ဘဝမှာ ပိုပျော်ရွှင်ရသူတစ်ယောက် ဖြစ်လာဖို့ ဒီအချက်လေးတွေ လုပ်ကြည့်လိုက်ပါ ….

shutterstock/Dmitri Mihhailov
Sponsored

လူတွေက ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေကို ကိုယ်တိုင် ကန့်သတ်ထားတတ်ကြပါတယ်။ ဥပမာ – ကိုယ့်ဖြစ်ချင်တာတွေကို ထုတ်ဖော် မပြတတ်တာမျိုး၊ ကိုယ်လုပ်ချင်တာတွေထက် ဖြစ်သင့်တာတွေပဲ တစ်ချိန်လုံး လိုက်လုပ်နေတာမျိုးပေါ့။ ဒါတွေက သင့်ရဲ့ဘဝမှာ ပျော်ရွှင်မှုတွေ တဖြည်းဖြည်း လျော့နည်းလာစေတဲ့ အချက်တွေပါ။ ဒီတော့ ဘဝမှာ ပိုပျော်ရွှင်ရသူတစ်ယောက်ဖြစ်လာဖို့ ဒီအချက်လေးတွေကို လုပ်ဆောင်ကြည့်ပါ။

အကောင်းမြင်စိတ်မွေးမယ်

shutterstock/ Veronika Zelenina

လူတစ်ယောက်မှာ အကောင်းမြင်စိတ်က အဓိက ကျပါတယ်။ အရာရာကို အငြင်းသဘောချည်း အဆိုးဘက်က တွေးနေမိတဲ့အခါ ကိုယ့်ဆီကို မကောင်းတဲ့ အရာတွေပဲ ရောက်လာတတ်ပါတယ်။ ဒီတော့ တွေ့ကြုံလာတဲ့ အရာတိုင်းကို အကောင်းမြင်စိတ်နဲ့ ကြည့်တတ်အောင် လုပ်ပါ။

တက်တက်ကြွကြွ နေမယ်

Sponsored

ဘယ်သူကမှ သင့်ကို အမြဲတမ်း တက်ကြွရွှင်လန်းစွာ မနေရဘူးလို့ တားမြစ်တာမျိုး မရှိသလို ကိုယ့်ဆီမှာ မကောင်းတာတွေကိုပဲ တွေးနေပြီး ငေးရင်းဆွေးရင်း မနေပါနဲ့။ နေ့ရက်တိုင်းကို တက်တက်ကြွကျြွနဲ့ ဖြတ်သန်းကြည့်ကြမယ်။ ဒါဟာလည်း ပျော်ရွှင်မှု တစ်မျိုးပါပဲ။

READ
ကွာရှင်းကိစ္စအကြောင်း အင်တာဗျူး မဖြေတော့ဘူးလို့ Goo Hye Sun ရဲ့ ရှေ့နေ

ကိုယ့်ကိုယ်ကို အနားပေးမယ်

shutterstock/ Anna Nahabed

လူရယ်လို့ဖြစ်လာရင် အလုပ်တွေကတော့ ဆက်လက်ပြီး လုပ်နေရအုံးမှာပဲ။ ဒါပေမယ့် တစ်ချိန်လုံး အလုပ်တွေနဲ့ချည်း ပိနေတာမျိုးက ကိုယ့်ကိုယ်ကို ပိတ်လှောင်ထားခြင်း တစ်မျိုးပါပဲ။ ဒီတော့ အလုပ်လုပ်တဲ့အချိန်လည်းလုပ်ပြီး နောက်ထပ် အလုပ်အတွက် အားမွေးမြူတဲ့အနေနဲ့ ကိုယ့်ကိုယ်ကို အနားပေးပါ။

ခရီးလေးတွေ ပုံမှန်ထွက်မယ်

လူတိုင်းကို ခရီးထွက်ကြည့်ပါလို့ တိုက်တွန်းချင်တယ်။ ခရီးထွက်တဲ့အခါ အမြင်တွေပိုကျယ်လာမယ်၊ ဗဟုသုတတွေ တိုးလာမယ်၊ အတွေးအခေါ်ကောင်းတွေ ရမယ်၊ ဘဝအတွေ့အကြုံသစ်တွေ သင်ယူနိုင်မယ်။ ဒီတော့ အားလပ်ရပ်ယူပြီး ခရီးလေးတွေ ပုံမှန်ထွက်ပါ ဒါဟာ ဘဝရဲ့ အဓိပ္ပါယ်ကို ရှာတွေ့နိုင်ပါတယ်။

မလိုအပ်ပဲ ငွေသုံးတာ လျော့မယ်

shutterstock/ shisu_ka

ပျော်ရွှင်မှုဆိုတာကို ငွေနဲ့ဝယ်လို့မရပေမယ့် ဘဝဆက်လက်ရှင်သန်ဖို့ ငွေဆိုတာ လိုအပ်ပါတယ်။ ဒီတော့ ကိုယ်ရှာထားတဲ့ ပိုက်ဆံလေးတွေကို မလိုအပ်တဲ့ နေရာတွေမှာ သုံးတာ နည်းနည်းလျော့ကြမယ်။

READ
မြင်သူတိုင်းကို အသဲယားစေခဲ့တဲ့ ဖွေးဖွေးရဲ့ ချစ်စရာပုံရိပ်လေးများ

သဘာဝနဲ့ ထိတွေ့ကြည့်မယ်

သဘာဝတရားကြီးက အရမ်းကို ဆန်းကြယ်ပြီး  စိတ်ဝင်စားစရာ ကောင်းပါတယ်။ အလုပ်အားတဲ့ အချိန်လေးမှာ သဘာဝတရားကြီးနဲ့ ထိတွေ့ကြည့်ပါ။ စိတ်ကြည်လင်လန်းဆန်းပြီး ပျော်ရွှင်မှုကို သင်ခံစားရပါလိမ့်မယ်။

ခွင့်လွှတ်တတ်ခြင်းကို သင်ယူမယ်

shutterstock/ zeljkodan

တစ်ယောက်ယောက်အပေါ် အငြိုးတွေထားပြီး မုန်းတီးနေတာက တကယ်တမ်းမှာ ကိုယ့်ကိုယ်ကို အရမ်းပင်ပန်း ပူလောင်ရပါတယ်။ ဒီတော့ ခွင့်လွှတ်တတ်ခြင်းကို သင်ယူကြည့်ကြမယ်။ လူတွေကို တတ်နိုင်သလောက် ခွင့်လွှတ်ခြင်းနဲ့ အနိုင်ယူကြည့်ကြမယ်။ ဒီအချက်လေးတွေ သင့်ကို ပိုပျော်ရွှင်တဲ့ သူတစ်ယောက် ဖြစ်လာစေမှာ ဖြစ်ပါတယ်။

Khin

sponsored