊ လိမ်းချင်တဲ့ဆေးလိမ်းပြီးမနေပါနဲ့။ ဒီလိုတွေလုပ်တာက အရမ်းကို အန္တရာယ်များလို့ပါ။

READ
အောက်တိုဘာလအတွက် ရာသီခွင်အလိုက် အလုပ်နဲ့ပတ်သက်ပြီးဆောင်ရန်၊ရှောင်ရန်များ

MAY THAZINHTOO

sponsored